spot_img
Friday, October 11, 2024
More
    spot_img
    Homeသတင်းတိုင်းရင်းစာပေသင်ကြားရေး သင်ရိုးညွှန်းတမ်းတွင် ပါဝင်ခြင်းမရှိသေး

    တိုင်းရင်းစာပေသင်ကြားရေး သင်ရိုးညွှန်းတမ်းတွင် ပါဝင်ခြင်းမရှိသေး

    -

    ၂၀၁၆-၂၀၁ရ ပညာသင်နှစ်အတွက် အစိုးရကျောင်းများတွင် ပြ

    မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၆) (MNA)
    မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၆) (MNA)
    ဌာန်းထားသည့် သင်ရိုးညွှန်းတမ်းအရ တိုင်းရင်းသားစာပေပါဝင်ခြင်း မရှိသည့်အတွက် ကျောင်းချိန် ပြင်ပ၌သာ သင်ကြားရမည်ဟု သိရသည်။

    မွန်ပြည်နယ်အစိုးရ လူမှုရေး ဝန်ကြီး ဒေါက်တာ ထိန်လင်းက “ တိုင်းရင်းသား စာပေအနေနဲ့ လက်ရှိ သင်ရိုးညွှန်းတမ်းတွင် ပါဝင်မှု မရှိခြင်း၊ ကျောင်း၏ ဖွံ့ဖြိုးရေး အချိန်မှာ တစ်ပတ်တွင် တစ်ကြိမ်သာ ရှိတဲ့အတွက် တိုင်းရင်းသားစာပေကို ကျောင်း၏ ဖွံ့ဖြိုးရေး အချိန်မှာ သင်ကြားပါက တစ်ပတ်တွင် တစ်ကြိမ်သာ သင်ကြားနိုင်မယ့် သဘော သက်ရောက်နေပါတယ်” ဟု ပြောသည်။

    မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၆) တွင် တိုင်းရင်းသား အရေးဆိုင်ရာကော်မတီ ဥက္ကဌ ဦးထွန်းမင်းအောင်၏ “ တိုင်းရင်းသားစာပေ သင်ကြားရေးကိစ္စရပ်များ ထိရောက်အောင်မြင်ရေး အတွက် ဆောင်ရွက်ပေးရန် တိုက်တွင်းကြောင်း အဆို” နှင့် ပတ်သက်ပြီး လူမှုရေး ဝန်ကြီး ဒေါက်တာ ထိန်လင်းက ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

    တိုင်းရင်းသားစာပေ သင်ကြားသည့် ဝန်ထမ်း ဆရာ/ ဆရာမများအနေဖြင့် စာသင်ချိန်အတွင်း သင်ကြားမည်ဆိုပါက လက်ရှိ လစာအပြင် အပိုထောက်ပံ့ကြေးကိုလည်း ကျောင်းစာသင်ချိန်အတွင်း ရရှိသည့်သဘော သက်ရောက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကား သင်ကြားမှုအတွက် ကျောင်းချိန်နှင့် တစ်ဆက်တည်းဆက်လက်သင်ကြားလိုသူများ အဆင်ပြေစွာ သင်ယူနိုင်ရန် ညှိနှုိင်းသင်ကြားကြခြင်း ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    မွန်ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးမျိုးတင့်အောင် က “ ဒီနှစ်အတွက်လည်းပဲ သင်ရိုးအတွက် ဆရာတို့ အခုလက်ရှိ အနေအထားအရ ဆိုရင် အချိန်သတ်မှတ်ထားပေးတယ်၊ မူလတန်းဆိုရင် စာသင်ချိန် ဘယ်နှစ်ကြိမ် ဆိုတာ တိတိကျကျ သတ်မှတ်ထားပြီးသားဆိုတော့ တိုင်းရင်းသားစာပေကိုတော့ ဆရာတို့ ကျောင်းချိန်အတွင်းမှာ သင်ကြားသွားဖို့ မဖြစ်နိုင်ဘူး၊ ကျောင်းချိန် ပြင်ပ မှာပဲ သင်ခွင့်ရမှာပေါ့နော်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    တိုင်းရင်းသားစာပေ သင်ကြားပေးနေသည့် ဆရာ/ ဆရာမများ၏ ဘတ်ဂျက်ငွေ မရှိသေးကြောင်း၊ လက်ရှိတွင် ဆရာ/ ဆရာမ ဦးရေ၊ ကျောင်းသား/ ကျောင်းသူဦးရေ စာရင်း ကောက်ခံနေပြီ ဖြစ်ကြောင်း၊ ထောက်ပံ့ငွေကိုလည်း မည်မျှလိုအပ်သည်ကို အတိအကျ မပြောနိုင်သေးကြောင်း ၄င်းက ဆက်ပြောသည်။

    ပြီးခဲ့သည့် ပညာသင်နှစ်တွင် တိုင်းရင်းသာစာပေ သင်ကြားနေကြသည့် ဆရာ/ ဆရာမများ၏ ထောက်ပံ့ကြေးတစ်လလျင် ၃ သောင်းကျပ်သာ ရရှိခဲ့ကြောင်း၊ ၂၀၁၆-၂၀၁ရ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ဘတ်ဂျက် ပိုမိုရရှိပါက တိုး၍ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ ထောက်ပံ့ကြေးကိုလည်း လစဉ် ပုံမှန် ပေးနိုင်ရေးအတွက် ပြည်ထောင်စု ပညာရေးဝန်ကြီး နှင့် ညှိနှုိင်း တင်ပြထားပြီ ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးက ပြောသည်။

    ဦးထွန်းမင်းအောင် က “ ကျနော်တို့ မွန်၊ ကရင်၊ ပအိုဝ်း တွေ့တဲ့ ဆရာ/ ဆရာမ တိုင်းအားလုံးက ညနေ ကျောင်းလွှတ်မှ သင်ရင် ကလေးတွေ စုစည်းရတာ အဆင်မပြေဘူး ပြောတဲ့အတွက် ကျောင်းချိန်အတွင်းဖြစ်တဲ့ ဖွံ့ဖြိုးရေး အချိန်မှာ တိုင်းရင်းသားစာပေ သင်ကြားဖို့ တောင်းဆိုရခြင်း ဖြစ်တယ်” ဟု ပြောသည်။

    မွန်ပြည်နယ်တွင် တိုင်းရင်းသားစာပေကို ၂၀၁၃ ခုနှစ်ကတည်းက မွန်၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသား စာပေ သင်ကြားလျှက်ရှိနေပြီး သင်ကြားသည့် ဆရာ/ ဆရာမ များအနေဖြင့် လစဉ်ထောက်ပံ့ကြေးကို ပုံမှန်မရရှိဘဲ စာသင်နှစ်ကုန်ဆုံးမှသာ ရရှိခဲ့ကြောင်း သိရသည်။

    ပြီးခဲ့သည့် ပညာသင်နှစ်တွင် မွန်ပြည်နယ်အတွင်း အစိုးရစာသင်ကျောင်း ၂၅၈ ကျောင်း၊ အစိုးရ ဝန်ထမ်း ဆရာ/ ဆရာမ ၂၀၆ ဦး၊ ပြင်ပ မွန်ဆရာမ ၂၈၁ ဦး နှင့် ကျောင်းသား/ ကျောင်းသူပေါင်း ၃ သောင်းနီးပါးခန့် တိုင်းရင်းသားစာပေ သင်ကြားခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    28,400SubscribersSubscribe
    spot_img

    Latest posts