spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းဒေသတွင်း အမျိုးသမီးများအကြမ်းဖက်ခံရမှုအခြေအနေ မွန်အမျိုးသမီးညီလာခံတွင်ဆွေးနွေးခဲ့

    ဒေသတွင်း အမျိုးသမီးများအကြမ်းဖက်ခံရမှုအခြေအနေ မွန်အမျိုးသမီးညီလာခံတွင်ဆွေးနွေးခဲ့

    -

    မတ်လ ၁၉- ၂၀ ရက်နေ့များအတွင်း မွန်အမျိုးသမီးကွန်ယက်ကဦးစီးကျင်းပသည့် မော်လမြိုင်မြို့တွင်ကျင်းပခဲ့သည့် မွန်အမျိုးသမီးညီလာခံတွင် ဒေသရိှအမျိုးသမီးများအကြမ်းဖက်ခံရမှုအခြေအနေများအား ထည့်တွင်းဆွေးနွေးခဲ့သည်ကို တွေ့ရှိရသည်။

    ညီလာခံကိုယ်စားလှယ် ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မိသန်းဋ္ဌေးက “ကျွန်မတို့ဒေသမှာတော့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကနည်းပါတယ်၊ အဖြစ်များတာ အိမ်တွင်းအကြမ်းဖက်မှုပဲများတယ် အဲ့လိုဖြစ်လာလျှင် အုပ်ချုပ်ရေးမှူးမဖြစ်ခင်ကတည်းကလည်း ဝင်ပြီးဖြေရှင်းပေးခဲ့တယ်၊ ရှင်းပြတယ်ပေါ့၊ ရှင်းမရတဲ့အခါလည်း ဥပဒေကရိှပါတယ်၊ အိမ်တွင်းအကြမ်းဖက်မှုလုပ်လို့မရဘူးဆိုတာ လိုက်ပြောပြရတာရိှတာပေါ့” ဟု ပြောသည်။

    ယင်းသို့လုပ်ဆောင်ခဲ့သည့်အတွက် အိမ်တွင်းအကြမ်းဖက်မှုနည်းပါးလာသည်ကိုတွေ့ရှိလာရသဖြင့် ယခုနည်းလမ်းက ပိုမိုထိရောက်နိုင်သည်ဟု သူမကဆက်ပြောခဲ့သည်။

    ရေဖြူမြို့နယ်၊ သာယာမွန်ကျေးရွာနေ မင်းလွီသစ္စာက “ကျနော်တို့ဒေသဘက်မှာ ကလေးတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာများတယ်၊ ကလေးတွေက ကျောင်းသွားရင် ရွာနဲ့ကျောင်းက ဝေးတယ်၊ လမ်းမှာ အကြမ်းဖက်ခံရဘူးတယ်၊ အကြမ်းဖက်ပြီး ကလေးကိုသတ်ပစ်တဲ့ အဖြစ်အပျက်မျိုးရှိခဲ့ပါတယ်” ဟု ပြောသည်။

    မွန်အမျိုးသမီးညီလာခံ (MNA)
    မွန်အမျိုးသမီးညီလာခံ (MNA)

    ယင်းသို့ ကလေးများအကြမ်းမဖက်ခံရရေးအတွက် ကျောင်းသွားကျောင်းပြန် ကြိုပို့ပေးရန် သာယာမွန်ကျေးရွာ မွန်လူငယ်အဖွဲ့က လုပ်ဆောင်ပေးရန် ရည်ရွယ်ထားသည်ဟု သူက ဆက်ပြောသည်။

    မွန်အမျိုးသမီးကွန်ရက်မှ မိချယ်ရီစိုးက “အခုလိုနယ်ဒေသက ကိုယ်စားလှယ်တွေကို ဖိတ်တာကလည်း သူတို့နယ်မှာဖြစ်နေတဲ့ကိစ္စကို သူတို့သိများတယ်လေ ကျမတို့ထက်ပိုပြီး သူတို့ကတင်ပြနိုင်တယ်” ဟု ပြောသည်။

    မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ ပိုင်ခေတ်ခန်းမ၌ ယခုကျင်းပသော ဒုတိယအကြိမ် မွန်အမျိုးသမီးညီလာခံသို့ မြို့နယ်အသီးသီးမှ အမျိုးသမီးအဖွဲ့ပေါင်း(၂၀)ကျော်မှ တတ်ရောက်သူ (၁၀၀) ဦးကျော်ရှိသည်ကို တွေ့ရှိရသည်။

    ပထမအကြိမ် အမျိုးသမီးညီလာခံကို မော်လမြိုင်မြို့ သာသနာ(၂၅၀၀) ဘုန်းတော်ကြီးကျောင်း၌ ၂၀၁၃ ခုနှစ်တွင် ပြုလုပ်ခဲ့သည်။

    မွန်အမျိုးသမီးကွန်ယက်အဖွဲ့တွင် မွန်အမျိုးသမီးအဖွဲ့၊ မွန်စေတနာအဖွဲ့၊ တိုးတက်သောမွန်လူငယ် အစည်းအရုံး၊ မွန်ပညာရေးဌာန၊ နယ်စပ်အခြေစိုက်ကျန်းမာရေးအဖွဲ့ (BHI) နှင့် အမျိုးသမီးစွမ်းရည် မြင့်တင်ရေးအစီအစဉ်အဖွဲ့တို့ဖြင့် ဖွဲ့စည်းထားကြောင်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks