spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် သင်္ကြန်ရက်အတွင်း ယာဉ်လိုင်းများဈေးနှုန်းတင်ခွင့်မရှိဟုဆို

    မွန်ပြည်နယ်တွင် သင်္ကြန်ရက်အတွင်း ယာဉ်လိုင်းများဈေးနှုန်းတင်ခွင့်မရှိဟုဆို

    -

    သင်္ကြန်ရက်ကာလအအတွင်း ပြေးဆွဲသည့်ယာဉ်လိုင်းများ ဈေးနှုန်းတင်ခွင့်မရှိဟု မွန်ပြည်နယ် ယာဉ် လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ (ယထက) တာဝန်ရှိသူတစ်ဦး ပြောပြချက်အရ သိရသည်။

    မော်လမြိုင် အဝေးပြေးကွင်း(MNA)
    မော်လမြိုင် အဝေးပြေးကွင်း(MNA)

    မွန်ပြည်နယ် ယာဉ်လုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ (ယထက) အတွင်းရေးမှူး ဦးကျော် ဝင်းမောင်က “ဘယ်ယာဉ်လိုင်းတွေရပ်နားမလဲ ရပ်နားမဲ့ ယာဉ်လိုင်းတွေကို စာရင်းကောက်မယ် နောက်ဘယ်လိုင်းတွေက ပြေးဆွဲမယ် အဲ့ပြေးဆွဲတဲ့လိုင်းတွေကို ယာဉ်စည်းကမ်းနှုန်းထားတွေပေါ့ ပိုမိုရောင်းချလို့မရဘူး ပိုမိုရောင်းချလို့ ခရီးသည်ကလာတိုင်တာပဲ့ဖြစ်ဖြစ် ဒီကော်မတီက စစ်ဆေးတွေ့ရှိ တာပဲဖြစ်ဖြစ် အရေးယူမယ်ဆိုတာကို သူတို့ကိုအကြောင်းကြားထားမယ်”ဟု ပြောခဲ့သည်။

    လက်ရှိပြေးဆွဲနေသည့် ယာဉ်လိုင်းများ၏ ကားခပုံမှန်ဈေးနှုန်းများမှာ မော်လမြိုင်-ရန်ကုန် ၅၅၀ဝိ မှ ၆၅၀ဝိ ကြားရှိပြီး မော်လမြိုင်-ရေး ဈေးနှုန်း ၃၀ဝ၀ိ မှ ၄၀ဝ၀ိ ကြား မော်လမြိုင်- ကျိုက်ထီးရိုး ၃၀ဝ၀ိ မှ ၄၀ဝိဝ ကြား ရှိသည်ဟု သိရသည်။
    “သင်္ကြန်နီးတော့ အရင်နှစ်ကဆို နည်းနည်းမြှင့်တယ် ဘာလို့လဲဆိုတော့ သင်္ကြန်ရက်အတွင်းဆို သွား လာရတာ ခက်ခဲတယ် လိုချင်တဲ့အချိန်မရောက်ဘူးပေါ့ မြှင့်တာကလည်း အများတော့မဟုတ်ဘူး တစ် ထောင် နှစ်ထောင်လောက်ပါပဲ နောက်အဲဒီထဲမှာ ဝန်ဆောင်မှုတွေလည်းပေးတယ်လေ ဥပမာ အအေး တို့ ရေသန့်ဘူးတို့ပေါ့ ဒီနှစ်ကတော့ ကိုယ်တို့ဆုံးဖြတ်လို့မရဘူး အထက်ကဆုံးဖြတ်မှရတာပါ” ဟု မန္တလာ မင်းကားဂိတ်တာဝန်ခံ ဦးလွင်ကိုကိုလတ်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ၄င်းတို့ယာဉ်လိုင်းအနေဖြင့် သင်္ကြန်ရက်အတွင်း ဆက်ပြေးမည်ဖြစ်ပြီး အကယ်၍ မွန်ပြည်နယ် ယ-ထ-ကမှ ဈေးနှုန်းမြှင့်တင်မှု မပြုရသည့် ထုတ်ပြန်ကြေငြာချက်ထုတ်လျှင် ဈေးနှုန်းမတင်ဘူးဟု သူက ဆက်ပြောခဲ့သည်။

    မော်လမြိုင်မြို့တွင် ယာဉ်လိုင်းပြေးဆွဲနေသည့် မော်လမြိုင်-ရန်ကုန်၊ မော်လမြိုင်-ကျိုက်ထီးရိုး၊ မော်လ မြိုင်-ထားဝယ် စသည့် ယာဉ်လိုင်းပေါင်း(၅၁)လိုင်း ရှိသည်ဟု ယထက အတွင်းရေးမှူး ဦးကျော်ဝင်း မောင်မှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks