Friday, March 13, 2026
More
    spot_img
    Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ သတင်းရေးမြို့နယ်တွင် AMDP ကိုယ်စားလှယ်လောင်းတစ်ဦး ကန့်ကွက် ဆန္ဒပြမှုနှင့်ရင်ဆိုင်ရ

    ရေးမြို့နယ်တွင် AMDP ကိုယ်စားလှယ်လောင်းတစ်ဦး ကန့်ကွက် ဆန္ဒပြမှုနှင့်ရင်ဆိုင်ရ

    -

    စနောင်းတိုင်း – မွန်ပြည်နယ်၊ ရေမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ကိုယ်စားလှယ်လောင်း မိမြင့်သန်းသည် နိုဝင်ဘာလ ၆ ရက်နေ့တွင် မဲအောင်နိုင်ရေးအတွက် လှည့်လည် စည်းရုံး

    ရင် အံဒင်းကျေးရွာ အရောက်တွင် ရွာသားများက ၎င်းအား အလိုမရှိကြောင်း ကန့်ကွက် ဆန္ဒပြကြသည်။

    ရေးမြို့နယ်တွင်း ဝင်ရောက် ယှဉ်ပြိုင်ကြမည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ်လောင်းများ မဲအောင်နိုင်ရေးအတွက် လှည့်လည် စည်းရုံးရာမှာ ဖာလိန်းတောင်ဒေသ အံဒင်းရွာအလယ် အရောက် ကတ်ထူစက္ကူ ပေါ်တွင် “မိမြင့်သန်း အလိုမရှိ” ဟူသော စာလုံးဖြင့် ရွာသားများက ကန့်ကွက် ဆန္ဒပြကြသည်။

    စည်းရုံရေးခရီးစဉ်တွင် လိုက်ပါသော နိုင်လင်းနိုင်ဦးက “ ကျနော်တို့ ရေးမြို့ကနေ အံဒင်းကျေးရွာသို့ ဆင်းတယ်၊ အဲသည်ကနေ ကျနော်တို့ပင်လယ်ကမ်းခြေဘက်ကို ဆက်ဆင်းသွားတယ်။ အပြန်ခရီးကျမှ အံဒင်းရွာလယ်အရောက် နှီးကရုတ်ကျေးရွားသို့ သွားသော လမ်းခွဲရောက်တော့ မိမြင့်သန်း ဖြန့်ဝေထားတဲ့ လက်ကမ်းစာစောင်တွေ လမ်းပေါ်မှာ ပြန့်ကျဲနေတာ တွေ့ရတယ်။ တစ်ချို့ မီးရှုိ့ထားတာလည်းရှိတယ်” ဟု ဆိုသည်။

    ၎င်းစည်းရုံးရေးခရီးစဉ်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ်လောင်းများဖြစ်ကြသော နိုင်ချမ်းတွဲ့၊ နိုင်အောက်သာ၊ နိုင်သံကြိုး၊ မိလဝီဟံ နှင့် မိမြင့်သန်း တို့ငါးဦး နှင်းအတူ ပါတီအဖွဲ့ဝင်များ (၁၀၀) ခန့် လိုက်ပါပြီး၊ အံဒင်းရွာမှ နှီးကရုတ်ရွာ လမ်းတဝက် အရောက်တွင် ၄င်းတို့စည်းရုံးရေးယာဉ်ကို နောက်ကြောင်းပြန်လှည့်ခဲ့ကြသည်ဟု သိရသည်။

    အံဒင်းဒေသခံ တစ်ဦးက “ မိမြင့်သန်း တစ်ဦးကိုသာ ကျနော်တို့ အလိုမရှိတာပါ။ ကျန်တဲ့သူတွေကိုတော့ ကျနော်တို့ ကြိုဆိုပါတယ်။ ကျနော်တို့ရွာသားတွေရဲ့ လုပ်ရပ်ဟာ မလွန်ဘူးလို့ထင်ပါတယ်” ဟု ဆိုသည်။

    မိမြင့်သန်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအဖြစ် အရွေ့ခံခဲ့ရပြီး၊ ယခု၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်(ရေးမြို့နယ်) အမှတ် (၈) မဲဆန္ဒနယ်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးအဖြစ် ရွေးချယ်ခံခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks