spot_img
Wednesday, February 11, 2026
More
    spot_img
    Homeမေးမြန်းချက်၂၀၀၈ ဖွဲ့စည်းပုံကို တပ်မတော်မှ ပြင်ဆင်လိုသည့်ဆန္ဒ လုံးဝမရှိကြောင်း နိုင်ဟံသာသုံးသပ်

    ၂၀၀၈ ဖွဲ့စည်းပုံကို တပ်မတော်မှ ပြင်ဆင်လိုသည့်ဆန္ဒ လုံးဝမရှိကြောင်း နိုင်ဟံသာသုံးသပ်

    -

    UNFC ဒု-ဥက္ကဌ  နိုင်ဟံသာ(IMNA)
    UNFC ဒု-ဥက္ကဌ နိုင်ဟံသာ(IMNA)
    ဝံသမွန် – မြန်မာ့တပ်မတော်အနေဖြင့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုသည့်ဆန္ဒလုံးဝမရှိကြောင်း၊ ငြိမ်းချမ်းရေးကို လိုလားသော်လည်း အပေါ်စီးမှနေ၍ တွေ့ဆုံဆွေးနွေးသည့်သဘောရှိကြောင်း UNFC

    ဒု-ဥက္ကဌ နိုင်ဟံသာက လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA နှင့် ယခုရက်ပိုင်းအတွင်း တွေ့ဆုံမေးမြန်းမှုတစ်ရပ်တွင် ယင်းကဲ့သို့ သုံးသပ်ထားသည်။

    နိုင်ဟံသာက “ ၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော်ထဲမှာ ပြင်ဖို့ဆိုတာ မလွယ်ဘူး၊ တဖက်မှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုရင်လည်း ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့တောင်းဆိုလာမှာပဲ၊ ဖွဲ့စည်းပုံပြင်လိုက်ရင် စစ်တပ်ရဲ့အခွင့်အာဏာ လက်လွတ်ဆုံးရှုံးရမှာကိုလည်းစိုးရိမ်တဲ့အတွက် တိုက်ပွဲတွေနဲ့ အကြပ်ကိုင်နေတာလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။

    လက်ရှိအစိုးရအနေဖြင့် NCA လက်မှတ်ရေးထိုးထားပြီးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ဖြင့်သာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အပြီးသတ်ဆောင်ရွက်နေသည်ကို လေ့လာတွေ့ရှိရကြောင်း၊ သို့မှသာ ယင်းအဖွဲ့အစည်းများနှင့် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲများကိုလည်း အစိုးရအနေဖြင့် အပေါ်စီးမှနေ၍ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထွက်ပေါ်လာမည့် ဆုံးဖြတ်ချက်၊ သဘောတူညီချက်များကိုလည်း နောင်အစိုးရသစ်လက်ထက်တွင် ပြင်ဆင်ခြင်းမပြုနိုင်ရန် စီမံဆောင်ရွက်ထားနိုင်ကြောင်းကိုလည်း သူက ဆက်ပြောသည်။

    ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက “NCA Timeline ရက် (၉၀) ပြည့်မယ့် ဇန်နဝါရီလ (၁၄) ရက်နေ့အထိ နောက်မကျဘဲ နိုင်ငံရေးဆွေးနွေးပွဲ လုပ်နိုင်ဖို့အတွက် မူဘောင်ကို အချိန်မှီ ရေးဆွဲနိုင်ဖို့ဆိုရင် မူဘောင်ရဲ့ အခြေခံတွေကို ဦးစားပေး ဆောင်ရွက်ရပါမယ်။ဒါတွေရရင် စလို့ ရပါပြီ။ ပထမအကြိမ် နိုင်ငံရေးဆွေးနွေးပွဲကို စပြီးရင် ဘာတွေလိုတယ်ဆိုတာ ပိုသိလာလိမ့်မယ်။ ဒါမှ နောင်အစိုးရလက်ထက်မှာပြုလုပ်မယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ပိုပြီးပြည့်စုံအောင် လုပ်နိုင်မယ်၊ ပြင်နိုင်မယ် ဖြစ်ပါတယ်” ဟု မြန်မာငြိမ်းချမ်းရေးစင်တာ MPC၌ နို်ဝင်ဘာလ (၂၄) ရက်နေ့က ကျင်းပပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ပထမအကြိမ် စုံညီအစည်းအဝေးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီကိုယ်စားလှယ်များပါ၀င်သော ပြည်ထောင်စု ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု ပူးပေါင်းကော်မတီ UPDJC ၄ ရက်ကြာ အစည်းဝေးတွင် အချက် (၁၀) ချက်ပါ မူဘောင်၊ မူကြမ်းဆိုင်ရာများကို မြန်မာငြိမ်းချမ်းရေးစင်တာ MPC ၌ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

    အလားတူ လာမည့်ဒီဇင်ဘာလ ဒုတိယပတ်တွင် UNFC နှစ်ပတ်လည်အစည်းအဝေးကို ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ကျင်းပရန်စီစဉ်လျက်ရှိရာ UNFC ပြန်လည်ဖွဲ့စည်းရေးကိစ္စ၊ လက်ရှိအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုအပေါ် UNFC ၏သဘောထားကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

    လက်ရှိအစိုးရနှင့်သော်၄င်း၊ နောင်တက်လာမည့်အစိုးရသစ်နှင့်သော်၄င်း တွေ့ဆုံဆွေးနွေးမည်ဆိုပါက ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အနေဖြင့် ဆက်လက်ဆွေးနွေးသွားမည်ဟု နိုင်ဟံသာက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks