spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်၏ ပထမဦးဆုံးအမျိုးသမီးလွှတ်တော်ဥက္ကဌ

    မွန်ပြည်နယ်၏ ပထမဦးဆုံးအမျိုးသမီးလွှတ်တော်ဥက္ကဌ

    -

    ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်လွှတ်တော်၌ ဖေဖော်ဝါရီ ၈ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပခဲ့ရာ သံဖြူဇရပ်မြို့နယ် မဲဆန္ဒနယ်(၁) မှ ဒေါ်တင်အိ လွှတ်တော်ဥက္ကဌရွေးချယ်ခံရသဖြင့် မွန်ပြည်နယ်၏ ပထမဦးဆုံးအမျိုးသမီးတစ်ဦး လွှတ်တော်ဥက္ကဌဖြစ်လာသည်။

    ယခုကျင်းပသည့် ပထမပုံမှန်အစည်းအဝေး ပထမနေ့တွင် ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ဒေါက်တာအေးဇံ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ရာ လွှတ်တော်ဥက္ကဌရာထူးအပြင် ဒုဥက္ကဌအဖြစ် ဘီလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ဦးမင်းမင်းဦးတို့အား ရွေးချယ်တင်မြှောက်ခဲ့သည်ကို တွေ့ရှိရသည်။

    မွန်ပြည်နယ် လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက“လွှတ်တော်မှာက ဥပဒေပြုရေးအာဏာက အရေး ကြီးပါတယ်၊ ပြည်သူပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်မယ့် သူတို့ရဲ့အကျိုးဖြစ်ထွန်းစေမယ့် ဥပဒေမျိုးပဲပြုသွားမှာပါ၊ လွှတ်တော်မှာတော့ ဥပဒေပြုရေးကိုပဲအဓိကလုပ်ဆောင်သွားမယ်” ဟု နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

    ယခုအချိန်တွင် ပြည်နယ်အဆင့်အနေဖြင့် ရှေ့ဆက်လက် ဆောင်ရွက်ရမည့်ကိစ္စရပ်များအား အတိအကျမပြောနိုင်သေးသဖြင့် ယျေဘုယျအားဖြင့်သာပြောကြားနိုင်သည်ဟု ဒေါ်တင်အိက ဆိုသည်။

    ၂၀၁၅ ရွေးကောက်ပွဲမှ ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စားလှယ် ၂၃ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၈ ဦး၊ စုစုပေါင်းမွန်ပြည်နယ်လွှတ်တော်ကိုယ်လှယ် ၃၁ ဦးတို့က ကျမ်းကျိန်ဂတိသစ္စာပြုခဲ့ကြပြီး လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌတို့အား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

    ရွေးကောက်ခံပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၁၉ ဦး၊ မွန်အမျိုးသားပါတီ MNP ၂ ဦး၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ၁ ဦးနှင့် ပြည်ခိုင်ဖြိုးပါတီ USDP ၁ ဦးတို့ ဖြစ်ကြသည်။


    ပြည်ခိုင်ဖြိုးပါတီမှ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်မြေ ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မွန်အမျိုးသား မင်းအောင်မွန်က “ကျွန်တော်တို့ဖြစ်စေချင်တာက မွန်ပြည်နယ်လွှတ်တော်မှာ ဥက္ကဌ၊ ဒုဥက္ကဌဆိုတာ ကျွန်တော်တို့လူမျိူးထဲက ဖြစ်စေချင်တာ၊ မွန်ပါတီတွေကလည်း ကိုယ်စားလှယ်လောင်းက နည်းနည်းလေး၊ ကျွန်တော့်ဆန္ဒကတော့ တစ်ယောက်လောက်ပေါ့ ဒုဥက္ကဌပဲဖြစ်ဖြစ်ပေါ့၊ မွန်ကိုယ်စားလှယ်ထဲက ဖြစ်မယ်ဆိုရင် ပြည်သူတွေဘာတွေ ဖြစ်နေသလဲဆိုတာကို ပိုသိနိုင်မယ်၊ အခုအနေအထားက သူ့လူနဲ့သူနဲ့ဖြစ်နေတယ်၊ ကျွန်တော်တို့တင်ရင်လည်း ရမှာမဟုတ်ဘူးလေ။ အကုန်ပေါင်းလိုက်မှ ဒီလွှတ်တော်မှ ကျွန်တော်တို့မွန်လူမျိုးဆိုရင် ဆယ့်တစ်ဦးပဲ ရှိတာလေ” ဟု ကပြောသည်။

    မွန်လူမျိုးတို့၏လိုအပ်ချက်များကို မွန်လူမျိုးများကသာ သိနိုင်ကြောင်း၊ ၎င်းအနေဖြင့် မွန်ပြည်နယ်၏ ကောင်း ကျိုးအတွက် အားလုံးနှင့်ပူးပေါင်းကာ အတူတကွလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မင်းအောင်မွန်က ဆက်ပြောသည်။

    ယနေ့ဒုတိယအကြိမ်လွှတ်တော် ပထမနေ့တွင် လွှတ်တော်ဥက္ကဌဟောင်း ဦးကျင်ဖေမှ ဒေါ်တင်အိအား လွှတ်တော်ဥက္ကဌရာထူး လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks