spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ဆန္ဒမဲပေးမှုအနည်းဆုံး ကျိုက်မရောမြို့နယ်ဖြစ်

    မွန်ပြည်နယ်တွင် ဆန္ဒမဲပေးမှုအနည်းဆုံး ကျိုက်မရောမြို့နယ်ဖြစ်

    -

    မွန်ပြည်နယ် မဲစာရင်း(IMNA)
    မွန်ပြည်နယ် မဲစာရင်း(IMNA)
    မိဟံသာ – ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ် ၁၀ မြို့နယ်အနက် ကျိုက်မရောမြို့နယ်သည် ဆန္ဒမဲပေးခွင့်ရှိသူ ၁၅၇၄၆၈ ရှိသည့်အနက် ဆန္ဒမဲပေးသူ ၆၈၀၁၁ ဦးရှိသည့်အတွက်

    ၄၃.၂ ရာခိုင်နှုန်းဖြစ်သဖြင့် ပြည်နယ်အတွင်း ဆန္ဒမဲပေးသည့် အနည်းဆုံး မြို့နယ်အဖြစ် တွေ့ရှိရသည်။

    အဆိုပါမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၆ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀ ဦး၊ ပြည်နယ်လွှတ်တော်(၁) ကိုယ်စားလှယ်လောင်း ရ ဦးနှင့် ပြည်နယ်လွှတ်တော်(၂) ကိုယ်စားလှယ်လောင်း ၈ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

    အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ယှဉ်ပြိုင်ခဲ့သူ မိစန္ဒာနွန်က “ကျိုက်မရောမြို့နယ်မှာ ဆန္ဒမဲပေးနည်းရတဲ့ အကြောင်းရင်းက မွန်လူမျိုးတွေ ပြည်ပရောက်နေကြတာများတယ်၊ နောက်တစ်ချက်ကအမည်စာရင်းပါတယ် အခြားအချက်အလက်တွေလွဲမှားနေတာများနေတာရယ်၊ ဆန္ဒမဲပေးသူ လူဦးရေ ၁၀၀၀ မှာ မဲထည့်တာ ၅၀၀ ကျော်လောက်ဘဲရှိတယ် ၅၀၀ ကျော်ထဲမှာ အမည်မပါတာ အမည်စာရင်းလွဲတာ ၂၅၀ လောက်ရှိတယ်ဆိုတော့ မဲထည့်သူဦးရေနည်းသွားရတာပါ” ဟု ပြောသည်။

    မွန်ပြည်နယ်တွင် ဆန္ဒမဲပေးသူ ထက်ဝက်မပြည့်သည့် မြို့နယ်များတွင် သံဖြူဇရပ်မြို့နယ် ဆန္ဒမဲပေးသူ (၄၅.၈) ရာခိုင်နှုန်း၊ ၊ ချောင်းဆုံမြို့နယ် ဆန္ဒမဲပေးသူ (၄၄.၅) ရာခိုင်နှုန်း၊ ၊ မုဒုံမြို့နယ် ဆန္ဒမဲပေးသူ (၄၆.၅) ရာခိုင်နှုန်း၊ ၊ ရေးမြို့နယ် ဆန္ဒမဲပေးသူ (၄၈.၄) ရာခိုင်နှုန်းနှင့် ပေါင်မြို့နယ် ဆန္ဒမဲပေးသူ (၄၉.၄) ရာခိုင်နှုန်းသာရှိခဲ့သည်။

    ကျိုက်မရောမြို့နယ် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နိုင်ရဲဇော်က “ပြည်ပရောက်နေတဲ့မဲဆန္ဒရှင်တွေများသလို မဲပေးစနစ်အပေါ်ကြောက်လန့်နေသူတွေ ဆန္ဒမဲပေးခွင့်နဲ့ အဆင်ပြေပြေ မဲပေးနိုင်အောင်ဆောင်ရွက်ပေးထားမှုတွေလဲ လိုအပ်နေသေးတာ တွေ့ရှိခဲ့ပါတယ်” ဟု ပြောသည်။

    ၂၀၁၄ သန်းခေါင်စာရင်းအရ မွန်ပြည်နယ်မှ ပြည်ပသို့ တရားဝင်/မဝင် သွားရောက်အလုပ်လုပ်ကိုင်နေသူ ၄ သိန်း ၂ သောင်းကျော် ရှိရာတွင် ပြည်ပမှမဲပေးခွင့်မရှိခဲ့ပေ။

    မွန်ပြည်နယ်တွင် ကျိုက်ထိုမြို့နယ် ဆန္ဒမဲပေးသူ ၆၇.၂ ရာခိုင်နှုန်း ဆန္ဒမဲပေးသူအများဆုံးဖြစ်ပြီး
    မော်လမြိုင်မြို့နယ် ဆန္ဒမဲပေးသူ ၅၇.၅ ရာခိုင်နှုန်း၊ သထုံမြို့နယ် ဆန္ဒမဲပေးသူ ၅၅ ရာခိုင်နှုန်းနှင့် ဘီးလင်းမြို့နယ် ဆန္ဒမဲပေးသူ ၅၆.၉ ရာခိုင်နှုန်းတို့ဖြစ်သည်။

    မွန်ပြည်နယ်သည် ၁၀ မြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၁၅,၃၄,၄၈၆ ဦးရှိသည်အနက် ဆန္ဒမဲပေးသူ စုစုပေါင်း (၇,၈၆,၈၆၆) ဆန္ဒမဲပေးသူ (၅၁.၃) ရာခိုင်နှုန်း၊ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၁၀ သိန်းကျော်ရှိရာ မဲပေးသူ ၆၂ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း သတင်းမှတ်တမ်းများတွင် တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks