spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်သင်္ကြန်ကာလအတွင်း အမှု (၆) ခု ဖြစ်ပွား (၁) ဦးသေဆုံး

    မွန်ပြည်နယ်သင်္ကြန်ကာလအတွင်း အမှု (၆) ခု ဖြစ်ပွား (၁) ဦးသေဆုံး

    -

    မွန်ပြည်နယ် သင်္ကြန်ကာလ (၅) ရက်အတွင်း ရေကစားစဉ် အမှု (၆) ခု ဖြစ်ပွားပြီး (၁) ဦးသေဆုံး၍ ထိခိုက် ဒဏ်ရာရသူ (၁၀) ဦးရှိခဲ့သည်ဟု ပြည်နယ် ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။

    IMG_9851

    အဆိုပါ အမှု (၆) ခုတွင် ယာဉ်တိုက်မှု (၄) ခု၊ ခိုက်ရန်ဖြစ်ပွားမှု (၁) ခုနှင့် သေမှုသေခင်း (၁) ခုဖြစ်သည်ဟု ဆိုသည်။

    ပြည်နယ်ရဲမှုး ဝင်းအောင် က “ကျွန်တော်တို့က သင်္ကြန်အတွင်း မှုခင်းကို (၂) မျိုးခွဲထားတယ်။ နနံက် (၆) နာရီကနေ ညနေ (၆) နာရီထိကို သင်္ကြန်မှုခင်းလို့ သတ်မှတ်တယ်။ အဲသည်နောက်ပိုင်းကိုတော့ ကြိုတင်ကာကွယ်မှုလို့ သတ်မှတ်ထားတယ်” ဟု ပြောသည်။

    မော်လမြိုင် မဟာသင်္ကြန်ကာလအတွင်း “သူတစ်ပါးအား ဒဏ်ရာအနာတရဖြစ်စေပြီး၊ အန္တရာယ်ဖြစ်စေမည့် ကြမ်းတမ်းသည့် ရေကစားမှုများ၊ သူတစ်ပါးအား နှောက်ယှက်ရန်မူမှုများ မပြုလုုပ်ရန်နှင့် တုတ်၊ဓါး လက်နက် များ၊အခြား အန္တရာယ်ဖြစ်စေသော လက်နက်များကိုုင်ဆောင် အသုုံးမပြုရ” ဟု မွန်ပြည်နယ် အစိုုးရအဖွဲ့ ဦးဆောင်သည့် မြန်မာ့ရိုုးရာ မဟာသင်္ကြန်ကျင်းပရေး လုုပ်ငန်းညှိနှုိင်းအစည်းဝေးမှ အချက်(၁၅) ချက်ပါ စည်းကမ်းချက်များ ထုုတ်ပြန်ထားသည်။

    ရဲတပ်ဖွဲ့ကို သင်္ကြန်ရေကစားသွားလာသူများက ကြည်ဖြူစွာ စစ်ဆေးခံကြောင်း၊ မယူ ဆောင်သင့်သော တုတ်၊ ဓါး၊ အလံများကို သိမ်းဆည်းရာတွင်လည်း တစုံတရာ ပြဿနာရှာခြင်းမရှိကြောင်း၊ သင်္ကြန်အကျနေ့နှင့် အတက်နေ့တွင် တစုံတရာ မှုခင်းမဖြစ်ပွားခဲ့ကြောင်းနှင့် ယာဉ်မတော်တဆမှုတွင် ဘုရားဖူး ယာဉ်များဖြစ်ကြောင်း ပြည်နယ်ရဲမှုးဝင်းအောင် ဆိုသည်။

    ထိုအပြင် ညနေ (၆) နာရီနောက်ပိုင်းအချိန်တွင် အမှုပေါင်း (၃၅) ခုဖြစ်ပွားခဲ့ရာ လူသတ်မှု (၃) ခု၊ ယာဉ်တိုက်မှု (၁၄) ခု၊ ခိုက်ရန်ဖြစ်ပွားမှု (၅) ခု၊ မုဒိမ်းမှု (၂) ခု၊ သေမှုသေခင်း (၃) ခု၊ ခါးပိုက်နှုိက်မှု (၁) ခု၊ ခိုးမှု (၁) ခု နှင့် အခြားမှု (၆) ခုဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှုရုံးမှ သိရသည်။

    လာမည့်နှစ်တွင် ဝတ်စုံတူညီဖြင့် လည်ပတ်ကြမည့်ဆိုင်ကယ်စီးအုပ်စုများ ခွင့်ပြုချက်တောင်းရန် လိုအပ်ကြောင်း၊ အဖွဲ့ခေါင်းဆောင်တစ်ဦးသတ်မှတ် ထားရှိစေလိုကြောင်း၊ လူအင်အားစုမိသောအခါ ရုတ်တရက် ခိုက်ရန်ဖြစ်ပွားတတ်သောကြောင့် အဖွဲ့ခေါင်းဆောင်သတ်မှတ်ထားပြီ အုပ်ချုပ်ရေးပိုင်းနှင့် ပြည်သူများ ဝိုင်းဝန်းကူညီစေလိုကြောင်း ပြည်နယ်ရဲမှုးက ဆိုသည်။

    (၂၀၁၅) ခုနှစ် မွန်ပြည်နယ်သင်္ကြန်ကာလအတွင်း လူသတ်မှု (၁) ခု၊ ယာဉ်တိုက်မှု ၇) ခု၊ ခိုက်ရန်ဖြစ်ပွားမှု (၂) ခု၊ အခြားမှု (၁) ခုနှင့် သေမှုသေခင်း (၄) ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks