spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းကမ္ဘာ့အရပ်ရပ်မှ လူ့အခွင့်အရေး ချိုးဖောက်ခံသူများအတွက် ဆုတောင်းပွဲ ပြုလုပ်မည်

    ကမ္ဘာ့အရပ်ရပ်မှ လူ့အခွင့်အရေး ချိုးဖောက်ခံသူများအတွက် ဆုတောင်းပွဲ ပြုလုပ်မည်

    -

    ဒီဇင်ဘာ ၈

    ကမ္ဘာ့အရပ်ရပ်မှ လူ့အခွင့်အရေး ချိုးဖောက်ခံသူများအတွက် ဆုတောင်းပွဲနှင့် အမှတ်တရမီးပုံးပျံ လွှတ်ပွဲကို ရေးမြို့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနား ကျင်းပရေး

    ကော်မတီထံမှ သိရသည်။

    ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို မွန်လူငယ်များအဖွဲ့နှင့် လူမှုအဖွဲ့အစည်း အသီးသီးတို့က ပူးပေါင်းစီစဉ်ပြီး ရေးမြို့၊ သီရိနန္ဒာရပ်ကွက်ရှိ တစ်ပလ္လင်နှစ်ဆူစေတီတော်ဝင်းအတွင်းတွင် ညနေ ၅ နာရီမှ ည ၁၁ ထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

    အခမ်းအနား ကျင်းပရေး တာဝန်ခံ နိုင်စိုးသိမ်း က “လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ လူတွေကို ငဲ့ညှာစာနာတဲ့အနေနဲ့ ဆုတောင်းပွဲတွေလည်း လုပ်မယ်။ အမှတ်တရ မီးပုံပျံတွေလည်း လွှတ်မယ်။ နောက်ပြီးတော့ လူ့အခွင့်အရေး၊ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးနဲ့ဆိုင်တဲ့ စင်တင်စကားဝိုင်းတွေလည်း လုပ်သွားမယ်” ဟု ပြောသည်။

    အခမ်းအနားတွင် ဒေသတွင်း လူ့အခွင့်အရေးအခြေအနေ မြှင့်တင်ခြင်းလုပ်ငန်းစဉ်များ အကြံပြုဆွေးနွေးခြင်း၊ လက်ရှိမြန်မာ့နိ်ုင်ငံရေးနှင့် လူ့အခွင့်အရေးအခြေအနေများ သုံးသပ်ဆွေးနွေးခြင်း၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေး မြှင့်တင်ခြင်းလုပ်ငန်း အစီရင်ခံတင်ပြခြင်းတို့ကို စကားဝိုင်းအသွင် ဆွေးနွေးသွားမည် ဖြစ်ပြီး၊ လူ့အခွင့်အရေး ကြေညာစာတမ်း အကျဉ်းချုပ်ကို ဖတ်ကြားခြင်းနှင့် မေးခွန်းမေးမြန်းခြင်း အစီအစဉ်တို့ကိုလည်း ထည့်သွင်းထားသည်ဟု သူက ပြောသည်။

    လူ့အခွင့်အရေးကို လူသားတိုင်း လေးစားလိုက်နာရန် လိုအပ်ပြီး၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ဒေသခံများ သိရှိနားလည်ရန်၊ ဒေသခံပြည်သူလူထုနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တို့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ရည်ရွယ်၍ အခမ်းအနားကို ကျင်းပခြင်း ဖြစ်သည်ဟု ကျင်းပရေးကော်မတီက ပြောသည်။

    လူ့အခွင့်အရေးသည် ကလေးသူငယ်များနှင့်လည်း သက်ဆိုင်ကြောင်း သိရှိနားလည် စေရန်အတွက် အခမ်းအနား ပြပွဲအတွင်းတွင် ဂိမ်းကစားခြင်း၊ ကလေးသူများ ပါဝင်လှုပ်ရှားသည့် လူအခွင့်အရေး ပညာပေး တစ်ခန်းရပ်ပြဇာတ် တင်ဆက်ခြင်း အစီအစဉ်တို့ကိုလည်း ထည့်သွင်းထားကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြုလုပ်သည့် ကျင်းပရေး ညှိနှုိင်း အစည်းအဝေးမှ သိရသည်။

    အခမ်းအနား ကျင်းပခွင့် ရရန်အတွက် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံသို့ တင်ပြထားပြီး ဒီဇင်ဘာလ ရ ရက်နေ့တွင် ကျင်းပခွင့်ပြုကြောင်း အကြောင်းပြန်ထားပြီး ဖြစ်သည်ဟုလည်း အခမ်းအနား ဖြစ်မြောက်ရေး စီစဉ်သူတစ်ဦး ဖြစ်သည့် ကိုလွင် က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks