spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမော်လမြိုင် ကမ်းနားလမ်းတိုးချဲ့စီမံကိန်းကိစ္စ ပြည်နယ်လွှတ်တော်စိစစ်နေဆဲ

    မော်လမြိုင် ကမ်းနားလမ်းတိုးချဲ့စီမံကိန်းကိစ္စ ပြည်နယ်လွှတ်တော်စိစစ်နေဆဲ

    -

    အသစ်ဖောက်လုပ်ထားသော လမ်းအရှည်ပေ ၄၆၅၀ ပေနှင့် အကျယ် ၅၆ ပေရှိသည့် မော်လမြိုင်မြို့ ကမ်းနား လမ်း တိုးချဲ့စီမံကိန်းကိစ္စကို ပြန်လည်စိစစ်နိုင်ရန် ဧပြီလ ၂၉ ရက်နေ့က မွန်ပြည်နယ်လွှတ်တော်မှ ပြန်လည် စိစစ်ရေးကော်မတီတစ်ရပ်ဖွဲ့စည်းလိုက်ပြီး ယခုအချိန်တွင် လေ့လာစိစစ်နေဆဲဖြစ်ကြောင်း သိရသည်။

    ၂၀၁၆ မေလ ရ ရက်နေ့တွင် မော်လမြိုင်ကမ်းနားလမ်း ရေလွှမ်းခဲ့စဉ်(Facebook)
    ၂၀၁၆ မေလ ရ ရက်နေ့တွင် မော်လမြိုင်ကမ်းနားလမ်း ရေလွှမ်းခဲ့စဉ်(Facebook)

    မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်သော အဆိုပါ ကမ်း နားလမ်းတိုးချဲ့စီမံကိန်း ပြန်လည်စိစစ်ရေးကော်မတီအနေဖြင့် မေလ (၁၇) ရက်တွင် ပြည်နယ်စည်ပင်သာယာ ရေးကော်မတီအဖွဲ့နှင့်လည်းကောင်း၊ မေလ (၂၄) ရက်တွင် စုန်ရေဆောက်လုပ်ရေးကုမ္မဏီပိုင်ရှင် ဦးမိုးကျော် နှင့် လည်းကောင်း တွေ့ဆုံထားပြီဖြစ်သည်။

    ပြန်လည်စိစစ်ရေးကော်မတီအဖွဲ့ခေါင်းဆောင် လွှတ်တော်ဒု ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက “အခုကျွန်တော် တို့တစ်ပိုင်းချင်းစီကို လေ့လာဆန်းစစ်နေတယ် အဲ့ဒီအပေါ် ကျွန်တော့်ကော်မတီဥက္ကဋ္ဌတစ်ယောက်အနေနဲ့ လောလောဆယ်ဆယ်တော့ ဘာမှမပြောနိုင်သေးဘူး” ဟု ဆိုသည်။

    တိုးချဲ့ကမ်းနားလမ်းဖောက်လုပ်ရာတွင် ကုမ္ပဏီစရိတ်ဖြင့် ကျပ်သိန်းပေါင်း (၆၃၅၄၇) နှင့် စည်ပင်ထံသို့လည်း ရန်ပုံငွေကျပ်သိန်းပေါင်း (၂၅၀၀၀) နှင့်အတူ မြေ (၁.၅) ဧကကိုလည်း ထည့်ဝင်ပေးသွားမည်ဟု ပထမအကြိမ် ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ဖြင့် စုန်ရေကုမ္မဏီက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

    တိုးချဲ့ကမ်းနားလမ်းစီမံကိန်းစတင်ဖော်ဆောင်ခဲ့စဉ်က ချုပ်ဆိုထားသည့် စာချုပ်အရ ကျပ်ငွေ (၁၀) ရာခိုင်နှုန်းကို လုပ်ငန်းအစပိုင်း၌ စုန်ရေကုမ္မဏီက ပေးသွင်းခဲ့ပြီးဖြစ်ကာ ကျန်သည့် (၉၀)ရာခိုင်နှုန်းကို လုပ်ငန်းပြီးမြောက် အချိန်၌ ပေးသွင်းရမည်ဖြစ်ကြောင်း မွန်ပြည်နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးဖေစံက ပြောသည်။

    (၂၀၁၅) ခုနှစ် မတ်လ (၂၇) ရက်နေ့က ဖွင့်ပွဲအခမ်းအနားလုပ်ခဲ့ပြီးသော်လည်း လုပ်ငန်း၏ နောက်ဆုံးသုံးသပ်ချက်အစီရင်ခံစာ (final Report) ယခုချိန်အထိ မထွက်နိုင်သေးသည့် အခြေအနေရိှနေသည်ဟု ၄င်းက ဆက်ပြောသည်။

    သို့ရာတွင် စုန်ရေကုမ္မဏီအနေဖြင့် လုပ်ငန်းအစပိုင်း၌ သဘောတူထားခဲ့သော စာချုပ်ပါအချက်အလက်အရ ကျပ်ငွေ (၁၀) ရာခိုင်နှုန်း၊ ငွေအားဖြင့် ကျပ်သိန်း (၂၅၀) ကို ပေးသွင်းခဲ့ပြီးဖြစ်ကာ ဂရန်မြေရရှိရန် ကျန်ငွေများပေးသွင်းရန်သာ ရှိကြောင်း စုန်ရေကုမ္မဏီပိုင်ရှင် ဦးမိုးကျော်က ပြောသည်။

    သို့သော် ၂၀၁၆ ခုနှစ် မတ်လအတွင်း လုပ်ငန်းပြီးစီးသွားသည့်အခါ မူလသဘောတူညီချက်အတိုင်းမဟုတ်ဘဲ စည်ပင်သို့ ပေးသွင်းရန် ငွေကျပ်သိန်းပေါင်း (၂၅၀၀၀) အစား ကျပ်သိန်းပေါင်း (၁၅၀၀၀) ကိုလည်းကောင်း၊ မြေဧရိယာ ဧက (၁.၅) အစား (၀.၇၅) ဧကကိုလည်းကောင်း စုန်ရေကုမ္မဏီက ပေးသွင်းခဲ့ခြင်းအပေါ် ယင်းကဲ့သို့ ပြန်လည်စိစစ်ရန်ရှိလာသည်ဟု မွန်ပြည်နယ်လွှတ်တော်မှ သိရသည်။

    အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ မေလ (၉) ရက်နေ့မှ ဇွန်လ (၉) ရက်နေ့အထိ တစ်လတာကာလအတွင်း ပြန် လည်စိစစ်သွားမည်ဖြစ်ရာ ထွက်ပေါ်လာသည့် အချက်အလက်များကို အစီအရင်ခံစာရေးပြီး ရှေ့ဆက်မည် ကဲ့သို့ လုပ်ဆောင်သွားရမည်ကို လွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်း လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ပြောဆိုထားသည်။

    ပြီးခဲ့သည့် မေလ (၇/၈) ရက်နေ့များတွင် အဆိုပါ ကမ်းနားလမ်းအဆင့် (၆) စီမံကိန်းလမ်းဧရိယာပေါ်သို့ သံလွင်မြစ်ရေဒီရေများ လွှမ်းခဲ့သည့်အနေအထားကြောင့် လမ်းပျက်စီးနိုင်သည့်အပြင် လာမည့်မိုးရာသီတွင် ရေပိုကြီးနိုင်ပြီး ရေဘေးအန္တရာယ်ကြုံတွေ့လာနိုင်သည့် အခြေနေရှိလာမည်ဟု သုံးသပ်ပြောဆိုမှုများ ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts