spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်စာပေနှင့်ယဉ်ကျေးမှု (မွန်ပြည်နယ်) တရားဝင် မှတ်ပုံတင်မည်

    မွန်စာပေနှင့်ယဉ်ကျေးမှု (မွန်ပြည်နယ်) တရားဝင် မှတ်ပုံတင်မည်

    -

    မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ဗဟို) ဦးဆောင်ပြီး ‘မွန်စာပေ နှင့် ယဉ်ကျေးမှု ( မွန်ပြည်နယ်)’ အမည်ဖြင့် မေလပထမပတ်တွင် သက်ဆိုင်ရာအစိုးရဌာနသို့ တရားဝင် မှတ်ပုံတင်မည်ဖြစ်ကြောင်း သိရသည်။

    ယင်းကော်မတီအနေဖြင့် မွန်ပြည်နယ်အတွင်း အရေးပေါ် ကိစ္စတစ်ခုခု ပေါ်ပေါက်ပါက အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ပြည်နယ်အဆင့် တရားဝင်မှတ်ပုံတင်ရသည်ဟု မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဦးဆောင်သူတစ်ဦးက ဆိုသည်။

    မွန်စာပေ နှင့် ယဉ်ကျေးမှုကော်မတီ(ဗဟို) တွဲဖက်အတွင်းရေးမှူး နိုင်ဗညားဂုဏ် က “အခု ကျနော်တို့ မှတ်ပုံတင် ဖို့ပြင်ဆင်နေဆဲပါ၊ ဒီကြားထဲမှာ တင်သွားဖို့ရှိတယ်၊ လိုအပ်တဲ့ ထောက်ခံစာတွေ၊ မြို့နယ်တွေမှာ လုပ်နေတုန်းပဲ” ဟုပြောသည်။

    ပြီးခဲ့သည့် အစိုးရဟောင်း လက်ထက်တွင် မွန်စာပေ နှင့် ယဉ်ကျေးမှုကော်မတီ(ဗဟို) အနေဖြင့် တရားဝင် မှတ်ပုံတင် ၂ ကြိမ် တင်ထားသော်လည်း အဖွဲ့ဝင်ဦးရေ အကန့်အသတ်ရှိခြင်း နှင့် ‘ဗဟို’ စာလုံးပါနေသည့်အတွက် ပြန်လည်ပြင်ဆင်ရကြောင်း မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ(ဗဟို) အထွေထွေအတွင်းရေးမှူး နိုင်မွန်ရာဇာက ပြောသည်။

     မွန်စာ/ယဉ် ဗဟို အစည်းအဝေးပြုလုပ်နေစဉ် (MNA)
    မွန်စာ/ယဉ် ဗဟို အစည်းအဝေးပြုလုပ်နေစဉ် (MNA)

    နိုင်မွန်ရာဇာက “ ‘ဗဟို’ စာလုံးပါနေရင် အခက်အခဲဖြစ်မှာ စိုးရိမ်တဲ့အတွက် ပြည်နယ်ကိုပဲ နာမည်ခံတယ်၊ မှတ်ပုံတင်ကျလာရင် ဗဟို အဆင့်နဲ့ပဲ အလုပ်လုပ်သွားမယ်” ဟု ဆိုသည်။

    မွန်စာပေ နှင့် ယဉ်ကျေးမှု ကော်မတီ(ဗဟို) ကို ၂၀၁၀ မတိုင်ခင်က စတင်ဖွဲ့စည်းခဲ့ပြီး မွန်ပြည်နယ် ၁၀ မြို့နယ် အပါအဝင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ် ဖာအံမြို့နယ်၊ ကော့ကရိတ် မြို့နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ ရေဖြုမြို့နယ်စသည့် မြို့ နယ် ၁၈ မြို့နယ် မွန်စာပေယဉ်ကျေးမှုကော်မတီများအား ကိုယ်စားပြုသည်ဟု သိရသည်။

    မွန်စာပေ နှင့် ယဉ်ကျေးမှု ( မွန်ပြည်နယ်) အဆင့်တွင် ဥက္ကဌ ဒေါက်တာ မင်းကြည်ဝင်း၊ ဒေါက်တာ မင်းစိုးလင်း- ဒုဥက္ကဌ(၁)၊ နိုင်ငွေချမ်း- ဒုဥက္ကဌ(၂) ၊ နိုင်မွန်ရာဇာ- အထွေထွေအတွင်းရေးမှူး၊ နိုင်ဗညားဂုဏ်- တွဲ ဖက်တွင်းရေးမှူး (၁)၊ နိုင်စံလှိုင်- တွဲဖက်တွင်းရေးမှူး (၂)၊ နိုင်ထောလွန်- တွဲဖက်တွင်းရေးမှူး (၃) ၊ မိမိုးမိုးအေး- တွဲဖက်အတွင်းရေးမှူး (၄)၊ နိုင်သိုက်ဆီ- ဘဏ္ဍာရေးမှူး၊ နိုင်သီဟ- ဒု ဘဏ္ဍာရေးမှူး၊ နိုင်ဝဏ္ဏမာန်- ပြန်ကြားရေးမှူး အပါဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် မှတ်ပုံတင်သွားမည် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks