spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းဒုတိယအကြိမ် တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲ ကျင်းပပြီးစီး

    ဒုတိယအကြိမ် တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲ ကျင်းပပြီးစီး

    -

    ညီညွတ်သော တိုင်းရင်းသားလူငယ်များ ဦးဆောင်ပြီး ဒုတိယအကြိမ် တိုင်း ရင်းသား လူငယ်နှီးနှောဖလှယ်ပွဲကို ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကယားရီဆော့ဒ်ဟိုတယ်၌ ဇန်နဝါရီ (၂၄) မှ (၂၆) ရက်နေ့များတွင် ကျင်းပ ခဲ့သည်။

    ထိုနှီးနှောဖလှယ်ပွဲကို ပြည်နယ်နှင့်တိုင်းအသီးသီးမှ လူငယ်အဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂအဖွဲ့များ၊ အမျိုးသမီးအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများအပါအဝင် အဖွဲ့အစည်းပေါင်း (၅၅) ဖွဲ့မှ ကိုယ်စားလှယ် (၁၂၇)

    ဒုတိယအကြိမ် တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲ(GS)
    ဒုတိယအကြိမ် တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲ(GS)
    ဦး တက်ရောက်ဆွေးနွေးခဲ့သည်ဟု နှီးနှောဖလှယ်ပွဲဖြစ်မြေက်ရေးကော်မတီ မိရွှတ်ချမ်း က ပြောသည်။

    မိရွှတ်ချမ်း က “ကျမတို့နိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ မူယစ်ဆေး ပြဿနာတွေ၊ ငြိမ်းချမ်းရေးနဲ့ မိခင်ဘာသာသင်းကြားရေးကိစ္စတွေကို တိုင်းရင်းသားဒေသတခုနဲ့တခု ဘယ်လို ကွာခြားမှုရှိသလဲ၊ ဘယ်လိုလက်တွဲပြီး ဖြေရှင်းသင့်သလဲ အတူတကွ အဖြေရှာနိုင်ရန်အတွက် ဒီနှီးနှောဖလှယ် ပွဲ ပြုလုပ်ရတာပါ” ဟု ဆိုသည်။

    တိုင်းရင်းသား လူငယ်များ နှီးနှောဖလှယ်ပွဲတွင် တိုင်းရင်းသား မိခင်ဘာသာစကား အခြေပြု သင်ကြားရေး ဆိုင် ရာ၊ ခေါင်းဆောင်မှုဆိုင်ရာ၊ ယဉ်ကျေးမှုဆိုုင်ရာ၊ မူးယစ်ဆေးဝါး အန္တရာယ်နှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များ စသည့်ခေါင်းစဉ်များကို ဆွေးနွေးခဲ့သည်။

    ယခုဆွေးနွေးပွဲတွင် မိခင်ဘာသာစကား အခြေပြု သင်ကြားရေးအတွက် အခက်ခဲရှိကြောင်း၊ မွန်တိုင်းရင်းသားတွင် စာပေတစ်မျိုးတည်းရှိသည့်အတွက် အဆင်ပြေကြောင်း နှင့် ကချင်၊ ချင်းစသည့်တိုင်းရင်းသားအများစုအတွက် ဆက်လက်ဆွေးနွေးရန့်ရှိသေးကြောင်း မိရွှတ်ချမ်းက ဆက်ပြောသည်။

    ပညာရေးကဏ္ဍတွင် တိုင်းရင်းသားမိခင်ဘာသာစကား အခြေပြုသင်ကြားခြင်းဆိုင်ရာများကို ထိရောက်စွာ ဆောင်ရွက်ပြီး (အခြေခံပညာမှ အဆင့်မြင့်ပညာအထိ) သင်ကြားရန်၊ တိုင်းရင်းသားများ လိုအပ်သော အခွင့်အရေးများကို အလေးထားပြီး တိုင်းရင်းသား နယ်မြေများတွင် ဒေသခံများ ဦးစားပေးခန့်အပ်ခြင်း၊ အရည် အချင်းမြှင့်တင်ခြင်းနှင့် လုံလောက်သော အထောက်အပံ့များ ပံ့ပိုးပေပေးရန်၊ ကျောင်းသား ဗဟိုပြုစနစ်ဖြင့်ကျင်းသုံးရန်၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေရေးနှင့် လူတိုင်းအကျုံးဝင်သော ပညာရေးစနစ်ဖြစ်ပြီး သင်ထောက်ကူပစ္စည်းများ ပ့ံပိုးခြင်းများကို ကဏ္ဍအလိုက် ဆောင်ရွက်ပေးရန် ဒုတိယအကြိမ် တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲ ထုတ်ပြန်ကြော်ငြာချက်၌ တိုက်တွန်းထားသည်။

    ပထမအကြိမ် တိုင်းရင်းသား လူငယ်များနှီးနှောဖလှယ်ပွဲကို တိုးတက်သော မွန်လူငယ်များအစည်းအရုံး (MY PO) မှ ဦးဆောင်ပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ ၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်တွင် ကျင်းပခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks