spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်လွှတ်တော်သို့ မြေယာ၊ စီမံကိန်းနှင့်ပတ်သက်သည့် တိုင်ကြားစာအများဆုံးရောက်ရှိ

    မွန်ပြည်နယ်လွှတ်တော်သို့ မြေယာ၊ စီမံကိန်းနှင့်ပတ်သက်သည့် တိုင်ကြားစာအများဆုံးရောက်ရှိ

    -

    မွန်ပြည်နယ်လွှတ်တော်ဒုတိယသက်တမ်း၌ ပြည်သူများမှ တိုင်ကြားစာများပေးပို့ရာတွင် မြေယာအငြင်းပွားမှုနှင့် စီမံကိန်းများနှင့်ပတ်သက်သည့် တိုင်ကြားစာများ အများဆုံးရောက်ရှိနေကြောင်း တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ကျော်သူက ပြောသည်။

    အဆိုပါ တိုင်ကြားထားသည့်စီမံကိန်းများအား ကော်မတီအဖွဲ့၀င်များက ကွင်းဆင်းစစ်ဆေးလှျက်ရှိပြီး တွေ့ရှိချက်များကို ပြည်နယ်လွှတ်တော်မှတစ်ဆင့် ပြည်နယ်အစိုးရထံသို့ ပေးပို့သွားမည်ဟု ဆိုသည်။

    ဦးအောင်ကျော်က “ဒီနေ့အထိဆိုရင်တိုင်စာက ၂၅ စောင်လောက်ရှိပြီ၊ အများပြည်သူနဲ့သက်ဆိုင်တဲ့ကိစ္စတွေ သဘာ၀အရင်းအမြစ်တွေကို စနစ်တကျစီမံခန့်ခွဲမူကိစ္စတွေကို ဦးစားပေးဆောင်ရွက်သွားမယ်။ ကိုယ်ရေးကိုယ်တာကိစ္စတွေ၊ ရဲအရေးပိုင်ကိစ္စတွေ၊ တရားမ အမှုကိစ္စမျိူးတွေကို သက်ဆိုင်ရာတွေကိုပဲ လွှဲပေးလိုက်မယ်” ဟု ပြောသည်။

    မွန်ပြည်နယ်လွှတ်တော်(MNA)
    မွန်ပြည်နယ်လွှတ်တော်(MNA)

    ထို့အပြင် စီမံကိန်းများဆောင်ရွက်ရာတွင် ပြည်သူများကိုအသိပေးခြင်းမရှိဘဲ ဆောင်ရွက်နေမှုများကြောင့် ယင်းပြဿနာများဖြစ်ပေါ်ရသည်ဟု ၎င်းကဆက်ပြောသည်။

    တိုင်ကြားစာများပေးပို့ထားခြင်းခံရသည့် ကျိုက်မရောမြို့နယ်ရှိ ဘိလပ်မြေစက်ရုံနှင့် ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာရှိ ကျောက်ခွဲမိုင်းလုပ်ငန်းများကို လေ့လာကာ အဓိကထားဆောင်ရွက်ရန် လိုအပ်နေသည်ဟု ဆိုသည်။

    တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီမှ ကော်မတီ၀င် ဦးဇော်ဇော်ထူးက “ကျွန်တော်တို့မူဝါဒတွေ ချမှတ်ထားတာရှိတယ်။ ဘယ်လိုတိုင်ရမယ်၊ ဘယ်လိုကိစ္စတွေကိုတိုင်ကြားလို့ရမယ်၊ ပြီးတော့ဘယ်လိုကိစ္စတွေကို အရေးယူဆောင်ရွက်ပေးမယ် ဒါတွေပေါ့။ တိုင်ကြားထားခြင်းခံရတဲ့ လုပ်ငန်းတွေဆိုရင်လည်း ကော်မတီအနေနဲ့ ကွင်းဆင်းပြီးလေ့လာစစ်ဆေးပါတယ်” ဟု ပြောသည်။

    လုပ်ငန်းရှင်များမှ ပွင့်လင်းမြင်သာမူမရှိခြင်း၊တာ၀န်ယူမူ တာ၀န်ခံမူများမရှိခြင်းကြောင့် ယခု ပြဿနာများဖြစ်ပေါ်စေခဲ့သည်ဟု ဆိုသည်။

    မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအား ကော်မတီ၀င် ၁၁ ဦးဖြင့်ဖွဲ့စည်းထားပြီး အပတ်စဉ်ကော်မတီအစည်းဝေးများ ကျင်းပနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks