spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းရာဘာထုတ်လုပ်မှုအရည်အသွေး ဥပဒေသတ်မှတ်ပြဌာန်းသင့်ဟုဆို

    ရာဘာထုတ်လုပ်မှုအရည်အသွေး ဥပဒေသတ်မှတ်ပြဌာန်းသင့်ဟုဆို

    -

    ကမ္ဘာ့စျေးကွက်နှင့်ယှဉ်လျှင် ကျပ် ၂၀၀ မှ ၃၀၀ ခန့် မြန်မာ့ရာဘာစျေးနိမ့်ကျနေခြင်းမှာ အရေအသွေးထက် အရေအတွက်များများ ရရှိရန်ထုတ်လုပ်နေခြင်းကြောင့်ဖြစ်ကြောင်း နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးက ပြောသည်။

    နိုင်ငံတော်အနေဖြင့် ရာဘာထုတ်လုပ်မူ အရည်အသွေးထိန်းသိမ်းပေးရန်လိုအပ်ကြောင်းနှင့် စျေးနှုန်းသတ်မှတ်ပေးနိုင်မှသာ အရည်အသွေးမြင့်မားသည့် ရာဘာများ ထုတ်လုပ်လာကြမည်ဟု ဆိုသည်။

    ဦးကြည်စိုး က “ရာဘာကိုစပြီးပြင်မယ်ဆိုရင် အစေးလှီးတဲ့ခြံကနေပြီးတော့ မှုိင်းခံတဲ့အထိ အဆင့်ဆင့်ပေါ့နော် ဒါတွေသန့်ရှင်းဖို့လိုတာပေါ့။ အဲဒါကိုရာဘာစိုက်တောင်သူတွေက မသိတာမဟုတ်ဘူး။ သူတို့သိထားပြီးသားပဲ ဒါပေမယ့်လက်ရှိစျေးကွက်အနေအထားအရ သူတို့ကပျက်မှန်းသိနေပေမယ့် ရပ်နေတာပေါ့။ အဲဒီတော့ ပြန်ပြင်ဖို့ကြတော့ နည်းဥပဒေတွေ ပြဌာန်းဖို့လိုလာတာပေါ့” ဟု ပြောသည်။

    ထုတ်လုပ်သည့်ရာဘာများ အရည်အသွေးကောင်းမွန်စေရန် သတ်မှတ်ချက်နည်းဥပဒေ တစ်ရပ်ပြဌာန်းပြီး လိုက်နာမည်ဆိုပါက ရာဘာစျေးများပြန်လည် ဦးမော့လာနိုင်ကြောင်း၊ ရာဘာထုတ်လုပ်သူများအား အရည်အသွေးမြင့်မားသည့် ရာဘာများထုတ်လုပ်လာစေရန် ပညာပေးရှင်းလင်းခြင်းဖြင့်လည်း ထိရောက်နိုင်ကြောင်းဟု ဆိုသည်။

    ရာဘာစေး သိမ်းနေပုံ(MNA)
    ရာဘာစေး သိမ်းနေပုံ(MNA)

    သထုံမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက “ဥပဒေပြဌာန်းတာထက် လူတွေကိုနားလည်အောင်ရှင်းပြတာက ပိုပြီးတော့ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကလွတ်လပ်စွာ ရောင်း၀ယ်ခွင့်ရှိတယ်လေ။ ဒါကိုဥပဒေနဲ့ ထိန်းချုပ်ခြင်းဖြင့် သူတို့ရဲ့လွတ်လပ်ခွင့် ကိုယ်ပိုင်အကျိုးစီးပွားကိုထိခိုက်နိုင်ပါတယ်။ အကောင်းဆုံးကတော့ သူတို့ကိုနားလည်အောင် ရှင်းပြတာပါပဲ” ဟု ပြောသည်။

    ၂၀၀၅ ခုနှစ်မတိုင်မီကာလထိ မြန်မာ့နေရှင်နယ်လုပ်ငန်းအနေဖြင့် အစိုးရမှ ရာဘာများကို ကမ္ဘာ့ပေါက်စျေးအတိုင်း ၀ယ်ယူခဲ့ပြီးနောက်ပိုင်းတွင် ပုကလိကလုပ်ငန်းများကသာ ရာဘာရောင်း၀ယ်ခြင်းများကို လုပ်ကိုင်ခဲ့ကြသည်။

    မွန်ပြည်နယ်တွင်ရာဘာစိုက်ဧကပေါင်း လေးသိန်းခွဲမှ ငါးသိန်းအထိရှိပြီး
    ယခုအခါ ရာဘာပေါက်စျေး တစ်ပေါင် ကျပ် ၅၀၀ ဝန်းကျင်သာ ရှိနေသဖြင့် အနိမ့်ဆုံးစျေးဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks