spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းဖက်ဒရယ်ပြည်ထောင်စု အခြေခံမူကြမ်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ ချင်းမိုင်မြို့တွင်ကျင်းပ

    ဖက်ဒရယ်ပြည်ထောင်စု အခြေခံမူကြမ်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ ချင်းမိုင်မြို့တွင်ကျင်းပ

    -

    အနာဂတ် မြန်မာနိုင်ငံ ဖက်ဒရယ်ပြည်ထောင်စုအတွက် အဓိကကျသော အခြေခံလက္ခဏာများနှင့် မူကြမ်းရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်များ၊ ပြည်တွင်းပြည်ပမှ တိုင်းရင်းသားခေါင်း ဆောင်များက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပလျက်ရှိသည်။

    ယင်းဆွေးနွေးပွဲတွင် ဥပဒေအထောက်အကူပြုကွန်ယက် (LAN)မှ ရှေ့နေ ဦးအောင်ထူး၊ UNFC ခေါင်းဆောင်များ၊ ကရင်အမျိုးသား အစည်းအရုံး KNU ဒု-ဥက္ကဌ ပဒိုနော်စီဖိုးရာစိန် အပါအဝင် နိုင်ငံတကာမှ တတ်သိပညာရှင်များ`f အကြံပေးပုဂ္ဂိုလ်များ တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။

    ဖက်ဒရယ်ပြည်ထောင်စု အခြေခံမူကြမ်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ(Picture-ဧရာဝတီ)
    ဖက်ဒရယ်ပြည်ထောင်စု အခြေခံမူကြမ်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ(Picture-ဧရာဝတီ)

    အမေရိကန်နိုင်ငံမှ ENAC အဖွဲ့အကြံပေး ဒေါက်တာ နိုင်ပညာမွန်က “ဆွေးနွေးပွဲမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ ပြည်နယ်နဲ့ ဗဟိုအာဏာခွဲဝေမှု၊ ပြည်နယ်တွင်းရှိလူမျိုးစုများ အခွင့်အရေးသတ်မှတ်မှု၊ သယံဇာတခွဲဝေမှု၊ လွှတ်တော်ဖွဲ့စည်းမှု၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် လုံခြုံရေး တပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းမှု စတဲ့အချက်တွေကို အဓိကထား ဆွေးနွေးသွားမှာ ဖြစ်တယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ယင်းအလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၂၁ ရက်နေ့မှစတင်၍ ၆ ရက်ကြာပြုလုပ်သွားမည်ဖြစ်ရာ ကဏ္ဍ ၂ ခုခွဲပြီး မတ်လ ၂၁ ရက်မှ ၂၃ ရက်နေ့အထိကို ဥပဒေပညာရှင်များ၊ ဖက်ဒရယ်မူကြမ်းကို ဆွေးနွေးသွားမှာဖြစ်ကြောင်း၊ နောက်ဆုံးရက်နေ့တွင် ရရှိလာသောဖက်ဒရယ်မူကြမ်းအပေါ် သုံးသပ်ဖြည့်စွက်မှုများ၊ အတည်ပြုချက်များ ပြုလုပ်သွားရန် UNFC အဖွဲ့ဝင်များ၏ ထိပ်သီးခေါင်းဆောင်များက ပြန်လည်သုံးသပ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

    ထိုအလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံတကာမှ ဖက်ဒရယ်ဆိုင်ရာ တက်သိပညာရှင်များ၊ မြန်မာနိုင်ငံမှ ဖက်ဒရယ်ဆိုင်ရာ လေ့လာခဲ့နေသည့် တိုင်းရင်းသားခေါင်းဆောင်များ ပြည်ပနိုင်ငံတွင် သွားရောက်လေ့လာ နေသည့် မြန်မာနိုင်ငံသားများလည်း တက်ရောက်ဆွေးနွေးကြကြောင်း UNFC ဒု- ဥက္ကဌ နိုင်ဟံသာက သတင်းမီဒီယာများကိုပြောခဲ့သည်။

    တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ENAC) မှ ဦးဆောင်ကျင်းပနေသည့် ဖက်ဒရယ်ပြည်ထောင်စု အခြေခံမူကြမ်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲတွင်
    ပြည်နယ်ရရှိထားသည့် တိုင်းရင်းသားများ၏ အခွင့်အရေးနည်းတူ အရေအတွက်နည်း ပြန့်ကျဲနေသည့် တိုင်းရင်းသားများ အခွင့်အရေးများကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စု အရေး ဆွေးနွေးချက်များကို စာအုပ်အဖြစ်ထုတ်ဝေပြီး ငြိမ်းချမ်းရေးညီလာခံတွင် ဆက်လက်ဆွေးနွေးမည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts