spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမြန်မာနိုင်ငံ မျက်မမြင်များအသင်း တတိယမြောက်ရုံးခွဲ မော်လမြိုင်မြို့တွင်ဖွင့်လှစ်

    မြန်မာနိုင်ငံ မျက်မမြင်များအသင်း တတိယမြောက်ရုံးခွဲ မော်လမြိုင်မြို့တွင်ဖွင့်လှစ်

    -

    မျက်မမြင်များ၏ ဘဝမြှင့်တင်ပေးနိုင်ရန်နှင့် လူ့အသိုင်းအဝိုင်းအတွင်း တန်းတူအခွင့်အရေး ရရှိရန်ရည်ရွယ်ပြီး မတ်လ (၅) ရက်နေ့တွင် မြန်မာနိုင်ငံ မျက်မမြင်များအသင်း တတိယမြောက်ရုံးခွဲကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သိရိမင်္ဂလာရပ်ကွက်၊ သ႘ရိမင်္ဂလာအိမ်ရာ၊ တိုက်ခန်းအမှတ် (N-003) တွင် ဖွင့်လှစ်ခဲ့သည်။

    ၎င်းဖွင့်ပွဲသို့ မွန်ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးမှု ဦးကိုကိုနိုင်၊ မြန်မာနိုင်ငံမျက်မမြင်များအသင်းမှ တာဝန် ရှိသူများနှင့် မော်လမြိုင်မြို့ရှိ လူမှုအဖွဲ့အစည်းများမှ (၅၀) ဦးခန့်တက်ရောက်ခဲ့သည်။

    မြန်မာနိုင်ငံ မျက်မမြင်များအသင်း Project coordinator ဒေါ်ခေါန်နူး က “ကျမတို့ကတော့ ဒီမွန်ပြည်နယ်မှာ မျက်မမြင်သူတွေအတွက် ဝန်ဆောင်မှုပေးတာ မရှိဘူးလို့မြင်တယ်။ ဝန်ဆောင်မှုပေးတဲ့ပြည်နယ်တော့ရှိတယ်။ အခုမျက်မမြင်ကျောင်းကတော့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်တိုင်းတွေမှာရှိတယ်။ ဒါကြောင့် ဝန်ဆောင်မှုနည်းတဲ့ မွန်ပြည်နယ်မှာ လာရောက်ရုံးခွဲ ဖွင့်ရခြင်းဖြစ်သည်” ဟု ဆိုသည်။

    ပထမဦးဆုံး မွန်ပြည်နယ်မျက်မမြင်စာရင်း စစ်တမ်းကောက်ယူ၍ အသက် အရွယ်အလိုက်အုပ်စု (၄) အုပ်စုခွဲပြီး မည်ကဲ့သို့ပြုစုပျိုးထောင်ရမည်ကို နည်းလမ်းရှာလုပ်ဆောင်သွားမည်ဟု ၎င်းကဆိုသည်။

    မျက်မမြင်များအသင်း တတိယမြောက်ရုံးခွဲဖွင့်လှစ်ပွဲ(MNA)
    မျက်မမြင်များအသင်း တတိယမြောက်ရုံးခွဲဖွင့်လှစ်ပွဲ(MNA)

    ထိုအုပ်စု (၄) ခုထဲတွင် အသက် (၅) နှစ်အောက်၊ အသက် (၅) နှစ်မှ (၂၀) ထိ၊ အသက် (၂၀) အထက်မှ (၅၀) ထိ၊ အသက် (၅၀) အထက်ခွဲခြားထားသည်ဟု သိရသည်။

    မျက်မမြင်များအသင်း မွန်ပြည်နယ်ရုံးခွဲတာဝန်ခံ ကိုမင်းမျိုးဇော် (ခ) ကိုဗဲက “ကျွန်တော်တို့ကတော့ မျက်မမြင် သူများစာရင်း စစ်တမ်းကို မော်လမြိုင်မှာ အရင်ကောက်မယ်။ ပြီးတော့ သံဖြူဇရပ်ကို သွားကောက်ပါ့မယ်။ ပြီးတော့မှ ကျန်တဲ့ မြို့နယ်တွေကို ဆက်လက်ကောက်သွားမယ်။ (၁၀) မြို့နယ်လုံးကို ကောက်သွားမည်” ဟု ဆိုသည်။

    ကျွန်တော်တို့က လူမှုဝန်ထမ်းဦးစီးဌာနမှာ စာရင်းတောင်းထားပါတယ်။ ၎င်းစာရင်းကို အခြေခံပြီးတော့ သက် ဆိုင်ရာ အုပ်ချုပ်ရေးမှူးနဲ့ ဆောင်ရွက်သွားမယ်။ သံဃာတော်တွေကိုလည်း အကူညီတောင်းမယ်။ အချိန်ကိုတော့ (၆) လနဲ့ အပြီးသတ် ကောက်ယူသွားနိုင်မယ်လို့ ခန့်မှန်းထားပါတယ်ဟု ၎င်းကဆက်ပြောသည်။

    တနိုင်ငံလုံး မျက်မမြင်သူ (၁၂၄၇၃၇) ဦးရှိသည်ဟု ခန့်မှန်းသိရပြီး မျက်မမြင်စာသင်ကျောင်း (၈) ကျောင်းတွင် စာသင်ကြားနိုင်သူဦးရေ ထောင်ဂဏန်းမျှသာ ရှိနိုင်သည်ဟု မြန်မာနိုင်ငံ မျက်မမြင်သူများ အသင်းက သုံးသပ်သည်။

    မြန်မာနိုင်ငံ မျက်မမြင်သူများအသင်းရုံးချုပ်ကို ရန်ကုန်မြို့၊ တောင်သူကုန်းရပ်ကွက်၊ ဟသာင်္မြိုင်လမ်းသွယ်၊ သာယာအေး (၁) လမ်း (ဟိုင်ပတ်)၊ အမှတ် (၁၃၇၁) တွင် တည်ရှိပြီး ပထမရုံးခွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဒုတိယရုံးခွဲကိုရှမ်းပြည်နယ်တောင်ပိုင်းနှင့် မွန်ပြည်နယ်တွင်တတိယရုံးခွဲအဖြစ် ဖွင့်လှစ်ထားကြောင်း သိရသည်။

    ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အသင်းအဖွဲ့ ဖွဲ့စည်ခွင့်ဥပဒေနှင့်အညီ မြန်မာနိုင်ငံ မျက်မမြင်သူများ အသင်းကို (၂၀၁၃) ခုနှစ်၊ ဒီဇင်ဘာလတွင် တရားဝင်အသင်းဖွဲ့စည်းခွင့် မှတ်ပုံတင်အမှတ် (၂၁၆၇) ရရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks