spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းဒုတိယအကြိမ် မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ရက်ညီလာခံ ထားဝယ်မြို့တွင်ကျင်းပ

    ဒုတိယအကြိမ် မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ရက်ညီလာခံ ထားဝယ်မြို့တွင်ကျင်းပ

    -

    မွန်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ မီဒီယာသမားများနှင့် ဖွဲ့စည်းထားသည့် မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ယက်၏ ဒုတိယအကြိမ်ညီလာခံကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ မတ်လ ၁၉ နှင့် ၂၀ ရက်များတွင် နှစ်ရက်တာကျင်းပလျှက်ရှိသည်။

    ဒေသတွင်းရှိသတင်းမီဒီယာများ ချိတ်ဆက်မူအားကောင်းလာရန် သတင်းပညာမြှင့်တင်နိုင်ရေးနှင့် ကွန်ယက်ချိတ်ဆက်မူအားကောင်းလာစေရန်အတွက် ရည်ရွယ်ကာညီလာခံ ကျင်းပခြင်းဖြစ်ကြောင်း မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ရက်မှ ညှိ့နှိုင်းရေးမှူး ဦးတင့်လွင်က ပြောသည်။

    တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်အေးက “လွှတ်တော်နှင့်အုပ်ချုပ်ရေးမဏ္ဍိုင်များမှ ပြည်သူများထံသို့ပေးလိုသည့် သတင်းအချက်အလက်များကိုလည်း အချိန်နှင့်တပြေးညီရောက်ရှိပြီး ပြည်သူများနားလည်သဘောပေါက်သွားအောင် ဆောင်ရွက်ပေးရမယ့် ကိစ္စဟာလည်း သတင်းမီဒီယာများရဲ့တာဝန်ဖြစ်ကြောင်း” အဆိုပါညီလာခံတွင် ပြောကြားသွားသည်။

    သတင်းမီဒီယာလုပ်ငန်းသည် အစိုးရနှင့်ပြည်သူအကြား ပြည်သူများ သိရှိရန်လိုအပ်သည့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီတင်ပြဆောင်ရွက်ရမည်ဖြစ်ပြီး မျှတစွာတင်ပြရန်လည်း ဖြစ်သည်ဟု ဆိုသည်။

    SMJN ဒုတိယအကြိမ်ညီလာခံ(MNA)
    SMJN ဒုတိယအကြိမ်ညီလာခံ(MNA)

    မြန်မာနိုင်ငံဂျာနယ်လစ်ကွန်ယက် အတွင်းရေးမှူး ဦးဇေယျာလှှိုင် က “အခုလိုနိုင်ငံရေးအပြောင်းအလဲမှာ မီဒီယာအသင်းအဖွဲ့တွေဖွဲ့စည်းနိုင်တာဟာ အရင်ကတော့ဒီလိုဖွဲ့စည်းခွင့် မရခဲ့ပါဘူး။ အရင်အစိုးရကပိတ်ပင်တားဆီးထားတယ်၊ အခုလိုသတင်းသမားအဖွဲ့အစည်းတွေပေါ်လာခြင်းဟာ ကျွန်တော်တို့ကတော့ ကြိုဆိုတယ်၊ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ရပိုင်ခွင့်တွေ၊သတင်းသမားတွေရဲ့ အရည်အသွေးမြှင့်တင်ရေးဆိုင်ရာတေ ွအတွက် ပိုမိုကောင်းမွန်ပါတယ်လို့ကျွန်တော်မြင်ပါတယ်” ဟု ပြောသည်။

    ညီလာခံတွင် တောင်ပိုင်းဂျာနယ်လစ်ကွန်ရက်မှသတင်းသမားများ ရေးသားထားသည့်သတင်းများကို ရွေးချယ်ကာ ဆုများလည်းချီးမြှင့်ခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းသည် သတင်းသမားများ ပိုမိုကြိုးစားလာစေရန် အတွက်ဖြစ်ကြောင်းသိရသည်။ ညီလာခံကို တနင်္သာရီတိုင်းဒေသကြီးမှ လွှတ်တော်ဥက္ကဌနှင့် စည်ပင်သာယာရေးဝန်ကြီးတို့ တက်ရောက်ခဲ့သည်။ ထို့အပြင် မွန်၊ကရင်နှင့် တနင်္သာရီတိုင်းမှ မီဒီယာသမားများနှင့် အရပ်ဖက်လူမှူအဖွဲ့အစည်းမှလည်း တက်ရောက်ခဲ့သည်။

    မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ရက်ကို ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် အဖွဲ့ဝင် ၂၇ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ အဖွဲ့ဝင် ၆၀ ကျော်ရှိပြီး ပထမအကြိမ်ညီလာခံကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် မော်လမြိုင်မြို့၌ ကျင်းပခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks