spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းABSDF ခွဲထွက် လက်နက်ကိုင်လေးဦး ရေးမြို့တွင် လက်နက်များအပ်နှံ

    ABSDF ခွဲထွက် လက်နက်ကိုင်လေးဦး ရေးမြို့တွင် လက်နက်များအပ်နှံ

    -

    မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး နယ်မြေစပ်ကြား မလွဲတောင်ပေါ်နှင့် ရေးမြို့နယ်တောင် ပိုင်းဒေသအတွင်း လှုပ်ရှားနေသော ABSDF ကျောင်းသားတပ်မတော်ခွဲထွက် (၄) ဦးတို့သည် ရေးမြို့အခြေစိုက် တပ်မတော်ထံ လက်နက်များ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

    ဧပြီလ (၂၈) ရက်နေ့ နံနက် (၁၀) နာရီအချိန်ခန့်တွင် ရေးမြို့အခြေစိုက် အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှု ဋ္ဌာနချုပ်ထံသို့ လက်နက်များ လာရောက်အပ်နှံခဲ့ကြောင်း တပ်မတော်နှင့်နီးစပ်သည့် အသိုင်းအဝိုင်းက ဆို သည်။

    မလွှဲတောင်ပေါ်ရှိ လက်နက်ကိုင်စခန်းတစ်နေရာ(Facebook)
    မလွှဲတောင်ပေါ်ရှိ လက်နက်ကိုင်စခန်းတစ်နေရာ(Facebook)

    “ဒီအဖွဲ့က ရှိနေတာက ကြာပြီ၊ သူတို့နေထိုင်လှုပ်ရှားပုံက ရှုပ်နေတယ်။ သူတို့က ကျောင်းသားတပ်မတော်က လာပေမဲ့ မွန်ပြည်သစ်က အနားယူထားတဲ့သူတွေနဲ့လည်း ပေါင်းတယ်။ ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း နောက်ပိုင်းမှာ သန်လျင်တောရနဲ့ပေါင်း၊ ပြီတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုပြီး အဲဒီနေရာမှာ နေထိုင်နေတယ်” ဟု ရေးမြို့နေ ကိုစိုးသိန်းက ပြောသည်။

    ၎င်းလက်နက်ကိုင်အဖွဲ့သည် အင်အားမည်မျှရှိသည်ကို မသိရှိရသော်လည်း မော်တော်ကားများဖြင့် သွားလာလှုပ်ရှားကာ စီးပွားရေးလုပ်ကိုင်သောအဖွဲ့သာဖြစ်ကြောင်း ဒေသခံတို့က ဆိုပါသည်။

    အဆိုပါ ABSDF ခွဲထွက် ဦးသန်းစိုး (ဗိုလ်မှူး) ဦးဆောင်သော လက်နက်များ လာရောက်အပ်နှံသည့် လက်နက်ကိုင်အဖွဲ့ကို မည်သို့ဆက်လက်ဆောင်ရွက်ထားကြောင်းနှင့် ပြန်လည်နေရာချထားရေးအစီစဉ်တို့ကို သီးခြားအတည်ပြုချက် မသိရသေးပေ။

    အဆိုပါ လာရောက်အပ်နှံခဲ့သည့် လက်နက်များတွင် ပစ္စတို (၁) လက်၊ ဂစ် (စ) ဖြင့်ပစ်ရသောပစ္စတို (၁) လက်၊ ခြောက်လုံးပြုးသေနတ် (၁) လက်၊ လက်ပစ်ဗုံး (၄) လုံးနှင့်အတူ ခဲယမ်းများ ပါဝင်သည်ဟု တပ်မတော်နှင့်နီးစပ်သည့်အရင်းမြစ်တစ်ခုက ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks