spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းသုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်ထိန်းသိမ်းရေး ဖောင်ဒေးရှင်းဖွဲ့စည်းမည်

    သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်ထိန်းသိမ်းရေး ဖောင်ဒေးရှင်းဖွဲ့စည်းမည်

    -

    သမိုင်းဝင် သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော် ထိန်းသိမ်းရေးလုပ်ငန်းများ ရှေ့ဆက်အကောင်အထည်ဖော်ရာတွင် ပြည်သူလူထုများ၊ သမိုင်းသုတေသနပညာရှင်များ ပါဝင်လာနိုင်ရေးအတွက် မကြာမီတွင် ဖောင်ဒေး ရှင်းတစ်ခု ဖွဲ့စည်းမည်ဟု (မွန်ပြည်နယ် ယဉ်ကျေးမှုဝန်ကြီးဌာန တာဝန်ခံဟောင်း) ဒေါက်တာမင်းနွယ်စိုး က မွန် သတင်းအေဂျင်စီသို့ ပြောသည်။

    သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်ရေးလုပ်ငန်းသည် ဥပဒေကြောင်းအရ ပြည်ထောင်စုအစိုးရက ခွင့်ပြုချက်မပေး လျှင် လုပ်လို့ မရကြောင်း၊ တူးဖော်ခွင့်ရခဲ့လျှင်လည်း ရန်ပုံငွေ၊ ပညာရှင်အပိုင်းနှင့်ပတ်သက်ပြီး အခက်အခဲရှိ လာမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    ဒေါက်တာမင်းနွယ်စိုးက “အဲဒီရန်ပုံငွေ၊ ပညာရှင် နှစ်ခုစလုံးရနိုင်အောင်က ဖောင်ဒေးရှင်းပုံစံနဲ့သွားမှ အဆင် ပြေမယ်၊ ပြီးတော့ ဒီဖောင်းဒေးရှင်မှာက ပညာရှင်တွေနဲ့ပဲ ဖွဲ့မှာမဟုတ်ဘူး၊ အောက်ခြေလူမှုရေး အပိုင်းသက် သက်နဲ့လည်း ဖွဲ့မှာမဟုတ်ဘူး၊ ဖော်ထုတ်ရေးရယ်၊ ထိန်းသိမ်းရေးရယ်၊ ရေရှည်ထိန်းသိမ်းဖို့က ပြည်သူလူ ထုတွေက ပါမှဖြစ်မယ်” ဟု ပြောသည်။

    သက္ကထူပဆံတော်ရှင် ဘီးလင်းမြို့နယ်(Minn Thaik)
    သက္ကထူပဆံတော်ရှင် ဘီးလင်းမြို့နယ်(Minn Thaik)

    လက်ရှိမြန်မာနိုင်ငံတွင် ရှေးဟောင်းအမွေးအနှစ်အဖြစ် သတ်မှတ်ခံထားရသည့် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန် လင်းမြို့ဟောင်းများတို့တွင် အချို့နေရာ၌ တူးဖော်ထားသည့် ကုန်းအရေအတွက် ရာဂဏန်းကနေ အနည်းဆုံး ၅၀ ကျော်ရှိပြီး သုဝဏ္ဏဘူမိမြို့ဟောင်းတူးဖော်မှုက ဆယ်ဂဏန်းကျော်ကျော်လောက်ပဲရရှိထားတာကြောင့် အချိန်ယူရဦးမည်ဟုလည်း ဆိုသည်။

    “ပထမဦးဆုံး ၄ နှစ်ကို ၆ ကုန်းတူးတယ်။ အခုကျွန်တော်တို့ ပြန်စတာ ၂ နှစ်အတောတွင်းမှာ ၈ ကုန်းတူးလိုက် ပြီ၊ နောက် ၂-၃ နှစ်ကျွန်တော်တို့ပြန်တူးလိုက်လို့ဆိုရင် ၁ နှစ်ကို ၅ ကုန်းနှုန်းနဲ့ထား၊ အခု ၁၄/ ၁၅ ဆိုတော့ ကုန်း ၃၀ ပေါ့၊ အဲဒါတောင်မှ ရုပ်လုံးမပေါ်သေးဘူး” သမိုင်းသုတေသန ဦးစံဝင်းက ပြောကြားသည်။

    သုဝဏ္ဏဘူမိမြို့ဟောင်းကို ၁၉၇၅၊ ၇၆၊ ၇၇၊ ၇၈ ခုနှစ်များတွင် ၄ ကြိမ်တူးဖော်ခဲ့ပြီး ၂၀၁၀ အစိုးရတက်လာသည့် နောက်ပိုင်း ပြည်ထောင်စုယဉ်ကျေးမှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ရန်ပုံငွေဖြင့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ကျပ် သိန်း ၃၀ဝ နှင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်း ၈၀ဝ တို့ဖြင့် ၂ ကြိမ်တိတိ တူးဖော်ခဲ့ကြောင်း သိရ သည်။

    ထို့အပြင် ဇေကမ္ဘာဦးခင်ရွေမှ ထည့်ဝင်လှုဒါန်းငွေ ကျပ်သိန်း ၃၀ဝ ကိုလည်း လက်ခံရရှိခဲ့ပြီး ယင်းငွေများကို တူး ထိန်းသိမ်းမှုအပိုင်းနှင့် သထုံမြို့ရိုးဟောင်းနေရာ အကာအရံပြုလုပ်ရာတွင် အသုံးပြုခဲ့သည်ဟု ဒေါက်တာမင်း နွယ်စိုးက ပြောသည်။
    နောက်ဆုံးတူးဖေါ်ခဲ့သောနေရာများတွင် လူအများနေထိုင်ခဲ့ဟန်တူသော အဆောက်အအုံကို တွေ့ရပြီး မီဖိုးခန်း ဟု ယူဆရသော အဆောင်တစ်ခုအတွင်း ပန်းကန်ခွက်စသော အိမ်သုံးပစ္စည်းများ ပြည့်နှက်နေသည်ကို တွေ့ရှိ ထားသည်ဟု ဆိုသည်။
    ဦးစံဝင်းက “တကယ့်သုဝဏ္ဏဘူမိက နေရာ ၉ နေရာရှိတယ်ဗျ၊ ၉ နေရာထဲမှာ အနည်းဆုံး ၄ နေရာတော့ တူး ဖို့လိုတယ်။ (သိုက်ကလား၊ အရက်သည်မ-ဝင်က၊ သထုံမြို့ကြီး၊ ဆိပ်ကုန်း-မရမ်းကုန်း၊ ဇုတ်သုတ်) အဲဒီ နေရာ ၄ နေရာတွေ တူးဖို့ဆိုတာ အနည်းဆုံး ၁၀/၁၅ နှစ်လောက် ကြာလိမ့်မယ်၊ အဲဒီတော့ မှ ဒါကသုဝဏ္ဏဘူမိပဲ ဆို တာကို ခင်ဗျာတို့ ရဲရဲဝံ့ဝံ့ပြောတော့”ဟု ဆက်ပြောသည်။
    အခု၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေများ ရေးဆွဲရာတွင် သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်မှုလုပ်ငန်း ပြုလုပ်ရန်အတွက် ရန်ပုံငွေ နှစ်ဆထည့်သွင်းရေးဆွဲထားသည်ဟု သိရသည်။

    ဘီစီ (၅၀ဝ) ခန့် ဂေါတမမြတ်စွာဘုရား ပွင့်တော်မမူခင်ကပင် သုဒ္ဓမာနဝ (သုဓမ္မနဝ) အမည်ရှိသော လုလင် သည် ရွှေထွက်သောချောင်းအနီးတဝိုက်တွင် မြို့တည်ထားသောကြောင့် သုဝဏ္ဏဘူမိအမည် တွင်သည် ဟု မွန်သုဝဏ္ဏဘူမိသမိုင်းများက ဖော်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks