Sunday, April 12, 2026
More
    spot_img
    Homeသတင်းရေးမြို့တောင်ပိုင်းတွင် အသက် (၄)နှစ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ

    ရေးမြို့တောင်ပိုင်းတွင် အသက် (၄)နှစ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ

    -

    မွန်ပြည်နယ် ၊ ရေးမြို့နယ်တောင်ပိုင်း၊ ကဗျာဝရွာတွင် လွန်ခဲ့သည့် မာတ်လ (၂၂) ရက်နေ့ ညးနေ (၇) နာရီခန့်က အသက် (၄) နှစ်အရွယ်ရှိ မိန်းကလေးငယ် တစ်ဦး အဓမ္မပြုကျင့်ခံရသည်ဟု ဒေသခံများမှတဆင့် သိရသည်။

    ပင်လယ်ကမ်းခြေအနီးရှိ နေအိမ်တွင် အဆိုပါကလေးငယ် ဆော့ကစားနေစဉ်တွင် တစ်ရွာထဲနေ မောင်ဖိုးဆေး ဆိုသူက အခြားနေရာသို့လည်ပတ်ရန် ခေါ်သွားရာမှ အခင်းဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

    ကဗျာဝရွာ အုပ်ချုပ်ရေးမှူး နိုင်အောင်ဆန်းက “အခင်းဖြစ်တဲ့နေ့မှာပဲ ကလေးမကို ခေါဇာမြို့ ဆေးရုံကို ပို့ပေးခဲ့တယ်၊ ဒါပေမဲ့ ဆေးရုံးမှာ ဆရာဝန်မရှိတော့ အဲဒီညမှာပဲ ရေးမြို့ ပြည်သူ့ဆေးရုံးသို့ ဆက်ပို့ခဲ့တယ်” ဟု မတ်လ ၂၄ ရက်နေ့တွင် မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    မတ် (၂၃) ရက်နေ့ နံနက် (၁၀း၃၀) အချိန်တွင် ခေါဇာ ရဲတပ်ဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့သည် မောင်ဖိုးဆေးကိုခေါ်ပြီး အခင်းဖြစ်ပွားသည့် ပင်လယ်ကမ်းခြေနေရာကို ပြခိုင်းကာ ဓါတ်ပုံမှတ်တမ်းများ ရိုက်ခဲ့သည်ဟု နိုင်အောင်ဆန်းက ဆိုသည်။

    မုဒိန်းမှု ကျူးလွန်သူဟု ယူဆရသည့်မောင်ဖိုးဆေးနှင့် ကျူးလွန်ခံရသူ ကလေးမတို့သည် ဧရာဝတီတိုင်း ဖျာပုံနယ်သားများဖြစ်ကြပြီး ကဗျာဝရွာသို့ ရောက်ရှိနေထိုင်ခဲ့သည်မှာ လပိုင်းမျှသာရှိသေးကြောင်း ဒေသခံများပြောချက်အရ သိရသည်။

    ယင်းသို့ မိန်းကလေး အဓမ္မပြုကျင့်ခံရသည့်ကိစ္စအား၂၀၁၆ ခုနှစ် မာတ်လ ၂၃ ရက်နေ့တွင် အဘွားဖြစ်သူက ခေါဇာ ရဲစခန်းသို့ အမှုတိုင်ကြားခဲ့ပြီး ဖြစ်သည်။

    ခေါဇာမြို့နယ် ရဲစခန်းမှ မှုခင်းဥပဒေ (ပ) ၇/၂၀၁၆၊ပြစ်မှု ပုဒ်မ(၃၇၆) အရ ပြစ်မှုကျူးလွန်သူ အသက် (၁၅) နှစ်ရှိ မောင်ဖိုးဆေးအား အရေးယူထားကြောင်း သိရသည်။

    မွန်ပြည်နယ်တွင် လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှုနှင့် စပ်လျဉ်း၍ ၂၀၁၄ ခုနှစ်တွင် အမှုပေါင်း (၉၀) ကျော်၊ ၂၀၁၅ ခုနှစ်တွင် အမှုပေါင်း (၁၀ဝ) ကျော် ဖြစ်ပေါ်ခဲ့ပြီး သက်ငယ်အဓမ္မပြုကျင့်မှု အများဆုံးပါဝင်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks