spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းကျိုက်မရောမြို့နယ်တွင် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရန်လိုအပ်နေ

    ကျိုက်မရောမြို့နယ်တွင် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရန်လိုအပ်နေ

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ဆောက်လုပ်နေသည့် ကျောက်မီးသွေးသုံး မော်လမြိုင် ဘိလပ်မြေစက်ရုံ MCL ကြောင့် ကျိုက်မရောမြို့နယ်သည် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရန် အရေးပေါ်လိုအပ်နေသည်ဟု သဘာ၀ပတ်၀န်းကျင်နှင့် သယံဇာတချစ်မြတ်နိုးသူများအသင်းမှ ညိှနှုိင်းရေးမှူး ဦးသန့်ဇော်က ပြောသည်။

    အဆိုပါ MCL ဘိလပ်မြေစက်ရုံအား ယခင်က လှျပ်စစ်(သို့) ဂက်စ်ဖြင့်လည်ပတ်မည်ဟု သိထားသော်လည်း ယခုအခါ ကျောက်မီးသွေးဖြင့်လည်ပတ်မည်ဖြစ်သဖြင့် သဘာ၀ပတ်၀န်းကျင်အား ထိခိုက်နိုင်မည်ဖြစ်သည်ဟု ဆိုသည်။

    “ကျိုက်မရောမြို့နယ်မှာရှိတဲ့ MCL ဘိလပ်မြေစက်ရုံကတော့ သဘာ၀ပတ်၀န်းကျင်ထိန်းသိန်းဖို့ အရေးပေါ်လိုအပ်တယ်လို့ ထင်တယ်။ စာချုပ်အရကျွန်တော်တို့ ကြားထားတာကတော့ လှျပ်စစ်သော်လည်းကောင်း၊ ဂက်စ်သော်လည်းကောင်း လည်မယ်လို့ ကြားထားတာပေါ့။ ဒီနောက်ပိုင်းသိရတာက ကျောက်မီးသွေးနဲ့လည်ပတ်မယ်ဆိုတော့ ကျွန်တော်တို့လည်း စိုးရိမ်တယ်။ ပညာရှင်တွေကလည်းစိုးရိမ်နေတယ်” ဟု ဦးသန့်ဇော်က ပြောသည်။

    ကျိုက်မရောဒေသတွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဆိုးကျိုးများ(Copy)
    ကျိုက်မရောဒေသတွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဆိုးကျိုးများ(Copy)

    ထို့အတူ ကျိုက်မရောမြို့နယ်တွင် မြေကြီးများတူးဆွပြီး ရောင်းချနေမှုသည် သဘာ၀ပတ်၀န်းကျင်အားထိခိုက်စေသည့်အတွက် ဒေသခံများ မနှစ်မြို့ပေ။

    အလားတူ ပေါင်မြို့နယ်တွင်လည်း ကျောက်မိုင်းလုပ်ငန်းများလုပ်ကိုင်နေခြင်းသည်လည်း သဘာ၀ပတ်၀န်းကျင်အား ထိခိုက်ပျက်စီးစေသည့် အချက်တစ်ချက်ပင်ဖြစ်သည်ဟု ဆိုသည်။

    သဘာ၀ပတ်၀န်းကျင်နှင့် သယံဇာတချစ်မြတ်နိုးသူများအသင်းမှ ဦး၀င်းဗိုလ် က “အခုလိုသဘာ၀ပတ်၀န်းကျင်ပျက်စီးနေတာဟာ လူတွေကြောင့်ပါပဲ၊ ဒါ့ကြောင့်လူတွေကို အသိပညာ ပေးဖို့လိုပါတယ်။ ပြီးတော့ ဒါကိုပြည်သူကချည်းပဲလုပ်နေလို့လည်းမရဘူး အစိုးရအနေနဲ့လည်း ပေါ်လစီတွေပြောင်းရမယ်၊ အစိုးရကိုယ်တိုင် ဒါတွေကိုကာကွယ်ရမယ်။ ဒီလိုဖြစ်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ အစိုးရကိုတွန်းအားပေးဖို့လည်း လိုအပ်ပါတယ်” ဟု ပြောသည်။

    ထို့အပြင် သဘာ၀ပတ်၀န်းကျင် ထိခိုက်နေသည့်လုပ်ရပ်များအား အစိုးရအနေဖြင့်ထိရောက်စွာတာ၀န်ယူ လုပ်ဆောင်ရန်လည်းလိုအပ်ကြောင်း ၎င်းကဆက်ပြောသည်။

    သဘာ၀ပတ်၀န်းကျင်နှင့် သယံဇာတချစ်မြတ်နိုးသူများအသင်းကို မွန်ပြည်နယ်ရှိ မြို့နယ်အားလုံးပါ၀င်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုအခါ မော်လမြိုင်၊ချောင်းဆုံ၊ကျိုက်မရော၊ မုဒုံ နှင့်ပေါင်မြို့နယ်မှတက်ကြွလှုပ်ရှားသူများဖြင့် ပါ၀င်ဖွဲ့စည်းထားပြီး တရား၀င်အသင်းဖြစ်မြောက်ရန်အတွက်လည်း အမြန်ဆုံးဆောင်ရွက်သွားမည်ဟုသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts