spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းပြည်တွင်းစစ်ပွဲများရပ်တန့်ပေးရေး ဘန်ကောက် မြန်မာသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆို

    ပြည်တွင်းစစ်ပွဲများရပ်တန့်ပေးရေး ဘန်ကောက် မြန်မာသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆို

    -

    ဌေး၀င်း – မြန်မာနိုင်ငံ ပြည်တွင်းစစ်ပွဲများ ရပ်တန့်ပေးရန် တောင်းဆိုကြသည့် ဆန္ဒပြပွဲတရပ်ကို နိုဝင်ဘာလ ၂ရ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆာထော်လမ်းမပေါ်ရှိ မြန်မာသံရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။

    လက်ရှိအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချို့နှင့် နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်ရေး လက်မှတ် ရေးထိုးနိုင်ခဲ့သော်လည်း လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသော လက်နက်ကိုင် အဖွဲ့အစည်းများ အထူးသဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ဘက်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

    ဆန္ဒပြတောင်းဆိုပွဲဦးဆောင်သူ ချင်းအမျိုးသား ကိုဂျွန်ဘိုဝီ က “အခုအချိန်ဟာ ဆောင်းရာသီ ဖြစ်နေပြီဆိုတော့ တော်တော်လေးလည်း ချမ်းနေပြီလေ။ ဒီလို ချမ်းအေးတဲ့ ရာသီမှာ စစ်ပွဲ ကြောင့် တောတွေ တောင်တွေထဲမှာ စစ်ကြောင့် ပြေးလွှား ရှောင်ပုန်းနေကြရတဲ့ ပြည်သူတွေဟာ စောင်မရှိ ဘာမရှိဘဲ ချမ်းချမ်းစီးစီးနဲ့ အိပ်နေကြရတယ်လေ။ ဒီလူတွေ ဘယ်လို ခံစားကြရမလဲဆိုတာကို ခဏလောက် စဉ်းစားကြည့်လို်က် ပါ လား။ စစ်ပွဲတွေကြားမှာ မြေဇာပင်ဖြစ်နေကြတဲ့ ပြည်သူတွေကို စာနာသောအားဖြင့် စစ်ပွဲကို ရပ်ပေးကြပါလို့ မြန်မာ အာဏာပိုင်တွေသိအောင် သံရုံးရှေ့မှာ သွားရောက် တောင်းဆိုကြတာပါ” ဟု ပြောသည်။

    ထိုင်းနိုင်ငံတွင် စစ်အစိုးရ အုပ်ချုပ်ထားသောကြောင့် လူငါးဦးထက် မစုဝေးရ ဥပဒေကို လိုက်နာရသည့်အပြင် သက်ဆိုင်ရာ ဒေသ အာဏာပိုင်များကလည်း မိနစ် ၂၀ သာ ခွင့်ပြုသဖြင့် ယင်းတာင်းဆိုဆန္ဒပြပွဲသို့ ချင်း၊ရှမ်း၊ ဗမာ၊ ကရင်၊ မွန် နှင့် ထိုင်းလူမျိုးများ အပါအ၀င် လူဦးရေသုံးဆယ်နီးပါး လာရောက် ပူးပေါင်းခဲ့ကြသည်ကို တွေ့ရှိရသည်။

    “လူတွေက ဘယ်လောက် ဒုက္ခရောက်လိုက်ကြမလဲ အစားအစာတော့ ကြုံသလို စားလို့ ရရင် ရမှာပေါ့။ ဒါပေမဲ့ အနွေးထည်မပါ စောင်မရှိဘဲ နှင်း တစ်စီစီကျနေတဲ့ ညအချိန်မှာ ဘယ်လိုနေကြမလဲ။ အဲဒါတွေကို စာနာသောအားဖြင့် စစ်ပွဲတွေ ရပ်ဖို့ ကျွန်တော်တို့ ဒီလို သွားရောက် တောင်း ဆိုကြတာ” ကိုဂျွန်ဘိုဝီက ဆက်ပြောသည်။

    ဆန္ဒပြတောင်းဆိုချက်များကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တတိယ အတွင်း၀န် ဦးထွန်းအေးထံသို့ ထိုင်းမြန်မာ မဟာမိတ်ဖောင်ဒေးရှင်းလက်ထောက် ဒါရိုက်တာနှင့် ချစ်သော မြန်မာပြည် စာသင် ကျောင်း Dear Burma Acedamy ၏ ကျောင်းအုပ်ကြီး ဦးမြင့်ေ၀မှ ကိုယ်တိုင်ပေးအပ်ခဲ့ကြောင်း သိရသည်။

    ဦးမြင့်ေ၀က “ဘာကြောင့် သံရုံးကို သွားပြီး ဆန္ဒပြခဲ့ရလဲဆိုတော့ ဒီမိုကရေစီအတွက် လွတ်လပ်တဲ့ ရွေးကောက်ပွဲလဲ လုပ်ပြီးပြီ။ လူထု သ ဘောထားလဲ ထုတ်ပြပြီးပြီ။ စစ်တပ်အနေနဲ ့အလှဆုံး နောက်ဆုတ်ဖို ့လမ်းကြောင်း ရပြီ။ ဒါပေမဲ့ လူတစ်စုပေါ့။ ခေါင်း ဆောင်ပိုင်းတွေ ဗိုလ်ချုပ်ဟောင်းတွေရဲ ့ အကျိုးစီးပွားအတွက် ကိုယ့်တပ်က အရာရှိ ရဲဘော်တွေကိုလည်း အသေခံခိုင်း တယ်။ ကြားက အပြစ်မဲ့ ပြည်သူတွေကိုလည်း ဘေးဒုက္ခထဲကို ပို ့တယ်” ဟု ဆိုသည်။

    အလားတူ ရှမ်းလူထုအခြေပြုအဖွဲ့အစည်းများမှလည်း ရှမ်းပြည်နယ်အလယ်ပိုင်းအတွင်း မြန်မာအစိုးရစစ်တပ်များ၏ စစ်ရာဇ၀တ် မှုကျူးလွန်နေမှုများနှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းများမှ နှုတ်ဆိတ်နေခြင်းများအားရပ်တန့်ရန် အလေးအနက်အခို်င်အမာ တောင်းဆိုခြင်းအား ဘန်ကောက်မြို့တွင် နိုင်ဝင်ဘာ ၂၆ ရက်နေ့က သတင်းထုတ်ပြန်ကြေညာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks