spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်မည့်လုပ်ငန်းစဉ်များ ဒေါ်လာ ၂၁ သန်းလိုအပ်နေဟုဆို

    ပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်မည့်လုပ်ငန်းစဉ်များ ဒေါ်လာ ၂၁ သန်းလိုအပ်နေဟုဆို

    -

    အစိုးရတပ်မတော် နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား နှစ်ဖက် ရင်ဆိုင် ပစ်ခတ်တိုက်ခိုက်မှုများ မရှိစေရန် ပစ်ခတ်

    NCA ရက်သတ်မှတ်ရေး အကြို ညှိနှိုင်း အစည်းအဝေး(MPC)
    NCA ရက်သတ်မှတ်ရေး အကြို ညှိနှိုင်း အစည်းအဝေး(MPC)
    တိုက်ခိုက်မှုရပ်စဲရေးကော်မတီ(JMC)ကို အဆင့်ဆင့် ဖွဲ့စည်းကာ စောင့်ကြည့်မည့် လုပ်ငန်းစဉ်များလုပ်ဆောင် သွားမည်ဖြစ်သည့်အတွက် အမေရိကန် ဒေါ်လာ ၂၁ သန်းလိုအပ်နေကြောင်း သတင်းရသည်။

    အစိုးရ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား နှစ်ဖက် ရင်ဆိုင် ပစ်ခတ် တိုက်ခိုက်မှုများ မဖြစ်ပွားစေရန်အတွက် NCA စာချုပ်ပါ သဘောတူညီချက်များအတိုင်း ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးကော်မတီ(JMC-U)ကို ဖွဲ့စည်းကာ ထပ်မံ၍ ပြည်နယ်အဆင့် နှင့် ဒေသန္တရာ အဆင့် များ ၌ အဆင့်ဆင့် ဖွဲ့စည်းသွားကာ ၃ နှစ် စီမံကိန်းဖြင့် စောင့်ကြည့်ရေး လုပ်ငနး်စဉ်များကို လုပ်ကိုင် ဆောင်ရွက် သွားမည်ဖြစ်သည့်အတွက် အမေရိကန် ဒေါ်လာ ၂၁ သန်း လိုအပ်မည်ဖြစ်သည်ဟု ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးကော်မတီ(JMC-U)အတွင်းရေးမှူး(၁) ဒေါက်တာ ရွှေခါးက ပြောသည်။

    “ကျွန်တော်တို့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကော်မတီ(JMC-U)ကို ဖွဲ့စည်းပြီးပြီ။ဒါပေမယ့် နောက်ထပ် ပြည်နယ်အဆင့် JMC-S ကို ဖွဲ့စညး်ရအုံးမယ်ဖြစ်သလို ဒေသန္တရာအဆင့် JMC-L ကိုလည်း ထပ် ဖွဲ့ရ အုံးမယ်။ဒီလို အဆင့်ဆင့်ဖွဲ့ပြီးတော့ နှစ်ဖက် ရင်ဆိုင် ပစ်ခတ်တိုက်ခိုက်မှုတွေ မရှိအောင် စောင့်ကြည့်ရေး လုပ်ငနး်စဉ်တွေ လုပ်သွားမယ်။ဒီအတွက် အမေရိကန် ဒေါ်လာ ၂၁ သန်းလိုအပ်နေတယ်”ဟု ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကော်မတီ(JMC-U)အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးက ပြောသည်။

    အဆိုပါ ဒေါ်လာ ၂၁ သန်းသည် အစိုးရနှင့် NCA စာချုပ် ချုပ်ဆိုထားသည့် တိုင်းရင်းသား လက်နက်ကိုုင် အဖွဲ့အစည်းများရှိရာ ဒေသများတွင် တပ်မတော်နှင့် နယ်မြေပိုင်းခြားမှုများ၊ ပစ်ခတ်တိုက်ခိုက်မှု ပြန်မဖြစ်ရေး အတွက် စောင့်ကြည့်ရေး ကော်မတီများ ဖွဲ့စည်းရန်၊အဆောက်အအုံများ ဆောက်လုပ်ရန်၊ စသည့် ကိစ္စ ရပ်များကို သုံးစွဲသွားရမည်ဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC)မှ တာဝန်ရှိသူများကပြောသည်။

    ၎င်း ကိစ္စရပ်များအတွက် သုံးစွဲရမည့်ဖြစ်သည့်အတွက် သုံးနှစ်စာလှျာထားသည့်အတိုင်း တစ်နှစ်လှျင် ဒေါ်လာ ရ သန်း နှင့် ၈ သန်းအကြား ကုန်ချမည်ဖြစ်ကြောင်း သိရသည်။

    ဇန်နဝါရီလ ၈ ရက်က JMC-U မှ ကမ္ဘာ့ကုလသမဂ္ဂ(UN) ကိုယ်စားလှယ် အပါအ၀င် အလှူငွေပေးနိုင်မည့် နိုင်ငံတကာ အဖွဲ့အစည်း ကိုယ်စားလှယ် ၃၀ ကျော်တို့နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး(MPC)တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ဘတ်ဂျက်လိုငွေ ရှိနေကြောင်း ဆွေးနွေးခဲ့ကြသည်။

    JMC များကို ဖွဲ့စည်းပြီးနောက် ပစ်ခတ်မှုများ ပြန်လည် ဖြစ်ပွားပါက JMC ကိုယ်စားလှယ်များက အပြစ်ပေး အရေးယူခြင်းများ ပြုလုပ် သွားမည်ဖြစ်ပြီး ရာဇ၀တ်မှုများ ဖြစ်ပါက ရာဇ၀တ်မှု ပုဒ်မများဖြင့် အရေးယူသွားမည်ဟု ဆို JMC-U မှအတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးက ပြောသည်။

    လုပ်ငန်းစဉ်များ လုပ်ကိုင်ရန်အတွက် လိုအပ်ငွေများကို နိုင်ငံတကာ အလှူရှင်များထံမှ ရရှိရန် ညှိနိှုင်းနေသည့် အပြင် နိုင်ငံတော် ဘတ်ဂျက်မှလည်း ရရှိရန် လွှတ်တော်သို့ တောင်းဆိုသွားမည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks