spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ NCA လက်မှတ်မထိုးသည့် အဖွဲ့များတက်ရောက်မည်မဟုတ်

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ NCA လက်မှတ်မထိုးသည့် အဖွဲ့များတက်ရောက်မည်မဟုတ်

    -

    ယခုလအတွင်း ကျင်းပတော့မည်ဖြစ်သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးစာချုပ်(NCA)လက်မှတ်မရေးထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တက် ရောက်မည်မဟုတ် ကြောင်း သတင်းရသည်။

    တိုင်းရင်းသားလက်နက်ကိုင်လူမျိုးများညီလာခံ-လိုင်ဇာ(Internet)
    တိုင်းရင်းသားလက်နက်ကိုင်လူမျိုးများညီလာခံ-လိုင်ဇာ(Internet)

    အစိုးရသည် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ (၁၂) ရက်နေ့တွင် နေပြည်တော်၌ စတင် ကျင်းပသွားမည်ဖြစ်ကြောင်း ၂၀၁၅ ခုနှစ်၊ဒီဇင်ဘာလက တရားဝင် ထုတ်ပြန် ကြေညာခဲ့သည်။

    အဆိုပါ ညီလာခံသို့ NCA လက်မှတ် မရေးထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ အပါအဝင် အစိုးရ အသိအမှတ် ပြု အဖွဲ့များကို အထူးဧည့်သည်များအဖြစ် ဖိတ်ကြားသွားရန် စီစဉ်ထားကြောင်း မြန်မာငြိမ်း ချမ်းရေးစင်တာ(MPC)မှ ဦးလှမောင်ရွှေက ပြောသည်။

    ညီညွတ်သောတိုင်းရင်းသားလူမျိုး များ ဖယ်ဒရယ်ကောင်စီ(UNFC)မှ တွဲဖက် အထွေထွေအတွင်းရေးမှူး(၁) ဦးထွန်းဇော်က “ကျွန်တော်တို့ UNFC မှာ တိုင်းရင်းသား လက်နက်ကိုင် ၉ ဖွဲ့ ရှိတယ်။ဒီအဖွဲ့တွေ အားလုံးကတော့ တက်ရောက် သွားဖို့ မရှိဘူး။ဘာလို့လဲဆိုတော့ ဒီညီလာခံကို တက်တော့ရော ဘာမှ ထူးခြားလာမှာမဟုတ်ဘူးလေ။ဘာ ကြောင့်လဲဆိုတော့ ကျွန်တော်တို့က အထူးဧည့်သည်အနေနဲ့ပါ တက်ရောက်ရမယ်။ပါဝင်ဆွေးနွေးပြီးတော့ ဆုံး ဖြတ်ပိုင်ခွင့်မရဘူးလေ။ဒါကြောင့် မတက်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်”ဟု ပြောသည်။

    အစိုးရသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)ကို လက်မှတ်ရေးထိုးရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် (၁၅)ဖွဲ့ကို ဖိတ်ခေါ် ကမ်းလှမ်းခဲ့ရာမှ ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်တွင် KNU၊ DKBA၊ KNU/KNLA-PC၊ RCSS၊ PNLO၊ ALP၊ CNF၊ ABSDF၊ စသည့် လက်နက်ကိုင် (၈)ဖွဲ့ နှင့်သာ လက်မှတ်ရေးထိုးခဲ့ကြသည်။

    ကျန်အဖွဲ့များ ဖြစ်သော KIO၊ SSPP၊ NMSP၊ KNPP၊ UWSA၊ NDAA၊ NSCN-K စသည့် လက်နက်ကိုင်အဖွဲ့များ က NCA စာချုပ်ကို လက်မှတ်မထိုးသေးပေ။

    “ကျွန်တော်တို့ကတော့ UNFC ရဲ့ သဘောထား အတိုင်းဘဲ အားလုံး တက်ရင် တက်မယ် မတက်ရင်တော့ ကျွန် တော်တို့လည်း မတက်တော့ဘူး။ တစ်စုံ တစ်ရာ ထူးခြားမှုလည်း ရှိမယ်လို့ မထင်မိဘူး။နောက်တစ်ခုက ပါဝင် ဆွေးနွေး ဆုံးဖြတ်ပိုင်ခွင့်မရဘူးလေ”ဟု ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဗိုလ်မှူးကြီး စိုင်းလကပြောသည်။

    အစိုးရသည် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ လက်မှတ် မရေးထိုးရသေးသည့် KIO၊ SSPP၊ NMSP၊ KNPP၊ UWSA၊ NDAA၊ NSCN-K အပါအဝင် အစိုးရ အသိအမှတ်ပြု လက်နက်ကိုင် အဖွဲ့များ ဖြစ်သော ရခိုင်အမျိုးသားကောင်စီ(ANC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ “ဝ”အမျိုးသားအဖွဲ့ချုပ်(WNO)၊ တအောင်း(ပလောင်)အမျိုးသားလွှတ်မြောက်ရေးတပ် မတော်(TNLA)၊ စသည့် လက်နက်ကိုင် အဖွဲ့များကို အထူးဧည့်သည်တော်များအဖြစ် ဖိတ်ကြားထားသည်။

    ကျန် ရက္ခိုင့်တပ်မတော်(AA) နှင့် ဖုန်းကြာရှင် ဦးဆောင်သော မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မ တော်(MNDAA)တို့ကိုတော့ ဖိတ်ကြားသွားရန် အစီအစဉ်မရှိကြောင်း သိရသည်။

    အစိုးရမှ ဖိတ်ကြားထားသည့် လက်နက်ကိုင် ၁၁ ဖွဲ့အနက် KIO၊ SSPP၊ NMSP၊ KNPP၊ ANC၊ LDU၊ TNLA၊ တို့ သည် UNFC အဖွဲ့ဝင်များ ဖြစ်သည့်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ မတက်ရောက်တော့ရန် ဆုံး ဖြတ်ခဲ့ကြသည်။

    ထို့ပြင် UWSA၊ NDAA၊ NSCN-K တို့ကလည်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ မတက်ရောက်ကြတော့ ရန် ဆုံးဖြတ်ထားကြကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ပြောသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့ UNFC ၏ သုံးသပ်ချက်တစ်ရပ်တွင် NCA ရှိ ပုဒ်မ(၂-ဃ)အရ အားလုံးအတူတကွပါဝင်လက်မှတ် ရေးထိုးရန်ဆိုသည့်အချက်နှင့်လည်း ကိုက်ညီခြင်မရှိဘဲ NCA ဆိုသည့်အနှစ်သာရမှာ ပျက်ပြယ်သွားခဲ့ကြောင်း၊ တဖက်တွင် ထိုးစစ်ဆင်နေပြီး တဖက်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ပြနေမှုသည် တိုင်းပြည်၏စစ်မှန်တရားမျှတ၍ ဂုဏ်သိက္ခာရှိသောငြိမ်းချမ်းရေးမဟုတ်ပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks