spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းထိုင်းနိုင်ငံ မွန်အသင်းအဖွဲ့များ MAT နှစ်ပတ်လည် အစည်းအဝေးကျင်းပ

    ထိုင်းနိုင်ငံ မွန်အသင်းအဖွဲ့များ MAT နှစ်ပတ်လည် အစည်းအဝေးကျင်းပ

    -

    ထိုင်းနိုင်ငံ မွန်အသင်းအဖွဲ့များ Mon Association of Thailand-MAT နှစ်ပတ်လည် အစည်းအဝေးကို မဟာချိုင်မြို့ ဝါတ်ခွတ်မွန်ဘုန်းတော်ကြီးကျောင်း၌ ပြီးခဲ့သည့် ဇန်နဝါရီလ ၂ -၃ ရက်နေ့များတွင် ကျင်းပခဲ့သည်ဟု သိရသည်။

    ထိုင်းနိုင်ငံ မွန်အသင်းအဖွဲ့များ MAT နှစ်ပတ်လည်အစည်းအဝေး(NS)
    ထိုင်းနိုင်ငံ မွန်အသင်းအဖွဲ့များ MAT နှစ်ပတ်လည်အစည်းအဝေး(NS)

    အဆိုပါနှစ်ပတ်လည်အစည်းအဝေးတွင် ထိုင်းနိုင်ငံအခြေစိုက် မွန်အသင်းအဖွဲ့ပေါင်း (၄၀) မှ ကိိုယ်စားလှယ် (၁၅၀) ဦးကျော်တက်ရောက်ကြခဲ့ကြသည်ဟု ဦးစီးကျင်းပသူများက ဆိုသည်။

    MAT သဘာပတိ နိုင်မွန်အေး က “ကျနော်တို့ မွန်လူမျိုးတွေ ထိုင်းနိုင်ငံမှာ ဆက်လက်နေထိုင် အလုပ်လုပ်ကိုင်နေကြဦးမည်ဆိုရင် ရေရှည်အတွက် ကျနော်တို့ မွန်အဖွဲ့အစည်းတွေ အချင်းချင်း ရိုင်းပင်းကူညီကြရမည်”ဟု ပြောသည်။

    ဖိတ်ကြားချက်အရ ပြည်တွင်း မွန်ရဟန်းပျိုအဖွဲ့ ကိုယ်စားလှယ်များလည်း တက်ရောက်ကြရာ မွန်အမျိုးသား စည်းလုံးညီညွတ်မှုအနေအထားနှင့် ၂၀၁၅ ရွေးကောက်ပွဲ အခြေအနေများကို မွန်အသျှင်နာရဒက ရှင်းပြခဲ့သည်။

    ပြီးခဲ့တဲ့ ၂၀၁၅ ရွေကောက်ပွဲတွင် မွန်မဲဆန္ဒရှင်များ မွန်ပါတီ မွန်ကိုယ်စားလှယ်များကို မဲထည့်ကြရန် မွန်လူအဖွဲ့အစည်းများက ကြိုးပမ်းခဲ့သော်လည်း ကွဲပြားနေသော မွန်နိုင်ငံရေး ၂ ပါတီတို့အကြား ညှိနှုိင်းမှု မရှိသောကြောင့်လည်းကောင်း၊ NLD ၏သြဇာ ကြီးမားသောကြောင့်လည်းကောင်း၊ မွန်မဲဆန္ဒရှင်များ၏ မဲပေးခြင်း အသိပညာ အားနည်းမှုကြောင့်လည်းကောင်း ရွေးကောက်ပွဲဝင် မွန်ကိုယ်စားလှယ်လောင်းများ အရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ရှင်းပြခဲ့သည်။

    ထိုနောက် ဇန်နဝါရီ ၂ ရက်နေ့ ညနေပိုင်းတွင်လည်း အမြင်ဖလှယ်ပွဲတရပ် ပြုလုပ်ရာတွင် မွန်ရေးရာအဖွဲ့ MAU- ၏ သဘာပတိဟောင်း နိုင်ရွှေသိန်းက မွန်ပြည်သစ်ပါတီနှင့် ပြည်တွင်းပြည်ပမွန်တိုင်းရင်းသားတို့ စည်းလုံးညီညွတ်မှု တည်ဆောက်ခဲ့သော အကြောင်းရှင်းပြပြီး မွန်ရေးရာအဖွဲ့အနေဖြင့် မွန်အမျိုးသားညီလာခံ(ဒုတိယအကြိမ်) ထပ်မံကျင်းပနိုင်ရေးကိုလည်း ဆွေးနွေးခဲ့သည်။

    ထိုင်းနိုင်ငံ မွန်အသင်းအဖွဲ့များ Mon Association of Thailand-MAT သည် ထိုင်းနိုင်ငံရောက် မွန်အလုပ်သမားများကို အခြေခံဖွဲ့စည်းခဲ့သည်မှာ (၂) သက်တမ်းရှိပြီဖြစ်သည်။

    မွန်အမျိုးသား စည်းလုံးညီညွတ်မှု တည်ဆောက်ရေး၊ စွမ်းရည်အသိအမြင်နှင့် ပညာမြှင့်တင်ရေး၊ အမျိုးသားအမွေအနှစ်ဖြစ်သော ဘာသာစကား၊ စာပေ၊ သာသနာ စသည်တို့ကို စောင့်ရှောက်ရန် အဓိက ရည်ရွယ်ချက်ဖြင့် Mon Association of Thailand-MAT ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks