spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်တက္ကသိုလ် မွန်စာ/ယဉ် ရွှေရတုသဘင်ကျင်းပ

    မော်လမြိုင်တက္ကသိုလ် မွန်စာ/ယဉ် ရွှေရတုသဘင်ကျင်းပ

    -

    မော်လမြိုင်တက္ကသိုလ် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ အနှစ် (၅၀) ပြည့် ရွှေရတုသဘင် အထိမ်းအမှတ် အခမ်းအနားကို ဖေဖော်ဝါရီ (၇) ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်ရှိ တလထော်ခန်းမ၌ ကျင်းပခဲ့သည်။

    အဆိုပါ အခမ်းအနားတွင် တက္ကသိုလ် ကျောင်းသား၊ ကျောင်သူဟောင်း/သစ်များ တက်ရောက်ခဲ့ကြပြီး စာပေ ဟောပြောပွဲများ၊ မွန်ရိုးရာယဉ်ကျေးမှုအကများ၊ မွန်လူမျိုးတို့၏ သမိုင်းသရုပ်ဖော် ပြကွက်များနှင့် ဖျော်ဖြေရေးအစီစဉ်များဖြင့် ကျင်းပခဲ့သည်ကို တွေ့ရှိရသည်။

    “အခုငါတို့ အကျိုးခံစားနေရတဲ့ မွန်ရိုးရာဝတ်စုံတို့ရယ်၊ ပြက္ခဒိန်ရယ်၊ ရံပုံငွေအတွက် စျေးရောင်းတာ ရယ်၊ ဒီအတွက် ကျောင်းတတ်နေရင်းကနေ လူမျိုးအတွက် ကြိုးပမ်းခဲ့တဲ့ ကျောင်းသားဟောင်း တွေကို အသိမှတ်ပြုဖို့အတွက် ဒီနှစ် (၅၀) ပြည့် ရတုသဘင်ကို ပြုလုပ်ရတာပါ” ဟု ရွေရတု သဘင်ကျင်ပရေးကော်မတီ ဒု-ဥက္ကဌ နိုင်ကျော်ခိုင်ဝင်းက ပြောသည်။

    မော်လမြိုင်တက္ကသိုလ် မွန်စာ/ယဉ် ရွှေရတုသဘင်(GS)
    မော်လမြိုင်တက္ကသိုလ် မွန်စာ/ယဉ် ရွှေရတုသဘင်(GS)

    ထို့အပြင် အနှစ် (၅၀) အတွင်း မွန်ရိုးရာဝတ်စား ဆင်ယင်မှု ပြောင်းလဲလာပုံအဆင့်ဆင့်ကို (၁၀) နှစ်လှျင် တစ်ခေတ်ဟု သတ်မှတ်ကာ ခေတ် (၅) ခေတ်၏ ယဉ်ကျေးမှုတို့ကိုလည်း ယင်း အခမ်းအနားတွင် ပြသခဲ့သည်။

    “ကျောင်းသားဟောင်းတွေ ရှေ့ကဘယ်လိုလုပ်ဆောင်ခဲ့တာကို အခုခေတ်က ကျောင်းသားသစ် တွေ သိရိှပြီးတော့ ရှေ့ဆက်လုပ်ဆောင်တတ်ဖို့၊ ကျောင်းသားသစ်နဲ့ ကျောင်းသားဟောင်းတို့ လူချင်းရော အလုပ်သဘောရော မိတ်ဆက်တဲ့သဘောနဲ့ ဒီပွဲကိုလုပ်ရတယ်” ဟုလည်း ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ပြန်ကြားရေးတာဝန်ခံ ကိုဝင်းဗိုလ်က ပြောသည်။

    “အခုလိုအနှစ်(၅၀)ပြည့်တဲ့ပွဲမျိုး ကြုံခဲတယ်လေ၊ ကိုယ့်မွန်လူမျိုး အရေအတွက် ဘယ်လောက်ရိှမလဲ သိချင်ခဲ့တာရယ် အခုမြင်တဲ့အတိုင်းပဲ့ အားလုံးနီးပါးက ကိုယ့်မွန်လူမျိုးပဲ့ဖြစ်နေတာ တွေ့ရတော့ အရမ်းပျော်ပါတယ်၊ နောက် ဒီအခမ်းအနားက ကိုယ့်မွန်လူမျိုးရဲ့အခန်းနားဆိုတော့ သီချင်းဆိုပြီး အားပေးချင်လို့” ဟု မွန်အဆိုတော် အမ္မရ ပြောသည်။

    မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (မော်လမြိုင်တက္ကသိုလ်) သည် တက္ကသိုလ်ပညာသင်ကြားနေကြသည့် မွန်ကျောင်းသားများအား စာပေ၊ဘာသာစကားဖြင့်လည်းကောင်း၊ ရိုးရာယဉ်ကျေးမှုဖြင့်လည်းကောင်း တစုတစည်းတည်းဖြစ်အောင် ရည်ရွယ်ပြီး (၁၉၆၆) ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks