spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းကော်မရှင်ကို မဲရုံမှ မောင်းထုတ်မှုနှင့် ပတ်သက်ပြီး မွန်အမျိုးသားပါတီက ကျေးရွာအုပ်ချုပ်ရေးမှူးကို အမှုဖွင့်

    ကော်မရှင်ကို မဲရုံမှ မောင်းထုတ်မှုနှင့် ပတ်သက်ပြီး မွန်အမျိုးသားပါတီက ကျေးရွာအုပ်ချုပ်ရေးမှူးကို အမှုဖွင့်

    -

    မွန်ပြည်နယ်မှ မဲရုံတစ်ရုံ(IMNA)
    မွန်ပြည်နယ်မှ မဲရုံတစ်ရုံ(IMNA)
    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – အထက်ပါဖြစ်ရပ်ကြောင့် မိမိတို့အား မဲပေးမည့် မဲဆန္ဒရှင် ထောင်ချီ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်ဟု ဆိုပြီး လွှတ်တော်သုံးရပ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ကာ ရှုံးနိမ့်ခဲ့သည့် မွန်အမျိုးသားပါတီမှ

    နိုင်စိန်မြမောင်၊ နိုင်ကံလင်းနှင့် နိုင်အောင်ဌေးတို့က တိုင်ကြားခြင်း ဖြစ်သည်။

    ထိုဖြစ်ရပ်ကို ရွေးကောက်ပွဲအပြီးတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားခဲ့သော်လည်း ကော်မရှင်က ရဲအရေးပိုင်မှု ဖြစ်သည့်အတွက် ရဲစခန်းနှင့်သာ သက်ဆိုင်ကြောင်း အကြောင်းကြားလာသည့်အတွက် နိုဝင်ဘာလ ၂၂ ရက်နေ့၌ ရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု မွန်အမျိုးသားပါတီ၏ ရေးမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဝင် နိုင်ရန်လင်းအောင်က ပြောသည်။

    သူက “ပထမ ပြည်ထောင်စုကော်မရှင်ကို ကျွန်တော်တို့ တိုင်ကြားတယ်၊ ကော်မရှင်က ဒါဟာ ရဲအရေးပိုင်ခွင့် ရှိတဲ့အမှု ဖြစ်တယ်၊ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားပါဆိုပြီး အကြောင်းလာတဲ့အတွက် ၂၂ ရက်နေ့က ရဲစခန်းမှာ အမှုဖွင့်လိုက်တယ်။ ရဲစခန်းကနေ ချက်ချင်းပဲ စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်” ဟု ပြောသည်။

    မွန်ပြည်နယ်တစ်ခုလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအလွန်ကာလတို့တွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ တိုင်ကြားမှုများ ရှိခဲ့သော်လည်း စေ့စပ်ညှိနှုိင်းရေးကော်မတီ၏ ညှိနှုိင်းပေးမှုဖြင့် ပြေလည်မှု ရရှိခဲ့ကြောင်း၊ ရေးမြို့နယ် ဖြစ်စဉ်တစ်ခုသာ အမှုဖွင့်တိုင်ကြားမှု ရှိကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဦးဟိဏ်းလင်းထက် က ပြောသည်။

    သူက “ရေးမှာ ဖြစ်တဲ့ကိစ္စကတော့ နည်းနည်းတော့ ထူးဆန်းတယ်။ အုပ်ချုပ်ရေးမှူးကလည်း တောင်းပန်ပြီးပြီ၊ ကော်မရှင်ကလည်း ကျေနပ်ပြီးပြီ၊ ဒါပေမဲ့ မွန်အမျိုးသားပါတီက ထပ်တိုင်တယ်။ ဒါက ရဲအရေးပိုင်တဲ့အမှု ဖြစ်တဲ့အတွက် ရဲမှာ တိုင်ကြားရပါတယ်” ဟု ပြောသည်။

    ရွေးကောက်ပွဲ ဥပဒေပုဒ်မ အခန်း ၁၃ ပါ ပြစ်မှုပြစ်ဒဏ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မဲဆန္ဒနယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦးဦးကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ရွေးကောက်ပွဲကိုယ်စားလှယ် တစ်ဦးဦးကဖြစ်စေ၊ မဲဆန္ဒနယ်အတွက် တာဝန်ယူဆောင်ရွက်ရသော ကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် မဲရုံအဖွဲ့တစ်ခုခုတွင် ပါဝင်သော အဖွဲ့ဝင်တစ်ဦးဦးကဖြစ်စေ သက်သေအထောက်အထား ခိုင်လုံစွာဖြင့် ရွေးကောက်ပွဲ မကျင်းပမီ၊ ကျင်းပနေစဉ်နှင့် ကျင်းပသောနေ့မှ ၁၅ ရက်အတွင်းသော်လည်းကောင်း ဥပဒေနှင့်အညီ တိုင်တန်းလှျောက်ထားနိုင်သည်ဟု ဖော်ပြထားသည်။

    အမှုဖွင့်တိုင်ကြားခံရသူအနေဖြင့် ပြစ်မှုထင်ရှားပါက တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံနိုင်သည်ဟုလည်း ပါရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks