spot_img
Wednesday, February 11, 2026
More
    spot_img

    -

    caption-မော်လမြိုင်ဘိလပ်မြေစက်ရုံ(MNA)

    MCL ကျောက်မီးသွေးသုံးမည့်ကိစ္စရပ်တန့်ပေးရေး အစိုးရသစ်ထံ ဒေသခံများတောင်းဆို

    မွန်ထော

    မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL ကျောက်မီးသွေးဖြင့် လည်ပတ်မည့်ကိစ္စကို ရပ်တန့်ပေးရေး နိုင်ငံတော်သမ္မတနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ စက်ရုံပတ်ဝန်းကျင်ရှိကျေးရွာ (၇) ရွာမှ ကန့်ကွက်လက်မှတ်ပေါင်း (၃၇၈၀) ရေးထိုး တောင်းဆိုခဲ့သည်ဟု ဒေသခံများမှ သိရသည်။

    ကတုံစိရွာ၊ ကော့ဒွန်/ကော့ပနော့ရွာ၊ ကွမ်ငန်းရွာ၊ နှီးတုံရွာ၊ မယ်ကရိုရွာ၊ ပေါက်တော ရွာနှင့် မဲကတန်ရွာမှ ဒေသခံများက ဧပြီလ (၂၅) ရက်နေ့တွင် အဆိုပါလက်မှတ်များရေးထိုးထားခြင်း ဖြစ်သည်။

    ဒေသခံ မိနီနီအောင်က “ကျမတို့က ဝန်ကြီးချုပ်ကိုယုံတယ်။ ကျမတို့တောင်းဆိုတဲ့အရာနဲ့ ဝန်ကြီးချုပ်က ကူညီလိမ့်မယ်၊ ဆောင်ရွက်ပေးမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်လည်း ဒီစာကိုတင်ရတာပါ” ဟု ဆိုသည်။

    မော်လမြိုင်ဘိလပ်မြေစက်ရုံ (MCL) ကုမ္ပဏီနှင့် ထိုင်းနိုင်ငံ (SCG) ကုမ္ပဏီတို့၏ ဘိလပ်မြေစက်ရုံ တည်ဆောက်ခွင့်နှင့်ပတ်သက်၍ စက်ရုံမြေနေရာ ဝယ်ယူစဉ်ခဲ့စဉ်က ဒေသခံပြည်သူတို့အား စက်ရုံ လည်ပတ်ရာတွင် အသုံးပြုမည့် ဓါတ်အားစနစ်ကို အသိပေးခဲ့ခြင်း မရှိသည့်အပြင် ၎င်းစက်ရုံမှ ထွက်ရှိ သည့် ဘေးထွက်ဆိုးကျိုး ကိစ္စရပ်တို့အား စက်ရုံအနီးရှိ ပြည်သူတို့ မည်မှျသက်ရောက်နိုင်သည်ကိုလည်း ပွင့်လင်း မြင်သာစွာ ရှင်းလင်းမှု မရှိခဲ့ဟု ဝန်ကြီးချုပ်ထံ တောင်းဆိုစာတွင် ထည့်သွင်းဖော်ပြထားသည်။

    “အခုတလော စက်ရုံကို ညပိုင်းတွေမှာ သူတို့စမ်းသပ်လည်ပတ်နေတယ်။ ညတိုင်းလည်တာတော့မဟုတ် သေးဘူး။ ကျနော်တို့က ဒီကျောက်မီးသွေးနဲ့လည်ပတ်မှာကို ရပ်တန့်စေခြင်တာပါ။ ကျန်တဲ့ ကုမ္ပဏီ လုပ်ငန်း အပိုင်းကတော့ ကျနော်တို့ ဘာမှ ပြောစရာမရှိပါဘူး” ဟု စက်ရုံအတွင်း အလုပ်လုပ် နေသူ တဦးဖြစ်သည့် ကတုံစိရွာသား နိုင်မစ်က ဆိုသည်။

    အဆိုပါ မော်လမြိုင် ဘိလပ်မြေစက်ရုံသည် တနေ့လှျင် ဘိလပ်မြေတန် (၅၀၀၀) ထုတ်လုပ်ရန် တစ်နှစ်စာလိုအပ်သည့် ဂေါဒန်ကျောက် တန် (၁၀၀,၀၀၀) နှင့် ကျောက်မီးသွေး တန်ချိန် (၄၇၆,၀၀၀) ကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် မွန်ပြည်နယ်အစိုးရက သဘောင်္များဖြင့် စတင်သယ်ဆောင်ခွင့်ပြုခဲ့သည်။

    MCL ဘိလပ်မြေစက်ရုံအတွက် လှျပ်စစ်သုံးစွဲရန် လိုအပ်သည့် လှျပ်စစ်ပမာန (၄၉) မဂ္ဂါဝပ် ကို ကျောက်မီးသွေးနှင့် ဇီဝစွန့်ပစ်ပစ္စည်းများမှ (၄၀) မဂ္ဂါဝပ် လည်းကောင်း၊ စက်ရုံမှ စွန့်ပစ်သော လေပူ Waste Heat Generator (WHG) မှတဆင့် (၉) မဂ္ဂါဝပ်ကိုလည်းကောင်း ထုတ်ယူသွားမည်ဟု ကုမ္ပဏီမှ ထုတ်ပြန်ချက် အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks