spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်အရပ်ဖက်လူမှုအဖွဲ့အစည်းများ မွန်ဒေသဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့ချုပ်GMDC ဖွဲ့စည်းလိုက်ပြီ

    မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းများ မွန်ဒေသဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့ချုပ်GMDC ဖွဲ့စည်းလိုက်ပြီ

    -

    မွန်ပြည်နယ်နှင့် မုတ္တမပင်လယ်ကွေ့တလှျောက် ဒေသခံတိုင်းရင်းသားများ၏ လူမျိုးစုအခွင့်အရေးများရရှိရန်နှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ဆောင်သွားရန် အရေးတကြီးလိုအပ်သည်ဟု ယုံကြည်သည့် အတွက် မွန်ပြည်နယ်အခြေစိုက် လူမှုအခြေပြုအဖွဲ့အစည်း (၁၀) ဖွဲ့ ပူးပေါင်းကာ မေလ ၃၀ ရက်က မွန်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့ချုပ် The Gulf of

    GMDC ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေငြာချက်(Copy)
    GMDC ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေငြာချက်(Copy)
    Mataban Development Consortium-GMDC ဖွဲ့စည်း လိုက်သည်ဟု ထုတ်ပြန်ကြေငြာလိုက်သည်။

    မွန်ဒေသဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ နိုင်ဂေါင်လွီ က “လူမှုဖွံ့ဖြိုးရေးတွေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ ကွဲပြားနေတယ်။ အခုလို ဖွဲ့စည်းလိုက်ရင် အင်အားတခုဖြစ်သွားပေါ့။ ကျနော်တို့က ဒီ ၁၀ ဖွဲ့ကိုပဲမဟုတ်ဘူး နောက်တခြားအဖွဲ့တွေကိုလည်း ဆက်လက် လက်ခံသွားဖို့ ရှိတယ်” ဟု ဆိုသည်။

    အဖွဲ့ချုပ်၏ ရည်မှန်းချက်ပန်းတိုင်မှာ လူမှုအခြေပြုအဖွဲ့အစည်းများ၏ စုစည်းမှုအင်အားဖြင့် မွန်ဒေသအတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် တရားမှျတမှု အပြည့်အဝရှိသော ငြိမ်းချမ်းသာယာသည့် လူ့ဘောင်တရပ် တည်ဆောက်ရေးအတွက် ဝန်ဆောင်မှု ပေးသွားရန်ဟု ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားသည်။

    မွန်ဒေသရှိလူငယ်များသည် အရည်အသွေးပိုင်းတွင် နိမ့်ကျနေသောကြောင့် အရည်အသွေးမြှင့်တင်ရေး လုပ်ငန်းများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်လည်း ပျက်စီးမှုများပြားလာသောကြောင့် အဆိုပါသဘာဝပတ်ဝန်းကျင်းထိန်းသိမ်းမှုတွင် လုပ်ဆောင်ရန်ရှိကြောင်း နိုင်ဂေါင်လွီက ဆက်လက်ရှင်းပြသည်။

    နိုင်ဂေါင်လွီ က “ကျနော်တို့အဖွဲ့ချုပ်ဟာ လူမျိုးကိုအခြေခံပြီး ဖွဲ့စည်းထားတာမဟုတ်ဘူး။ မုတ္တမပင်လယ်ကွေ့ဒေ သကို အခြေခံခြင်းဖြစ်ပါတယ်။ အခုတော့ မွန်လူမျိုးတွေ ဦးဆောင်ပြီးလုပ်နေတာပေါ့နော်။ နောက်ဆိုရင် ဒီဒေသမှာရှိတဲ့ ဘယ်မျိုးနွယ်စုမဆို လက်တွဲပြီးလုပ်ဆောင်သွားမယ်” ဟု ပြောသည်။

    အဖွဲ့ချုပ်တွင် ဘုတ်အဖွဲ့ဝင် ၅ ဦးနှင့် ဖွဲ့စည်းထားပြီး တရားမှျတမှုလုပ်ငန်း၊ ရေရှည်တည်တ့ံသည့် ဖွံ့ဖြိုးတိုး တက်သည့်လုပ်ငန်း၊ ငြိမ်းချမ်းသည့် လူမှုအဖွဲ့စည်း တရပ်တည်ဆောက်ခြင်း လုပ်ငန်းများကို လုပ်ဆောင် သွားမည်ဟု ဆိုသည်။

    မွန်ဒေသဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့ချုပ်တွင် နိုင်ရွှေကျင်ဖောင်ဒေးရှင်း၊ မွန်အမျိုးသမီးများအဖွဲ့ MWO၊ မွန်လူငယ်ပညာ ပေးအဖွဲ့ MYEO၊ စေတနာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း CETANA၊ မွန်ဒေသလူမှုဖွံ့ဖြိုးရေး မိဿဟာရ MSDN၊ မွန်ပြည်နယ် တောင်သူလယ်သမား၊ စိုက်ပျိုးရေး၊ စားသောက်ကုန်ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂ AFUM၊ တက္ကသိုလ်မွန်ကျောင်း သူ/သားများကူညီးရေးအဖွဲ့ MUSWA၊ စံပြလူမှုဖွံ့ဖြိုးရေးအဖွဲ့ JCSDO၊ မွန်ဒေသရပ်ရွာ ဖွံ့ဖြိုးရေးအဖွဲ့ MACDO နှင့် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းအဖွဲ့ HURFOM တို့ ပါဝင်ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks