Friday, March 13, 2026
More
    spot_img
    Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ သတင်းမွန်ပြည်နယ်၌ တင်းမာမှုဖြစ်ပွားနိုင်ခြေရှိသော မဲရုံ ၆ရ ရုံတွင် တပ်မတော်လုံခြုံရေးယူမည်

    မွန်ပြည်နယ်၌ တင်းမာမှုဖြစ်ပွားနိုင်ခြေရှိသော မဲရုံ ၆ရ ရုံတွင် တပ်မတော်လုံခြုံရေးယူမည်

    -

    အိုက်စိုင်း – တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားသွားလာနေခြင်းကြောင့် မွန်ပြည်နယ်ရှိ မဲရုံ ၉၂ ရုံသည် ရုတ်တရက် တင်းမာမှုများ ဖြစ်ပွားလာနိုင်ခြေရှိသည့်အတွက် မဲရုံ ၆ရ ရုံတွင် တပ်မတော်၏ အကူ အညီကို ရယူကာ လုံခြုံရေးရယူသွားမည်ဖြစ်ကြောင်း

    မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

    မွန်ပြည်နယ်ရှိ ရုတ်တရက် တင်းမာမှုများ ဖြစ်ပွားလာနိုင်သော မဲရုံများမှာ သထုံမြို့နယ်တွင် ၅ ရုံ၊ကျိုက်မရော မြို့နယ်၌ ၂၁ ရုံ၊ရေးမြို့နယ် ၅၀ ရုံ၊သံဖြူဇရပ်မြို့နယ် ၄ ရုံ၊ဘီးလင်းမြို့နယ် ရ ရုံ၊ကျိုက်ထိုမြို့နယ် ၅ ရုံ၊စသည့် မြို့နယ်များအတွင်ရှိ မဲရုံ စုစုပေါင်း ၉၂ ရုံအနက် ၆ရ ရုံတွင် တပ်မတော်၏ အကူအညီကို ရယူကာ လုံခြုံရေး ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

    “ကျွန်တော်တို့ ရဲတပ်ဖွဲ့ အင်အားနဲ့ မလုံလောက်တဲ့အတွက် တပ်မတော်ကို အကူအညီတောင်းထားပါတယ်။ တပ်မတော်ရဲ့ အကူအညီနဲ့ ကျွန်တော်တို့ မဲရုံ ၆ရ ရုံကို လုံခြုံရေးပေးသွားမယ်။ရုတ်တရက် တင်းမာမှုဖြစ် နိုင် တဲ့ မဲရုံကတော့ ၉၂ ရုံရှိတာပေါ့။ဒါပေမဲ့ ၆ရ ရုံကိုဘဲ လုံခြုံရေးရယူသွားမယ်”ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ပြောသည်။

    အောက်တိုဘာ ၃၁ ရက်နေ့က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုံခြုံရေးဆိုင်ရာ တွေ့ဆုံညိှနှုိင်းဆွေးနွေးပွဲ၌ ရုတ်တရက် တင်းမာမှုဖြစ်ပွားနိုင်သော မဲရုံ ၉၂ ရုံအနက် ၆ရ ရုံမှာ တပ်မတော်၏ အကူအညီကို ရယူကာ လုံခြုံရေး ပေးအပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုတိယပြည်နယ် ရဲတပ် ဖွဲ့မှူး ရဲမှူးကြီး သောင်း၀င်းကလည်း ပြောကြားခဲ့သည်။

    မွန်ပြည်နယ်ရှိ၊ သထုံမြို့နယ်၊ကျိုက်မရောမြို့နယ်၊ရေးမြို့နယ်၊သံဖြူဇရပ်မြို့နယ်၊ဘီးလင်းမြို့နယ်၊ကျိုက်ထိုမြို့ နယ်၊စသည့် ဒေသများသည် မွန်ပြည်သစ်ပါတီ(NMSP) နှင့် ကရင်လက်နက်ကိုင်အဖွဲ့များ လှုပ်ရှား သွားလာ လှျက်ရှိသည်ကြောင်း သိရသည်။

    သို့သော် မွန်ပြည်နယ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကြေညာထားသည့် နယ်မြေအဖြစ် ဘီးလင်းမြို့ နယ်၊ဘောနော်ခီးကျေးရွာ အုပ်စု တစ်ခုသာလှျင်ရှိပြီး ကျန် မြို့နယ်များအသီးသီး၌ ရွေးကောက်ပွဲ ကျင်းပသွား မည်ဖြစ်ကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြောသည်။

    အဆိုပါ ဒေသသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တပ်မဟာ(၁)နှင့် တပ်မဟာ(၅) တို့ လှုပ်ရှားနယ် မြေအတွင်းသို့ ရောက်ရှိနေခြင်းကြောင့် မဲပေးခွင့်ရှိသူ စာရင်းကို ကောက်ခံနိုင်ခြင်းမရှိသည့်အတွက် ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းဖြစ်သည်ဟု မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲ အရာရှိ ဦးဟိဏ်းလင်းထက်ကပြောသည်။

    မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၁၅ သိန်း ၁ သောင်းကျော်ရှိပြီး မဲရုံပေါင်း ၉၁၉ ရုံဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks