spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းတစ်နိုင်ငံလုံးအတိုင်းအတာမဆောင်သည့်စာချုပ်အား လွှတ်တော်၌အတည်ပြုခြင်းက ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်မဟုတ်ဟု UNFC ပြော

    တစ်နိုင်ငံလုံးအတိုင်းအတာမဆောင်သည့်စာချုပ်အား လွှတ်တော်၌အတည်ပြုခြင်းက ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်မဟုတ်ဟု UNFC ပြော

    -

    ချစ်မင်းထွန်း – တိုင်းရင်းသား လက်နက်ကိုင် (၈)ဖွဲ့ နှင့်သာ လက်မှတ်ရေးထိုးထားသည့် တစ်နိုင်ငံလုံးအတိုင်းအတာ မဆောင် သော NCA စာချုပ်အား လွှတ်တော်၌ အတည်ပြုခြင်းက အားလုံးမှ လိုလားသော အဖြေကို ရရှိမည်မဟုတ်သလို ပြီးပြည်စုံသော ငြိမ်းချမ်း

    UNFC ဒုဥက္ကဌ နိုင်ဟံသာ(Internet)
    UNFC ဒုဥက္ကဌ နိုင်ဟံသာ(Internet)
    ရေးကိုလည်း တည်ဆောက်နိုင်မည်မဟုတ်ဟု ညီညွတ်သောတိုင်းရင်းသား လူမျိုး များဖယ်ဒရယ်ကောင်စီ(UNFC)က ပြောသည်။

    ဒီဇင်ဘာ ရ ရက်မှ ၁၀ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့၌ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC နှစ်ပတ်လည်ကောင်စီအစည်းအဝေးကို NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ကျင်းပခဲ့သည်။

    ယင်းအစည်းအဝေးမှ တဆင့် ဒီဇင်ဘာ ၁၂ ရက် UNFC ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်များကို လက်ရှိ အစိုးရ၊တပ်မတော်နှင် မကြာမီအာဏာရရှိလာမည့် NLD အစိုးရသစ်တို့ အပြီးသတ်ဆက်လက်တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ထိုသို့ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန်အတွက် နိုင်ငံရေးဆိုင်ရာ ညှိနှုိင်းဆွေးနွေးအဖြေရှာရေး ကိုယ်စားလှယ်အဖွဲ့ တစ်ရပ်ကို ဖွဲ့စည်းခဲ့ကြောင်း ဖော်ပြထားသည်။

    NCA ကို ညှိနှုိင်းဆွေးနွေးရေးသားမှုကာလတလှျောက် ပါဝင်ခဲ့ကြသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအားလုံး သဘောတူလက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးမီ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်နေ့တွင် လွှတ်တော်၌ အတည်ပြုသွားခဲ့ပြီး ဖြစ်သည်။

    “တနိုင်ငံလုံးအတိုင်းအတာ မဆောင်တဲ့ စာချုပ်ကို လွှတ်တော်က အတည်ပြုလိုက်တာ မဖြစ်သင့်ပါဘူး။ဒီလို လုပ် ခြင်းအားဖြင့် ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာလည်း မဟုတ်ဘူး။နောက်တစ်ခုက အားလုံး က လိုလားတဲ့ အဖြေကိုလည်း ရလာနိုင်ခြေမရှိဘူး။ဒါကို ကျွန်တော်တို့ ကန့်ကွက်ပါတယ်”ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)ကို လက်မှတ်ရေးထိုးရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် ၁၅ ဖွဲ့သာ အစိုးရမှ ကမ်းလှမ်းခဲ့သည်။

    တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၁ ရှိသည့်အတွက် အားလုံး ပါဝင် လက်မှတ်ရေးထိုးခွင့်ပြုရန် UNFC အဖွဲ့ဝင်များက တောင်းဆိုခဲ့ကြသော်လည်း NCA ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့သာ အစိုးရနှင့် သဘောတူလက်မှတ်ရေးထိုးဖြစ်ခဲ့သည်။

    တဖက်တွင် ကချင်လွတ် မြောက်ရေးအဖွဲ့(KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ မွန် ပြည်သစ်ပါတီ(NMSP)၊ မိုင်းလားအဖွဲ့(NDAA)၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ နာဂ အမျိုး သားဆိုရှယ်လစ်ကောင်စီ ကပ်ပလန်(NSCN-K)၊ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA)၊ရက္ခိုင့်တပ်မတော်(AA)၊ ရခိုင်အမျိုးသားကောင်စီ(ANC)၊ “ဝ” အမျိုး သားအဖွဲ့(WNO)၊လားဟူးအဖွဲ့(LDU) တို့ NCA စာချုပ်လက်မှတ်မရေးထိုးသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks