Monday, March 16, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားပါတီ ဌာနချုပ်(ခွဲ)ရန်ကုန်တွင် ဖွင့်လှစ်မည်

    မွန်အမျိုးသားပါတီ ဌာနချုပ်(ခွဲ)ရန်ကုန်တွင် ဖွင့်လှစ်မည်

    -

    မွန်အမျိုးသားရေးနှင့် နိုင်ငံရေးကို တိုးမြှင့်စွမ်းဆောင်နိုင်ရန် ရည်ရွယ်၍ မွန်အမျိုးသားပါတီ ဌာနချုပ်(ခွဲ)ကို ရန် ကုန်မြို့တွင် မကြာမီဖွင့်လှစ်မည်ကြောင်း မွန်အမျိုးသားပါတီမှ သိရသည်။

    1959486_266378933538074_1690698543_n

    ပါတီအထွေထွေအတွင်းရေးမှူး နိုင်လယီတမက “ဌာနချုပ်ခွဲဆိုတာကို ကျွန်တော်တို့ရဲ့ဖွဲ့စည်းပုံမှာ ရှိတဲ့အတိုင်း ရန်ကုန်မှာ ဖွင့်ဖို့ရှိတယ်။ အဲဒီဌာနချုပ်ခွဲမှာ ရန် ကုန်မှာရှိတဲ့ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုကော်မတီဝင်တွေက ဦးစီးပြီး တာဝန်ယူသွားမယ်။ ဗဟိုကနေပြီး ရန် ကုန်အထိ စီမံဖို့က အခက်အခဲရှိတယ်။ ဌာနချုပ်ခွဲဖွင့်ပြီးရင် ပါတီဆုံးဖြတ်ချက်တွေကို ဗဟိုဌာနချုပ်ကိုယ်စား ညွန်ကြားတဲ့အတိုင်း အဲဒီမှာအကောင်အထည်ဖော်မယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ဗဟိုအလုပ်အမှုဆောင်ကော်မတီကိုယ်စား ပါတီ၏တာဝန်အရပ်ရပ်ကို ထမ်းဆောင်နိုင်ရန်အတွက် ဗဟိုဌာနချုပ် ခွဲကို ရန်ကုန်မြို့နှင့် အခြားလိုအပ်သည့်နေရာတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်အရ ထားရှိ သွားမည်ဟု ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ဖော်ပြထာသည်။

    မွန်အမျိုးသားပါတီ နိုင်ငံတကာဆက်ဆံရေးမှူး မိနွယ်နွယ်လင်းက “ရန်ကုန်မှာ ပါတီဝင်အင်အားနည်းတယ်။ မြို့နယ်တိုင်း မှာရှိတဲ့ မွန်ရဲ့အရေး၊ မွန်ရဲ့အကြောင်းအရာကို စိတ်ဝင်စားတဲ့လူတိုင်း၊ အားလုံးကို ဖိတ်ခေါ်ပြီးတော့ မွန်အဖွဲ့ (မွန် အမျိုးသားပါတီ) ဖွဲ့ နိုင်ဖို့ပေါ့။ အဓိကကတော့ မွန်အမျိုးသားပါတီရဲ့ ဗဟိုခွဲ ဖွဲ့ဖို့” ဟု ပြောသည်။

    မွန်အမျိုးသားပါတီ ဌာနချုပ်ခွဲ ဖွင့်လှစ်နိုင်ရန်နှင့် မြို့နယ်အသီးသီးတို့၏ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့အစည်း များ ဖွဲ့စည်းရေးကော်မတီတရပ် ဖွဲ့စည်းနိုင်ရန် ရန်ကုန်မြို့တွင် နေထိုင်သော မွန်အမျိုးသားပါတီဝင်များ၊ မွန်အမျိုး သားရေးနှင့် နိုင်ငံရေး စိတ်ပါဝင်စားသူများအား (၂၉-၅-၂၀၁၆) ရက်နေ့တွင် ဆွေးနွေးပွဲတစ်ခု ကျင်းပမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    လက်ရှိအနေအထား၌ ရန်ကုန်တွင် ပါတီဥက္ကဋ္ဌ နိုင်ငွေသိမ်း၊ ဗဟိုအလုပ်အမှုဆောင် (၃) ဦး၊ ဗဟိုကော်မတီဝင် (၃) ဦးနှင့် ပါတီဝင် အချို့သာရှိနေကြောင်း သိရသည်။

    မွန်အမျိုးသားပါတီ MNP သည် ၁၉၈၈ ခုနှစ်တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ပါတီဖျက်သိမ်းခံရသည်။ ၂၀၁၂ ခုနှစ်တွင် မွန်ဒီမိုကရေစီပါတီ MDP အမည်ဖြင့်မှတ်ပုံတင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မွန်အမျိုးသားပါတီဟု အမည်ပြောင်းလဲခဲ့ရာ လက်ရှိပါတီဝင်အင်အား ၇ သောင်းကျော်၊ ဗဟိုအလုပ်အမှုဆောင် ၃၁ ဦး ဗဟိုကော်မတီဝင် (၉၁) ဦးဖြင့် ဖွဲ့စည်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks