Homeသတင်းတစ်လအတောအတွင်း ရော်ဘာတစ်ပေါင် ကျပ်တစ်ရာကျော်ကျဆင်း

တစ်လအတောအတွင်း ရော်ဘာတစ်ပေါင် ကျပ်တစ်ရာကျော်ကျဆင်း

-

ရောင်းရန်အတွက် ရော်ဘာအချပ်များ (GS)
ရောင်းရန်အတွက် ရော်ဘာအချပ်များ (GS)
စနောင်းတိုင်း
– အောက်တိုဘာလနှင့် နိုဝင်ဘာလအကြား တစ်လကာလတွင် ရော်ဘာစျေးနှုန်း တစ်ပေါင် ကျပ် ၁၀၀ ကျော်အောက် ထိုးကျခဲ့သည့်အပြင် ဆက်လက် ကျဆင်းဖို့

အခြေအနေ ရှိသေးသည်ဟု မွန်ပြည်နယ်ရှိ ရော်ဘာ အဝယ်ဆိုင်များက ကြိုတင်တွက်ဆထားသည်။

“အခုဆိုရင်း ရော်ဘာစျေးက ကျပ် ၁၀၀ ကျော်ကျော်အောက် ထပ်ထိုးကျသွားတယ်။ ရော်ဘာ နံပါတ်အဆင့် ၃ က အခုဆိုရင်း ကျပ် ၅၁၀ နှုန်းသာရှိပြီး၊ပြီးခဲ့တဲ့လက စျေးနှုန်း ၆၃၀ ကျပ်ရှိခဲ့တယ်၊ ဒါကိုကြည့်ရင် ကျပ် ၁၀၀ ကျော်ကျော် ကျဆင်းနေတယ်၊ နှစ်စဉ်နှစ်တိုင် ဒီအချိန်က ရော်ဘာပေါများတဲ့အချိန်ဖြစ်သောကြောင့် စျေးနှုန်း ကျဆင်းဖို့ရှိသေးတယ်”ဟု ရော်ဘာခြံပိုင်ရှင်လည်းဖြစ်၊ ရော်ဘာအရောင်းအဝယ်ဆိုင်ပိုင်ရှင်လည်းဖြစ်သူ သံဖြူဇရပ်မြို့့နယ်၊ ဝယ်ဝင်ကရာ ရွာမှ နိုင်လှထွန်းက ပြောပြသည်။

ယမန်နှစ်ထက်ဆိုရင် ယခုနှစ် စျေးနှုန်းတက်လာသဖြင့် စျေးကောင်းလာသည်ဟုဆိုသော်လည်း ယခင်စျေးနှုန်းဟောင်းကို လုံးဝ မမီသေးကြောင်း၊ လွန်ခဲ့သော ၃ နှစ်ခန့်က တစ်ပေါင် ၇၀၀ ကျပ် ရရှိခဲ့ကြောင်း၊ နောက်ပိုင်းတွင် ရော်ဘာစျေးနှုန်း တဖြေးဖြေးကျဆင်းကာ ကျပ် ၅၀၀ အောက်အထိ ကျဆင်းဖို့ရှိနေသည်။

ယင်းသို့ ရော်ဘာစျေးနှုန်းကျဆင်းသည့်အတွက်ကြောင့် ရော်ဘာခြံ အရောင်းအဝယ်နှင့် ဓါတ်မြေသြဇာ စျေးနှုန်းသည်လည်း ညိမ်သက်နေကြောင်း သံဖြူဇရပ်မှ ရာဘာအဝယ်ဒိုင် နိုင်ကျော်မင်းအောင်က ဆိုသည်။

ယခုရာသီသည် ရော်ဘာ အထွက်များချိန်ဖြစ်သောကြောင့် နှစ်စဉ်နှစ်တိုင်း ရော်ဘာအဝယ်ဒိုင်များ၌ ရော်ဘာစုပုံနေချိန်ဖြစ်ပြီး စျေးနှုန်း ဆက်လက်ကျဆင်းရန် ရှိနိုင်သေးကြောင်း ရော်ဘာအရောင်းဆိုင်များက ပြောဆိုနေကြသည်။

လွန်ခဲ့သည့် ၂ နှစ်ခန့်ကစပြီး ရော်ဘာစျေးနှုန်း ဆက်တိုက်ကျဆင်းကာ အချို့သော ရော်ဘာခြံများ ခြံကိုပိတ်သိမ်းလိုက်ရသည်အထိ ဖြစ်လာကြောင်း၊ တစ်ချို့သောခြံများကလည်း ရော်ဘာပင် စျေးကောင်းရနေသည့်အတွက်ကြောင့် သက်ပျိုပင်များကို ခုတ်လှဲ အပင်အရောင်းအဝယ် ပြုလုပ်နေကြသည်ကိုလည်း တွေ့ရှိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts