spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား ရွေးချယ်အတည်ပြု

    မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား ရွေးချယ်အတည်ပြု

    -

    ဧပြီလ ၄ ရက်နေ့ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး (ပဉ္စမနေ့)တွင် ဝန်ကြီးဌာနနှင့် ဝန်ကြီးများ၏ အမည်စာရင်းများကို မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဒေါ်တင်အိက မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် အတည်ပြု ဖတ်ကြားခဲ့သည်။

    ဝန်ကြီးချုပ် ဦးမင်းမင်းဦး (စည်ပင်သာယာရေး ဝန်ကြီးဌာန နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန)၊ ဒေါက်တာ ထိန်လင်း (လူမှုရေး ဝန်ကြီးဌာန)၊ ဦးမင်းထင်အောင်ဟန် (လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန)၊ ဦးဝဏ္ဏကျော် (စီမံကိန်း၊ ဘဏ္ဍရေးနှင့် လူဝင်မှုဝန်ကြီးဌာန)၊ ဦးထွန်းဌေး (စိုက်ပျိုးရေး၊ မွေးမြုရေး နှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန)၊ ဒေါက်တာ မင်းကြည်ဝင်း ( သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန)၊ ဗိုလ်မှူးကြီး ဝင်းနိုင်ဦး (လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန) တို့ကို မွန်ပြည်နယ်လွှတ်တော် ဥက္ကဌက ခန့်အပ်တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

    သယံဇာတ နှင့် သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်း က“ အခုလောလောဆယ်မှာတော့ ထွေထွေထူးထူးတော့ စိတ်ကူးထားတာမရှိပါဘူး၊ ကျနော်တို့မှာ အဓိက အရေးကြီးတာက ကျောက်မီးသွေးစက်ရုံကိစ္စတွေပဲ၊ ဒီဟာကို အရင်ဦးဆုံး ကိုင်တွယ်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ(Facebook)
    မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ(Facebook)

    အလားတူ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး စောအောင်မြင့်ခိုင် ၊ ဗမာ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးရွှေမြင့် ၊ ပအိုဝ်း တိုင်းရင်းသာရေးရာ ဝန်ကြီး ဒေါ်စံဝင့်ခိုင် ၊ ဒေါ်အေးအေးမို့ (ပြည်နယ်ဥပဒေချုပ်)၊ ဒေါ်သိန်းသိန်းဦး(ပြည်နယ် စာရင်းစစ်ချုပ်) တို့ကိုလည်း ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့သည်။

    ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက “ပြည်နယ်ဝန်ကြီးချုပ်က တင်သွင်းခဲ့တဲ့ ပြည်နယ်ဝန်ကြီးအဖြစ် ၇ ဦး အမည်စာရင်းတွေကို ကျနော့်အနေနဲ့ ကန့်ကွက်စရာ မရှိပါဘူး၊ ၂၆၂ (က) အရ လွှတ်တော်ကိုယ်စားလှယ်ထဲက ဖြစ်စေ၊ သင့်လျော်သည့် နိုင်ငံသားထဲက ဖြစ်စေ သတ်မှတ်ထားသောအရည်အချင်းနှင့် ကိုက်ညီတဲ့ပုဂ္ဂိုလ်ကို အဆိုပြုရမယ်ဆိုတဲ့ ပြဌာန်းချက်အရ ဝန်ကြီးချုပ်က မိမိကိုယ်ကို ပြည်နယ်ဝန်ကြီးအဖြစ် ပြန်လည် အဆိုပြုတာ ကျနော်တို့ စဉ်းစားဆင်ချင် အကြံပြုချင်တာက ဒီ ဝန်ကြီးချုပ်က အမည်စာရင်း တင်သွင်းထားတဲ့ ၇ ဦးထဲမှာ ဦးမင်းမင်းဦး တစ်ယောက် ပါပါတယ်၊ ဦးမင်းမင်းဦးဟာ တစ်ဖက်မှာလည်း ပြည်နယ်ဝန်ကြီးချုပ် အဖြစ် အတည်ပြု ခန့်ထားပြီးသား ပုဂ္ဂိုလ် ဖြစ်ပါတယ်” ဟုပြောသည်။

    ထို့အတူ ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၊ တိုင်းရင်းသားလူမျိုးများအရေး ဆိုင်ရာ ကော်မတီ နှင့် တိုင်ကြားစာနှင့် အသနားခံစာ၊ တင်ပြစာများ နှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီများ၏ အမည်စာရင်းတွေကိုလည်း လွှတ်တော်ဥက္ကဌ အတည်ပြု ဖတ်ကြားခဲ့သည်။

    မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက “ နိုင်ငံတော် ဘဏ္ဍာငွေ အသက်သာဆုံး ကျနော် ခြိုးခြံချွေတာတဲ့အတွက် ဒီ ဝန်ကြီးဌာနတွေကို ကျနော့်ရဲ့လက်အောက်မှာ တိုက်ရိုက်ကြီးကြပ်ဆောင်ရွက်တာပါ၊ အဲဒါကြောင့် ကျနော့်နာမည် ကို ဝန်ကြီးဌာန ၇ ဦး စာရင်းပေးရမယ်ဆိုပြီး ကျနော် ထည့်သွင်းရခြင်း ဖြစ်ပါတယ်” ဟုပြောသည်။

    ခန့်အပ်တာဝန်ပေးထားသည့် ပြည်နယ်ဝန်ကြီး ၆ ဦး၊ တိုင်းရင်းသားရေးရာ ၃ ဦး၊ ပြည်နယ် ဥပဒေချုပ်နှင့် ပြည်နယ် စာရင်းစစ်ချုပ်တို့ လွှတ်တော် ဥက္ကဌ ရှေ့မှောက်တွင် ကျမ်းသစ္စာဆိုခြင်း နှင့် ကတိပြု လက်မှတ်ရေးထိုး ခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts