spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းကျိုက်မရောမြို့နယ်အားလုံးနီးပါး ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်ပြီးစီး

    ကျိုက်မရောမြို့နယ်အားလုံးနီးပါး ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်ပြီးစီး

    -

    မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း အားလုံးနီးပါးခန့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပြီး စီးနေပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

    ကျိုက်မရောမြို့့အဝင်(Internet)
    ကျိုက်မရောမြို့့အဝင်(Internet)

    ကျိုက်မရောမြို့ပေါ်ရပ်ကွက် (၂) ခုနှင့် ကျေးရွာအုပ်စုပေါင်း (၄၃) ခုရှိရာ လက်ရှိတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူး (၄၄) နေရာ ရွေးချယ်နိုင်ခဲ့ပြီး ကော့ခနိကျေးရွာအုပ်စုတစ်စုသာ ကျန်ရှိနေသေးကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်က ပြောသည်။

    “ဒီလုပ်ငန်းစဉ်သဘောကတော့ ဥပဒေအရ မြို့နယ်က ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့ပေးရမယ်။ ရွေးချယ်တဲ့အပိုင်းက တော့ ကြီးကြပ်ရေး အဖွဲ့ကပဲ ဦးဆောင်ပြီးဆောင်ရွက်သွားတာပါ။ ရွေးချယ်ပြီးတဲ့အပိုင်းကိုတော့ ကျွန်တော့်ဆီ တင်လာတယ်။ တစ်ရွာ နှစ်ရွာတော့ စောဒက (Complain) တက်လာတာရှိတယ်” ဟု ဦးအောင်ထိုက်က ဇန်န ဝါရီလ (၁၉) ရက်နေ့တွင် မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

    ကန့်ကွက်လွှာတင်သွင်းမှုများတွင် ရွေးချယ်မှုအပိုင်း မပါဝင်ကြောင်းနှင့် အုပ်ချုပ်ရေးမှူးများ၏အရည်အချင်း သတ်မှတ်ချက် မပြည့်မီခြင်းကြောင့် ကန့်ကွက်ကြပြီး တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူဖြစ်ရမည်ဟူသည့် အချက်က မွတ်စလင်ကျေးရွာများတွင် ကန့်ကွက်မှုဖြစ်ပေါ်ခဲ့သည်ဟု သူကဆက်ပြောသည်။

    မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက “အုပ်ချုပ်ရေးမှူးရွေးချယ်ဖို့ ကြီးကြပ်ရေးအဖွဲ့ (၅) ဦး ရှိနေလည်း သူတို့တွေက လုပ်ထုံးလုပ်နည်း နားလည်ဖို့ အရေးကြီးတယ်။ လုပ်ငန်းစဉ်အတိုင်း မလုပ်နိုင်ဘူးဆိုရင် ပြဿနာဖြစ်လာနိုင်တယ်။ သူတို့(၅) ဦးက အရင်ဆုံး နားလည်အောင် သင်တန်းပေးရမယ်။ လက်ရှိက အချိန်လဲမရှိဘူး။ အလျဉ်စလို လုပ်နေတော့ အောက်ခြေမှာ ရှုပ်ထွေးနေတာပေါ့” ဟု ပြောသည်။

    ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးဥပဒေကို ပြန်လည်ပြင်ဆင်အတည်ပြုခဲ့ပြီး ၎င်းဥပ ဒေတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးသက်တမ်းသည် သမ္မတသက်တမ်းနှင့်အညီ ဖြစ်ရမည်ဟု ပြဌာန်းပါရှိသည်။

    လက်ရှိရွေးချယ်နေသော ဥပဒေသည်ယခင်ကအတည်ပြုခဲ့သောဥပဒေဖြစ်ပြီး ရပ်-ကျေးအုပ်ချုပ်ရေးမှူးရွေးချယ် ခြင်းကို ပြည်သူ့လွှတ်တော်သက်တမ်းမကုန်မီ တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ဇန်နဝါရီလ (၃၁) နေ့အပြီး ဆောင် ရွက်လျက်ရှိပြီး လက်ရှိပြဌာန်းသောဥပဒေနှင့်ဆိုင်သော ညွန်ကြားချက်တစ်စုံတစ်ရာ မရရှိသေးကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။

    ကျိုက်မရောမြို့နယ်အတွင်း ရွေးချယ်ပြီးသောအုပ်ချုပ်ရေးမှူးများတွင် ယခင်လူဟောင်း (၂၀) ဦး ပြန်လည်အရွေး ချယ်ခံရပြီး လူသစ် (၂၄) ဦး ပါဝင်လာရာ တရနာကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် အမျိုးသမီးတစ်ဦး ရွေးချယ်ခံရသဖြင့် မွန်ပြည်နယ်တွင် ပထမဦးဆုံး အမျိုးသမီးအုပ်ချုပ်ရေးမှူးတစ်ဦး ပေါ်ထွန်းလာသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks