spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းချောင်းဆုံမြို့နယ်တွင် ပုံစံ(၃-က)ဖြင့် လျှောက်ထားသူ ၇၀၀ ကျော် မဲပေးခွင့်ရှိ

    ချောင်းဆုံမြို့နယ်တွင် ပုံစံ(၃-က)ဖြင့် လျှောက်ထားသူ ၇၀၀ ကျော် မဲပေးခွင့်ရှိ

    -

    ၂၀၁၀ ရွေးကောက်ပွဲ(INTERNET)
    ၂၀၁၀ ရွေးကောက်ပွဲ(INTERNET)
    ချစ်မင်းထွန်း – မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်အတွင်း ရွေ့ပြောင်းအခြေချနေထိုင်သူများသည် ၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲ၌ မဲပေးခွင့်ရရှိရန်အတွက် ပုံစံ(၃-က)ဖြင့် လျှောက်ထားခဲ့ကြရာ ရက်ပေါင်း ၁၈၀ နေထိုင်သည့် ရွေ့ပြောင်း အခြေချ နေထိုင်သူ ၇၀၀ ကျော် လာမယ့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ မဲပေးခွင့် ရရှိကြောင်း ချောင်းဆုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုုံးမှ သတင်းရရှိသည်။

    ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ပုံစံ(၃-က)ဖြင့် လျှောက်ထားသူများ စာရင်းမပါဘဲ တွက်ကြည့်ရာတွင် မဲပေးခွင့်ရှိသူ တစ်သိန်း နှစ်သောင်းကျော်ရှိပြီး ယခု အောက်တိုဘာ ၁၀ ရက် နောက်ဆုံးထား၍ ပုံစံ(၃-က)ဖြင့် လျှောက်ထားလာသူရွေ့ပြောင်း လုပ်သား ၇၀၀ ကျော်လည်း မဲပေးခွင့်ပြု သွားမည်ဟု ချောင်းဆုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကပြောသည်။

    “ ကျွန်တော်ဆီကို ပုံစံ(၃-က)နဲ့လျှောက်လာတာ ၇၁၉ ဦးရှိတယ်။သူတို့အားလုံး မဲပေးခွင့်ရမယ့် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာပေါ့။စက်တင်ဘာလက ကြေညာတဲ့ မဲစာရင်းမှာတော့ ချောင်းဆုံ တစ်မြို့နယ်လုံး အနေနဲ့ မဲပေး ခွင့်ရှိသူ တစ်သိန်း နှစ်သောင်းကျော်ရှိ ပါတယ်”ဟု ချောင်းဆုံမြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ အတွင်း ရေးမှူး ဦးမျိုးမင်းသူကပြောသည်။

    ပြည်သူများအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးခွင့်မဆုံးရှုံးစေချင်ပါက ရွေ့ပြောင်းအလုပ်သမားများ အပါအဝင် မူရင်းဒေသမှ ရက်ပေါင်း ၁၈၀ အထက် မဲဆန္ဒနယ် ပြင်ပရောက် ပုဂ္ဂိုလ်များသည် မဲပေးနိုင်ရန် ပုံစံ (၃-က)ဖြင့် မဲစာရင်းပါဝင်ရေးအား သက်ဆိုင်ရာ ရောက်ရှိရာဒေသမှ ရပ်ကွက်၊ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ (၁၀)ရက်က နောက်ဆုံး ထားလျှောက်ခဲ့ရကြောင်း သတင်းရရှိသည်။

    ယင်းကဲသို့ လှျောက်ထားခြင်းမရှိပါက မဲဆန္ဒနယ်ပြင်ပသို့ ရက်ပေါင်း ၁၈၀ အထက် ရောက်ရှိ နေသူများ သည် မိမိမူရင်း မဲစာရင်းပါဝင်သည့် ဒေသသို့ ပြန်လည် သွားရောက် မဲပေးရမည်ဖြစ်သည်။

    ယခုအခါမှာတော့ ချောင်းဆုံမြို့နယ်၌ ရွေ့ပြောင်းနေထိုင်ခဲ့ကြသူများက ပုံစံ(၃-က)ဖြင့် အောက်တိုဘာ ၁၀ ရက်ကနောက်ဆုံးထားလျှောက်ထားခဲ့သည့်အတွက် ၂၀၁၅ ရွေးကောက်ပွဲတွင် လူဦးရေ ၇၁၉ ဦးမှာ မဲပေးခွင့်ရရှိခဲ့ခြင်းဖြစ်သည်ဟုသတင်းရရှိသည်။

    အဆိုပါ ပုံစံ(၃-က)ဖြင့် လျှောက်ထားရာမှ မဲပေးခွင့်ရရှိသူ စာရင်းကို နို၀င်ဘာ ၂ ရက်မှ ၅ ရက်အထိ မုဒုံမြို့နယ် အတွင်းရှိ ရပ်/ကျေးများတွင် အသီးသီး ကြေညာသွားမည်ဖြစ်သည်။

    စက်တင်ဘာ ၁၄ ရက်မှ ၂ရ ရက်အထိ နောက်ဆုံး မဲစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြေညာခဲ့ရာမှာ ချောင်းဆုံမြို့နယ်တွင် မဲပေးခွင့်ရှိသူ (၁၂၃၇၈၈)ဦး ရှိပြီး ယခု ပုံစံ(၃-က)ဖြင့် လျှောက်ထားသူ ၇၁၉ ဦး ပါ ထပ်မံ မဲပေးခွင့်ပြု ခြင်းကြောင့် စုစုပေါင်း (၁၂၄၅၀၇) ဦး ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိကြောင်းသိရသည်။

    အဆိုပါ ချောင်းဆုံမြို့နယ်၌ ကျေးရွာ အုပ်စု ပေါင်း ၄၃ အုပ်စုရှိပြီး ရပ်ကွက်ကြီး ၃ ရပ်ကွက်ရှိတွင် မဲရုံ ၆၂ ရုံ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ချောင်းဆုံမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts