spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းအပြည်ပြည်ဆိုရာအမျိူးသမီးများနေ့အတွက် ကုလသမဂ္ဂအတွင်းရေးမူးချုပ် သ၀ဏ်လွှာပေးပို့

    အပြည်ပြည်ဆိုရာအမျိူးသမီးများနေ့အတွက် ကုလသမဂ္ဂအတွင်းရေးမူးချုပ် သ၀ဏ်လွှာပေးပို့

    -

    မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် ၁၀၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအမျိူးသမီးများနေ့အတွက် ကု လသမဂ္ဂအထွေထွေအတွင်းရေးမူးချုပ်မှ သ၀ဏ်လွှာပေးပို့ခဲ့သည်။

    အပြည်ပြည်ဆိုင်ရာအမျိူးသမီးများနေ့ကို ကမ္ဘာတစ်၀န်းတွင်ကျင်းပနေစဉ် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အိမ် တွင်းမူသက်မွေးလုပ်ငန်းပညာသင်ကျောင်းခန်းမတွင် ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ တွင် ကျင်းပခဲ့ရာ အဆို ပါ အခမ်းအနားကို မွန်ပြည်နယ် စည်ပင်သာယာရေး၀န်ကြီး ဒေါက်တာတိုးတိုးအောင်၊ ဌာနဆိုင်ရာ၀န်ထမ်းများနှင့် မြို့ခံများတက်ရောက်ခဲ့သည်။

    ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သ၀ဏ်လွှာကို MSI မှ စီမံချက်မန်နေဂျာ ဒေါက်တာနေခြည်လင်းက “ကလေးမွေးရန်အခန်းတွင်းသို့၀င်သွားသော အမျိူးသမီးများသည် အပေါက်၀တွင် ချွတ်ထား ခဲ့သော ဖိနပ်များအား ကြောက်ရွံ့နေသောမျက်လုံးများဖြင့် သမင်လည်ပြန် ပြည်လှည့်ကြည့်လေ့ ရှိကြသည်။ သူ တို့ကဒီဖိနပ်တွေကိုပြန်စီးခွင့် ရပါ့ဦးမလားဟုတွေးကြည့်ပြီးကြောက်နေကြသည်ဟု အမေကရှင်ပြခဲ့ဖူးသည်” ဟု ဖတ်ကြားခဲ့သည်။

    အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကျင်ပနေစဉ် (MNA)
    အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကျင်ပနေစဉ် (MNA)

    ထို့အပြင် ကမ္ဘာပေါ်ရှိဆင်းရဲသောဒေသအချို့တွင် အမျိူးသမီးများမီးဖွားရာ၌ အသက်အန္တရယ်စိန်ခေါ်မူ များနှင့် ကြုံတွေ့နေရဆဲဖြစ်သည် ဟုဆက်လက်ပါရှိသည်။

    အပြည်ပြည်ဆိုင်ရာအမျိ်ူးသမီးများနေ့အခမ်းအနား ကျင်းပရခြင်းရည်ရွယ်ချက်များမှာ “အမျိူးသမီးများ ရဲ့အခန်း ကဏ္ဍကိုအသိမှတ်ပြုရန်၊ အမျိူးသမီးထုရဲ့စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရန်၊ အမျိ်ူးသမီးများရဲ့ အောင်မြင် မူကိုအသိမှတ်ပြုရန်နှင့်၊ အမျိ်ူးသမီးများရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်ခဲပြဿနာများကို ပူးပေါင်း ဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် ကျင်းပနေခြင်းဖြစ်ကြောင်း” မွန်ပြည်နယ် စည်ပင်သာယာရေး၀န်ကြီး ဒေါက်တာ တိုးတိုး အောင်က ရှင်းပြသွားခဲ့သည်။

    အခမ်းအနားတွင် ကျား၊မ ရေးရာဆိုင်ရာနှင့် အမျိူးသမီးများအား နည်းမျိူးစုံဖြင့် ခွဲခြားဆက်ဆံမူ ပပျောက် ရေးဆိုင်ရာ သဘောတူစာချုပ်နှင့်ပတ်သတ်၍ ဖန်တီးအိမ်အဖွဲ့မှ စီမံကိန်းညိှု့နှိုင်ရေးမူး ဒေါ်ခင်လေးနွယ်ထွန်းမှ ရှင်းလင်းတင်ပြခဲ့သည်။ ဒါ့အပြင် စာရေးဆရာ ဦးဟွေ့ဉာဏ်မှ “ကျား၊မ တန်းတူ ကမ္ဘာတစ်၀န်း” ခေါင်း စဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့သည်။

    ၁၉၀၈ ခုနှစ်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ အထည်ချုပ်စက်ရုံမှ အမျိူးသမီး တစ်သောင်းကျော်က အလုပ်ချိန်လှျော့ချပေးရန်၊ လုပ်ခလစာတိုးမြှင့်ပေးရန်နှင့်၊ မဲပေးပိုင်ခွင့်ရရှိရန်တို့အတွက် ချီတက်တိုက်ပွဲ ၀င်ခဲ့ ရာမှ အပြည်ပြည်ဆိုင်ရာအမျိူးသမီးများနေ့ဟူ၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts