Sunday, April 12, 2026
More
    spot_img
    Homeသတင်း၂၁ ရာစုပင်လုံအကောင်ထည်ဖော်ဆောင်ရန် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး ကြေညာရန်လိုအပ်ဟု နိုင်ဟံသာပြော

    ၂၁ ရာစုပင်လုံအကောင်ထည်ဖော်ဆောင်ရန် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး ကြေညာရန်လိုအပ်ဟု နိုင်ဟံသာပြော

    -

    ၂၁ ပင်လုံညီလာခံ လာမည့်တစ်လနှစ်လအတွင်း အကောင်အထည်ဖော်ဆောင်နိုင်ရန် အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အမြန်ဆုံးကြေညာရန်လိုအပ်ကြောင်း ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC ဒုက္ကဌ နိုင်ဟံသာက မွန်သတင်းအေဂျင်စီသို့ ပြောကြားလိုက်သည်။

    နိုင်ဟံသာက “ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့အတိုင်း အမြန်ဆုံးအကောင်အထည်ဖော်လိုရင် အစိုးရကနေ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးကြေညာဖို့လိုတယ်၊ ဒါပေမယ့် တပ်မတော် လက်ခံမှဖြစ်မယ်” ဟု ပြောသည်။

    (ဝဲမှယာ)UNFC ဥက္ကဌနှင့် ဒုဥက္ကဌ နိုင်ဟံသာ(UNFC)
    (ဝဲမှယာ)UNFC ဥက္ကဌနှင့် ဒုဥက္ကဌ နိုင်ဟံသာ(UNFC)

    ဗိုလ်ချုပ်နေဝင်း တော်လှန်ရေးကောင်စီအစိုးရသည် ၁၉၆၂ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးတစ်နှစ်ခန့်အကြာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကြေညာ၍ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့သည်ကို သူကထောက်ပြသည်။

    သူက “၂၁ ပင်လုံညီလာခံကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်အပိုင်း၊ နိုင်ငံရေးပါတီတွေအပိုင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး အဓိကပါဝင်ဆွေးနွေး အဖြေရှာစေချင်တယ်၊ NCA လက်မှတ်ထိုးပြီးတဲ့အဖွဲ့ရော မထိုးရသေးတဲ့အဖွဲ့တွေပါ တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့မကျန် အားလုံးအတူတကွ ပါဝင်ဖို့လိုတယ်” ဟု ဆက်ပြောသည်။

    တောင်တန်းဒေသတိုင်းရင်းသားများနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ချုပ်ဆိုခဲ့သော ၁၉၄ရ ခုနှစ်ပင်လုံစာချုပ်နှင့် ၂၁ ရာစုပင်လုံစာချုပ် တစ်တပ်တည်းတူညီမည်မဟုတ်သော်လည်း အဓိကဦးတည်ချက်သည် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို အကောင်အထည်ဖော််ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း နိုင်ဟံသာက ဆက်ပြောသည်။

    သို့ရာတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ဥက္ကဌ ဦးခွန်ထွန်းဦးက “ ၂၁ ပင်လုံကို ဒေါ်အောင်ဆန်းစုကြည် တစ်လနှစ်လအတွင်း လုပ်မယ်ဆိုတော့ ဘယ်နည်း ဘယ်ပုံစံမျိုးနဲ့လုပ်မယ်ဆိုတာကတော့ ကျွန်တော်တို့ မသိရဘူး၊ ဘယ်သူတွေနဲ့ ဝန်းရံပြီးတော့လုပ်မလဲ ဘယ်သူတွေ ပါဝင်မလဲဆိုတာလည်း ကျွန်တော်တို့မသိရဘူး၊ အဲဒါလည်း ပြဿနာ တစ်ခုပေါ့၊ အကြီးဆုံး ပြဿနာကတော့ ကျွန်တော်အထင်ပြောရရင် တပ်မတော်နဲ့ ကျေကျေနပ်နပ် ဖြစ်မှရမယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ပင်လုံစာချုပ်အရ စစ်မှန်သောဖက်ရယ် ပြည်ထောင်စု၊ ပင်လုံစိတ်ဓါတ် ၊ ပင်လုံမူရှိခဲ့သော်လည်း အကောင်အထည်မဖော်နိုင်ခဲ့ကြောင်း၊ အကောင်အထည်ဖော်ရန်ကြိုးပမ်းစဉ်တွင် ခွဲထွက်ရေးကိုအခြေခံသော တောင်ကြီးမူတစ်ရပ် ထွက်ပေါ်လာကြောင်း၊ အဆိုပါ ခွဲထွက်ရေးကို အကြောင်းပြုပြီး ၁၉၆၂ ခုနှစ်တွင် ဦးနေဝင်း အာဏာသိမ်းခြင်း ဖြစ်ကြောင်း ဦးခွန်ထွန်းဦးက သုံးသပ်သည်။

    ဧပြီလ ၂ရ ရက်နေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U)အဖွဲ့ဝင်များနှင့် ဆွေးနွေးပွဲတွင် ၂၁ ရာစုပင်လုံညီလာခံကို တစ်လနှစ်လအတွင်း ကျင်းပလိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks