spot_img
Tuesday, January 20, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်ခရိုင်အတွင်း နယ်လှည့်ပြီးယာဉ်မောင်းလိုင်စင်သက်တမ်းတိုးပေးမည်

    မော်လမြိုင်ခရိုင်အတွင်း နယ်လှည့်ပြီးယာဉ်မောင်းလိုင်စင်သက်တမ်းတိုးပေးမည်

    -

    မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်အတွင်းရှိ မြို့နယ်များ၌ လာမည့် ဇူလိုင်လတွင် နယ်လှည့်ကွင်းဆင်းပြီး ယာဉ်မောင်းလိုင် စင်သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူးဦးစီးဋ္ဌာန ပြည်နယ်ဦးစီးမှူးရုံး (မော်လမြိုင်) ထံမှ သိရသည်။

    (၂၀၁၆) ခုနှစ် ပထမ ၆ လပတ်တွင် မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ချောင်းဆုံ၊ မုဒုံမြို့နယ်များ၌ ပြုလုပ်ပေးခဲ့ပြီး လာမည့် ဒုတိယ ၆ လပတ်တွင် ဇူလိုင်လ-သံဖြူဇရပ်၊ စက်တင်ဘာလ-မုဒုံ၊ အောက်တိုဘာလ-ရေး၊ နိုဝင်ဘာလ-သံဖြူဇရပ်၊ ဒီဇင်ဘာလ-ချောင်းဆုံမြို့နယ်များတွင် လိုင်စင်သက်တမ်းတိုးရန် စီစဉ်ထားကြောင်း မွန်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှူးဦးစီးဋ္ဌာန(မော်လမြိုင်) ဦးစီးမှူး ဒေါ်ချိုချိုမာဦးက ပြောသည်။

    ဒေါ်ချိုချိုမာဦးက “ယာဉ်မောင်းလိုင်စင် သက်တမ်းကုန်တာခြင်းမတူနိုင်ဘူးလေ၊ ပြီးတော့ သက်တမ်းတိုးဖို့က (၃) လကြိုလုပ်ထားလို့ရတယ်၊ ဒါကြောင့် တစ်နှစ်မှာ (၂) ကြိမ်လောက် နယ်ဆင်းပြီး လုပ်ပေးရတာပေါ့” ဟု ပြောသည်။

    ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးရာတွင် ယာဉ်အမျိုးစားအလိုက် မူတည်ပြီး မှတ်ပုံတင်ခနှင့် ယာဉ်စစ်ဆေးခနှုန်းထားများ ကွဲပြားသွားသည်ဟု ကုန်းလမ်းပို့ ဆောင်ညွှန်ကြားရေးမှူးဦးစီးဋ္ဌာနရုံးမှ သိရသည်။

    ယာဉ်မောင်းလိုင်စင်-သတ်မှတ်ချက်(Copy)
    ယာဉ်မောင်းလိုင်စင်-သတ်မှတ်ချက်(Copy)

    ဆိုင်ကယ်/လျှပ်စစ်သုံးဘီးဆိုင်ကယ်-၂ နှစ် (၅၀ဝ၀) ကျပ်၊ လျှပ်စစ် မော်တော်ဆိုင်ကယ် ၄ နှစ်စာ (၅၀ဝ၀) ကျပ်၊ ယာဉ်ငယ် (ကိုယ်ပိုင်) တစ်နှစ်စာ ၁၅၀ဝ၀ ကျပ်၊ ယာဉ်ငယ် (အငှား) တစ်နှစ်စာ (၂၅၀ဝ၀) ကျပ်သော်လည်းကောင်း၊ ယာဉ်ကြီး (ကိုယ်ပိုင်) တစ်နှစ်စာအတွက် (၃၀ဝ၀ဝ) ကျပ်နှင့် ယာဉ်ကြီး (အငှား) တစ်နှစ်စာ မှတ်ပုံတင်ခ(၄၀ဝ၀ဝ)ကျပ် မှတ်ပုံတင်ခ အသီးသီးကျခံရမည်ဟု သိရသည်။

    ရေးမြို့သား ဦးမျိုးအောင်က “မွန်ပြည်နယ်တစ်ခုလုံးမှာ ယာဉ်မောင်းလိုင်စင်လုပ်တဲ့ရုံးက တစ်ခုထဲ ရှိတဲ့အတွက် မော်လမြိုင်မြို့နဲ့ဝေးတဲ့မြို့ရွာနေသူတွေဆိုရင် အခက်အခဲရှိတယ်။ မြို့နယ်တွေ မှာလိုက်လုပ် ပေးတာကလဲ (၂/၃) ရက်ထဲဆိုတော့ လုပ်မမှီတာနဲ့ မသိလိုက်ရတာနဲ့ ကျနော်တို့မြို့နယ်က ပြည်သူတွေ ယာဉ်မောင်းလိုင်စင်ရဖို့အတွက် အခက်အခဲ ရှိနေတယ်” ဟု ဆိုသည်။

    မွန်ပြည်နယ် မော်လမြိုင်မြို့တွင်(၂၀၁၆) ခုနှစ်အထိ ယာဉ်မောင်းလိုင်စင် မှတ်ပုံတင်ထားသူ ၂၁၄၁၆၂ ဦးရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူးဦးစီးဋ္ဌာန ပြည်နယ်ဦးစီးမှူးရုံး-ကညန စာရင်းအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts