spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားနေ့ တရားဝင်ရုံးပိတ်ရက်သတ်မှတ်ပေးရန် သမ္မတထံတင်ပြမည်

    မွန်အမျိုးသားနေ့ တရားဝင်ရုံးပိတ်ရက်သတ်မှတ်ပေးရန် သမ္မတထံတင်ပြမည်

    -

    Capလာမည့် တပို့တွဲလပြည့်ကျော် (၁) ရက် (ဖေဖေါ်ဝါရီ ၂၄ ရက်) နေ့တွင် ကျရောက်သည့် မွန်အမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရေးအတွက် တိုင်းဒေသကြီးအဆင့်နှင့် ပြည်နယ်အဆင့်မှ မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီများက တောင်းဆိုလွှာရေးသား၍ နိုင်ငံတော်သမ္မတကြီးထံသို့ ယခုရက်ပိုင်းအတွင်း တင်ပြသွားမည်ဟု သိရသည်။

    ရန်ကုန်တိုင်းဒေသကြီး မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ ဥက္ကဌ နိုင်ဖေတင်က “ကျနော်တို့မွန်အမျိုးသားနေ့ကို မွန်လူမျိုးတို့၏ဆန္ဒအတိုင်း ဖြစ်လာစေဖို့နဲ့ အခြားသောတိုင်းရင်းသားအားလုံးကလည်း လေးလေးနက်နက် အသိမှတ်ပြုနိုင်ဖို့အတွက် ကိုယ်စားပြုပြီး ဒီစာကိုတင်ပြရခြင်းဖြစ်သည်”ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ရန်ကုန်တိုင်း၊ ပဲခူတိုင်း၊ တနသာင်္ရီတိုင်း၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အဆင့် မွန်အမျိုးသားနေ့ ကျင်ပရေးကော်မတီ ဥက္ကဌ အသီးအသီးတို့က ပါဝင်လက်မှတ်ရေးထိုးကြခြင်း ဖြစ်သည်။

    နိုင်ငံတော်သမ္မတကြီးထံသို့တင်ပြလွှာမိတ္တူတစ်စောင် (Mehm Htaw Facebook)
    နိုင်ငံတော်သမ္မတကြီးထံသို့တင်ပြလွှာမိတ္တူတစ်စောင် (Mehm Htaw Facebook)

    ပဲခူတိုင်း မွန်အမျိုးသားနေ့ ကျင်းပရေးကော်မီတီ ဥက္ကဌက “ရုံးပိတ်ရက်အဖြစ် အနည်းဆုံးတော့ မွန်ပြည်နယ်လောက်မှာ ဖြစ်သင့်တာပေါ့၊ အဲဒီကတဆင့် ကျနော်တို့ ပဲခူတိုင်းမှာလည်း ဖြစ်နိုင်ရန် ရည်ရွယ်ပြီး ကျနော်တို့ပါဝင် တင်ပြရတာပါ” ဟု ဆိုသည်။

    နိုင်ငံတော်သမ္မတကြီးထံ အမြန်ရောက်ရန်အတွက် မွန်အမျိုးသားနေ့ ဗဟိုကော်မတီမှ ဦးဆောင်ပြီး ကော်မတီအဆင့်အဆင့်မှ တင်ပြလွှာများကို စုဆောင်းနေဆဲဟု ဗဟိုကော်မတီအဖွဲ့က ဆိုသည်။

    “ကျနော်တို့ကတော့ မြို့နယ်ကို ကိုယ်စားပြုပြီးတင်ပြမယ်။ အသီးအသီးသော ကော်မတီများမှ မူရင်း တင်ပြလွှာများ ကျနော်တို့ဆီရောက်နေပါပြီ၊ သမ္မတထံသို့ တင်ပြပြီးလျှင် မိတ္တူများကို မြို့နယ်အသီးအသီးသို့ ပြန်လည်ပို့ပေးမည်” ဟု မွန်အမျိုးသားနေ့ ကျင်းပရေးကော်မီတီ(ဗဟို) တွဲဖက် အတွင်းရေးမှူး နိုင်မွန်ရာဇာက ဆိုသည်။

    မွန်ပြည်နယ် မော်လမြိုင်မြို့မှာလည်း မွန်အမျိုးသားနေ့တွင် မွန်အမျိုးသား လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ အလုပ်ရုံများကိုလည်း ပိတ်ပေးပါရန် လိုက်လံ စည်းရုံးလျှက်ရှိကြောင်း မော်လမြိုင်မြို့နယ် မွန်အမျိုးသားကျင်းပရေးကော်မီတီက ဆိုသည်။

    အလားတူ ယမန်နှစ်တွင်လည်း မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်က မွန်ပြည်နယ်အစိုးရ ဦးဆောင်ကျင်းပသော မွန်ပြည်နယ်နေ့အခမ်းအနားတွင်မိန့်ခွန်းပြောကြား၍လည်းကောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဦးက ပြည်နယ်လွှတ်တော်အစည်းအဝေးတွင်လည်းကောင်း မွန်အမျိုးသားနေ့ တရားဝင်ရုံးပိတ်ရက်သတ်မှတ်ရေး တောင်းဆိုခဲ့ပြီး ဖြစ်သည်။

    သာသနာသက္ကရာဇ် (၁၁၁၆) ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၁) ရက် တနလာင်္နေ့တွင် သမလ၊ ဝိမလ မွန်ညီနောင် နှစ်ပါးတို့က ပဲခူး-ဟံသာဝတီပြည်ကို တည်ထောင်ခဲ့သည်ကို အကြောင်းပြုကာ မွန်လူမျိုးတို့၏ အမျိုးသားနေ့အဖြစ် နှစ်စဉ်သတ်မှတ်ကျင်းပခဲ့ကြသည်မှာ ၆၉ ကြိမ်ပြည့်မြောက်တော့မည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks