spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ကျမ်းသစ္စာကျိန်ဆို

    မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ကျမ်းသစ္စာကျိန်ဆို

    -

    မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် သမ္မတအဆိုပြုခံရသူ ဦးမင်းမင်းဦးသည် မွန်ပြည်နယ်လွှတ်တော်၌ ယနေ့(မတ်လ ၃၁ ရက်) တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
    ယနေ့တွင်ကျင်းပသော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (စတုတ္တနေ့) တွင် လွှတ်တော်ဥက္ကဌဒေါ်တင်တင်အိ ရှေ့မှောက်၌ ကျမ်းသစ္စာကျိန်ဆိုခဲ့ခြင်း ဖြစ်သည်။

    1မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ကျမ်းသစ္စာကျိန်ဆိုစဉ်(MNA)
    1မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ကျမ်းသစ္စာကျိန်ဆိုစဉ်(MNA)
    2-မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌ(MNA)
    2-မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌ(MNA)

    ဦးမင်းမင်းဦး က “ဝန်ကြီးဌာနတွေရဲ့ လုပ်ဆောင်ချက်ကို ကျွန်တော်ပြန်ကြည့်ရမယ်။ ပညာရေးမှာ ဘယ်မြို့နယ်တွေမှာ အားနည်းလဲ။ ကျွန်တော်သိထားတာက တိုင်းရင်းသားဒေသ တွေမှာ စာသင်ကျောင်းတွေ အားနည်းတာသိရတယ်။ ကျွန်တော်ကိုယ်တိုင် ထိတွေ့သိရှိတဲ့အခါကျရင် အားနည်းတဲ့နေ ရာမှာ ဦးစားပေးမယ်။ အဓိက တိုင်းရင်းသားဒေသတွေကို ဦးစားပေးမယ်” ဟု မွန်သတင်းအေဂျင်စီနှင့် တွေ့ဆုံမေးမြန်းချက်တွင် ပြောကြားခဲ့သည်။

    အသက် ၄၆ နှစ်အရွယ် မွန်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာသူ ဦးမင်းမင်းဦးသည် B.E (Electronics) ဖြင့် အင်ဂျင်နီယာဘွဲ့ရရှိထားသူဖြစ်ပြီး လက်ရှိတွင် ရာဘာခြံလုပ်ငန်း လုပ်ကိုင်နေသည်ဟု သူ၏ ကိုယ်ရေးအချက်အလက်မှတ်တမ်းတွင် ဖော်ပြထားသည်။

    ကျမ်းသစ္စာကျိန်ဆိုပွဲ တက်ရောက်လေ့လာသူ ဦးသန်းဇော် က “ဝန်ကြီးချုပ်ဦးမင်းမင်းဦးက တစ်ဦးထဲ တက်လာတာမဟုတ်ဘူးလေ၊ ပြည်သူ လူထုက ထောက်ခံတဲ့ NLD ပါတီတခုလုံးက တက်လာတယ်ဆိုတော့ သိပ်ပြီးတော့ အခက်ခဲရှိလိမ့်မယ် မဟုတ်ပါဘူး၊ လုပ်ရည်ကိုင်ရည်နဲ့ စေတနာပေါ်မှာ မူတည်ပါတယ်” ဟု ဆိုသည်။

    မွန်ပြည်နယ်အတွင်း ယခင်အစိုးရ၊ ယခင်လွှတ်တော်ထက် လွတ်လပ်ခွင့်ပိုမိုရှိလာသည်ကို မြင်တွေ့မိကြောင်း၊ ဝန်ထမ်းတွေအာလုံး နွေးထွေးမှုပိုပြီးရှိလာသကဲ့သို့ လွှတ်တော်ဥက္ကဌသစ်ကလည်း လေ့လာသူများကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေသည့်သဘောတွေ့ရှိရကြောင်း ဦးသန်းဇော်က ဆက်ပြောသည်။

    သို့ရာတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်သစ် ဦးမင်းမင်းဦးသည် နိုင်ငံရေးဖြတ်သန်းမှုအားနည်းသူဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ချို့က ဝေဖန်ထောက်ပြခဲ့သည်။

    ယခင်မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့် အစိုးရလက်ထက်တွင် ဝန်ကြီးဌာန (၉) ခုဖြင့်ဖွဲ့စည်းထားသော်လည်း ယခု NLD အစိုးရလက်ထက်တွင် မွန်ပြည်နယ်တွင် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးဌာန (၆) နေရာသာ ထားရှိမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်အစိုးရဝန်ကြီးအမည်းစာရင်းများကြေညာမည်ဟု သတင်းများထွက်ပေါ်လျှက်ရှိသည်။

    မွန်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ် ဒုတိယပုံမှန်အစည်းအဝေးကို လာမည့် ဧပြီလ (၄) ရက်နေ့တွင် ဆက်လက်ကျင်းပမည်ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်တင်အိက ယနေ့တွင် ကြေငြာခဲ့သည်။

    အလားတူ သမ္မတ၊ ဒုသမ္မတများနှင့် ပြည်ထောင်စုဝန်ကြီး ၁၈ ဦးတို့သည်လည်း ပြည်ထောင်စုလွှတ်တော်၌ ယမန်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks