Tuesday, March 10, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် (ဘွဲ့ရ)နေ့စားလပေးမူလတန်းပြ မေလ ၂၃ ရက်တွင် လူတွေ့နှုတ်ဖြေစစ်ဆေးမည်

    မွန်ပြည်နယ် (ဘွဲ့ရ)နေ့စားလပေးမူလတန်းပြ မေလ ၂၃ ရက်တွင် လူတွေ့နှုတ်ဖြေစစ်ဆေးမည်

    -

    မွန်ပြည်နယ် (ဘွဲ့ရ) နေ့စားလပေး မူလတန်းပြရာထူး ရေးဖြေအောင်မြင်သူများကို လာမည့် မေလ ၂၃ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ အမှတ် (၅) အထက အထက်တန်းကျောင်း၌ လူတွေ့နှုတ်ဖြေ စစ်ဆေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

    မွန်ပြည်နယ် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးမျိုးတင့်အောင် က “ဝန်ထမ်း ၁၉၁ ရွေးချယ်ဖို့အတွက် အယောက် ၃၀၀ နီးပါးလောက် နှုတ်ဖြေခေါ်မယ်ပေါ့” ဟု ပြောသည်။

    မော်လမြုုိင်ခရိုင်(ဘွဲ့ရ)နေ့စားလပေးမူလတန်းပြအောင်စာရင်း(မော်လမြိုင် Facebook)
    မော်လမြုုိင်ခရိုင်(ဘွဲ့ရ)နေ့စားလပေးမူလတန်းပြအောင်စာရင်း(မော်လမြိုင် Facebook)
    မွန်ပြည်နယ်အတွင်း မြို့များနှင့်ဝေးလံသီခေါင်သည့် ပဲခူးတိုင်း ရွှေကျင် အစပ်၊ ဖာပွန် အစပ်၊ ကြာအင်းဆိပ်ကြီးအစပ် စသည့်နေရာများတွင် သွားရောက်တာဝန်ထမ်းဆောင်နိုင်မည့် သူများကို ရွေးချယ် ခန့်အပ်ပေးသွားမည် ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့်နှစ်ပြည့်အောင် တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း၊ ဒေသမရွေး သွားနိုင်မည့် သူများကိုသာ ရွေးချယ်သွားမည် ဖြစ်ကြောင်းနှင့် ဆရာ ဖြစ်ထိုက်မထိုက်၊ ခန့်သင့်မသင့်ကိုလည်း လူတွေ့နှုတ်ဖြေနေ့တွင် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    လူတွေ့နှုတ်ဖြေ လာရောက် ဖြေဆိုသူများသည် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုသန်းခေါင်စာရင်း၊ ဘွဲ့လက်မှတ်၊ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် တို့ကို ယူဆောင်လာရမည် ဖြစ်သည်။

    “လူတွေ့ အင်တာဗျုုးကျတော့ ဘာမေးမလဲဆိုတာ မသိဘူး၊ သူများတွေပြောတာ ကြားတာကတော့ ပုံမှန်မေးနေကျ မဟုတ်ဘူးတဲ့၊ အခုလောလောဆယ်ကျတော့ ဘာမှမလေ့လာရသေးဘူး၊ မေးလာတဲ့အပေါ်မှာပဲ ဖြေသွားရမှာပေါ့” ဟု နေ့စားလပေး ရေးဖြေအောင်မြင်သူ မိမူမူလွင် ကပြောသည်။

    အဆိုပါ လူတွေ့နှုတ်ဖြေကို မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ခရိုင်ရုံး၊ ပြည်နယ်ရုံးအသီးသီးရှိ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်မှူးများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

    မွန်ပြည်နယ်တွင် (ဘွဲ့ရ) နေ့စားလပေး မူလတန်းပြဆရာ ရာထူးအတွက် ၁၉၁ နေရာအတွက် ဝင်ရောက်ဖြေဆိုသူဦးရေ ၂၉၆၈ ဦးရှိကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

    အထက်ပါ နေ့စား မူလတန်းပြ လှျောက်ထားသူများသည် Ph.D ဘွဲ့၊ မဟာဘွဲ့၊ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်သည်။

    အခြေခံဆရာ၊ ဆရာမ လိုအပ်ချက် မြင့်မားလာမှုကို ကာမိစေရန် ပညာရေး ဝန်ကြီးဌာနက ၂၀၁၆-၁ရ ပညာသင်နှစ်အတွင်း ဆရာတစ်သိန်းကျော် ခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။

    ၂ဝ၂ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ မူလတန်း ပညာရေး အောင်မြင်စွာ သင်ကြားနိုင်ရန် မြန်မာနိုင်ငံအနေဖြင့် မူလတန်းပြ စုစုပေါင်း ၁ဝ ဒသမ ၉ သန်းခေါ်ယူရန် လိုအပ်မည်ဟု ယူနက်စကိုက ခန့်မှန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks