Home သတင်း ကျောက်မီးသွေးဖြင့်လည်ပတ်မည့် MCL ဘိလပ်မြေစက်ရုံအား မွန်ပြည်သစ်ပါတီ ကန့်ကွက်

ကျောက်မီးသွေးဖြင့်လည်ပတ်မည့် MCL ဘိလပ်မြေစက်ရုံအား မွန်ပြည်သစ်ပါတီ ကန့်ကွက်

မွန်ပြည်သစ်ပါတီထုတ်ပြန်ချက်(Copy)

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ဒွန်း၊ ကော့ပနော့ကျေးရွာအနီးတွင် အကောင်အထည်ဖော် တည် ဆောက်လျှက်ရှိသည့် မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL သည် ကျောက်မီးသွေးစွမ်းအင်ဖြင့် လည်ပတ်မည်ကို ကန့်ကွက်ကြောင်း မွန်ပြည်သစ်ပါတီက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်ရုံတည်ဆောက်ပြီး ဘိလပ်မြေလုပ်ငန်းထုတ်လုပ်သည်ကို ကွန့်ကွက်စရာ မရှိသော်လည်း စက်ရုံလည်ပတ်နိုင်ရန် ကျောက်မီးသွေးအသုံးပြုခြင်းကို ကန့်ကွက်ရခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ပြည်တွင်း ရေးရာတာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

နိုင်ဝင်းလှက “ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေ ပြုလုပ်ရင် ပြည်သူလူထုတို့ရဲ့ အခွင့်အရေး တွေ ရှုံးဆုံးမယ်၊ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးမေယ်ဆိုရင်တော့ ကျွန်တော်တို့မွန်ပြည်သစ်ပါတီအနေနဲ့ ပြည်သူဘက်ကနေ ရပ်တည်ပြီးတော့ ဝိုင်ဝန်ကာကွယ်စောင့်ရှောက်ပေးသွားမယ်” ဟု ဆိုသည်။

ထို့အပြင် SCG/MCL ကုမ္ပဏီအနေဖြင့် စက်ရုံမတည်ဆောက်မီ ကျောက်မီးသွေးစွမ်းအင် အသုံးပြုလည်ပတ်မည့်အကြောင်း ဒေသခံများအား ပွင့်လင်းမြင်သာမှုရှိစွာ ရှင်းပြထားခြင်းမရှိခြင်း၊ စက်ရုံတည်ဆောက်ပြီးကာနီးမှသာ ကျောက်မီးသွေး အသုံးပြုပြီး လည်ပတ်စေမည်ဟု ထုတ်ဖော်ပြောဆိုလာခြင်းကို လက်မခံနိုင်ဟု ဧပြီလ ၁ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ သဘောထားကြေငြာချက်တစ်ရပ် ထုတ်ပြန်ပြီးဖြစ်သည်။

မွန်ပြည်သစ်ပါတီထုတ်ပြန်ချက်(Copy)
မွန်ပြည်သစ်ပါတီထုတ်ပြန်ချက်(Copy)

လက်ရှိတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ရန် မပြီးပြတ်သေးခြင်း၊ နိုင်ငံရေးပြဿနာများ မဖြေရှင်းရသေးသည့်အတွက် မွန်ပြည်နယ်အတွင်း အကြီးစားစီမံကိန်းများ လာရောက်ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်စေချင်သေးကြောင်း နိုင်ဝင်းလှက ဆက်ပြောသည်။
MCL အနေဖြင့် ၄င်းတို့စက်ရုံတည်ဆောက်မှု မကြာမီလပိုင်းအတွင်း ပြီးစီးတော့မည်ဖြစ်သည့်အတွက် သတ်မှတ်အချိန်အတိုင်း ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင်လည်ပတ်နိုင်ရန် အသုံးပြုမည့် ကျောက်မီးသွေး မစ်ထရစ်တန် ၃ သောင်းကို လည်း တင်ပို့ရန် ခွင့်ပြုချက်ရရှိပြီးဖြစ်သည်ဟု MCL ၏ အုပ်ချုပ်မှု ဒါရိုက်တာ Mr.Wijit Terasarun က မွန်သတင်းအေဂျင်စီကို ပြောကြားထားပြီး ဖြစ်သည်။

မော်လမြိုင်ဘိလပ်မြေစက်ရုံကို အမေရိကန်ဒေါ်လာ သန်း 272.56 ရင်းနှီးမြှုပ်နှံထားကာ တစ်ရက်လျှင် ဘိလပ် မြေတန်ချိန် ၅၀ဝ၀ ထုတ်လုပ်သွားမည်ဖြစ်ပြီး ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့တွင် စက်ရုံ၏ အိပ်သွပ်စက် စမ်းသပ် လည်ပတ်ခြင်းကို အခမ်းအနား ကျင်းပခဲ့သည်။

အလားတူ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ အဆိုပါ ကော့ဒွန်း၊ ကော့ပနော့၊ ကွမ်းငန်း၊ မယ်ကရိုကျေးရွာအနီးတဝိုက်တွင် တစ်ရက်လျှင် တန်ချိန် ၅၀ဝ၀ ကျ ဘိလပ်မြေထုတ်လုပ်မည့်စက်ရုံသစ်တစ်ခု ထပ်မံတည်ဆောက်ရန် June Cement Industry ကုမ္ပဏီလီမိတက်အား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က လုပ်ကိုင်ခွင့်ပြုထားသည်ဟု သိရသည်။

မွန်အမျိုးသားပါတီ MNP ကလည်း ဒေသခံပြည်သူများနှင့်အတူရပ်တည်၍ MCL အား ကန့်ကွက်ကြောင်း ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.