spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို မွန်ပြည်သစ်ပါတီ မတက်ရောက်ဟု နိုင်ဟံသာပြော

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို မွန်ပြည်သစ်ပါတီ မတက်ရောက်ဟု နိုင်ဟံသာပြော

    -

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို မွန်ပြည်သစ်ပါတီ မတက်ရောက်ဟု နိုင်ဟံသာပြော
    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို မွန်ပြည်သစ်ပါတီ မတက်ရောက်ဟု နိုင်ဟံသာပြော
    ဇန်နဝါရီလ ၁၂ ရက်နေ့တွင်ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီအနေ ဖြင့်တက်ရောက်မည်မဟုတ်ကြောင်း ဒု- ဥက္ကဌ နိုင်ဟံသာက မွန်သတင်းအေဂျင်စီကိုပြောသည်။

    နိုင်ဟံသာက “ဒီပွဲကတော့ လူမျိုးပေါင်းစုံနဲ့ ပတ်သက်နေတယ်၊ ပြီးခဲ့တဲ့ ဇန်နာဝါရီလ ၇ ရက် ၈ ရက်နေ့က UNFC အစည်းအဝေးမှာ မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်လွှတ်ခဲ့တယ်၊ အဖွဲ့အစည်းအားလုံး မပါဘူးဆိုရင် ကျနော်တို့အနေနဲ့ မတက်ပါဘူး” ဟု ပြာသည်။

    အစိုးရအဖွဲ့နှင့် တပ်မတော်ရေးဆွဲခဲ့သည့်နိုင်ငံရေးမူဘောင်အား လက်နက်ကိုုင်တိုင်းရင်းသားများ လက်မခံနိုင်ခြင်း ၊ အဓိက သုံးပွင့်ဆိုင်ဆွေးနွေးပွဲမဖြစ်မြောက်ဘဲ အစိုးရက အပေါ်စီးမှနေရာရယူထားပြီးသားဖြစ်နေသည့်အတွက် ယခုကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်ရန်ဆုံးဖြတ်ထားသကဲ့သို့ UNFC အနေဖြင့်လည်း တက်ရောက်မည်မဟုတ်ကြောင်း နိုင်ဟံသာက ဆက်ပြောသည်။

    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA တွင်ပါဝင်သည့် သုံးပွင့်ဆိုင်ကိုယ်စားပြုမှု ကိုအခြေခံသည့် နိုင်ငံရေးဆွေးနွေးပွဲပုံစံမှ ငါးပွင့်ဆိုင်ဆွေးနွေးပွဲပုံစံသို့ ပြောင်းလဲသွားခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာရဲ့ အဓိကသော့ချက်ဖြစ်သည့် ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသား တန်းတူရေး ကိစ္စရပ်အပေါ် အလေးထားမှုကို လျော့ကျစေနိုင်သည်ဟုလည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့က အရပ်ဘက်လူထုအဖွဲ့အစည်းများ သဘောထားထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။

    နိုင်ငံရေး ဆုံးဖြတ်ချက်ချမှတ်သည့် နေရာတွင် တပ်မတော်၏ ချုပ်ကိုင်မှုအာဏာကို လျော့ချသင့်ကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲတွင် သက်ဆိုင်သော နိုင်ငံရေးအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများတို့၏ တူညီသည့် ဆုံးဖြတ်ချက်များသာ အဓိက ဖြစ်သင့်ကြောင်း၊ ယခုကျင်းပသည့် ပြည်တောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် တပ်မတော်၏ လက်ထဲသို့ ဆုံးဖြတ်ချက်အာဏာကို ပုံအောပေးထားသကဲ့သို့ ဖြစ်နေသည့်အတွက် ကိုယ်စားပြုအချိုးအစားကို ပြန်လည်သုံးသပ်ရမည် ဖြစ်ကြောင်း၊ ထိုမှသာ ပင်လုံစာချုပ်ရဲ့ အနှစ်သာရကို အကောင်အထည်ဖော်နိုင်မည်ဟု မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူအဖွဲ့မှ ဒေါ်ခင်ဥမ္မာက ပြောသည်။
    ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအပေါ် နိုင်ငံရေးဆွေးနွေးပွဲတက်ရောက်မည့် ကိုယ်စားပြု အချိုးအစားများနှင့် ဆုံးဖြတ်ချက်ရယူမည့် ရာခိုင်နှူန်း သတ်မှတ်ချက်များကို ပြန်လည်သုံးသပ်ရန်အတွက် အရပ်ဖက်လူ့အဖွဲ့အစည်း၏ သဘောထားထုတ်ပြန်ချက်တွေကို ပြန်လည်သုံးသပ်ရန် အရပ်ဖက်လူထုအဖွဲ့အစည်း၏ သဘောထားကို ဇန်နဝါရီလ ၅ ရက်နေ့က ထုတ်ပြန်ထားသည်။

    ဒေါ်အောင်ဆန်းစုကြည်က “တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ဟာ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် ပထမအစ ခြေလှမ်းသာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် မလွဲမသွေ ကြိုးပမ်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်းကြားမှာ အန်စီအေစာချုပ်ကို လက်မှတ်ရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် လက်မှတ်ရေးထိုးခြင်း မပြုရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အချင်းချင်း စိတ်ဝမ်းမကွဲကြဖို့ အရေးကြီးပါတယ်။” ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    အစိုးရနှင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ ၈ ဖွဲ့ပါဝင်သော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ဇန်နဝါရီ ၁၂ ရက်နံနက်ပိုင်းက နေပြည်တော်၌ စတင်ကျင်ပခဲ့ရာ ညီလာခံဖွင့်ပွဲတွင် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်အကြီးအကဲများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များ တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks