spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းတစ်ကြိမ်တည်းအဖွဲ့အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပွဲ မည်သည့်နိုင်ငံမှမရှိခဲ့ဟု ပဒိုစောကွယ်ထူးဝင်း ပြော

    တစ်ကြိမ်တည်းအဖွဲ့အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပွဲ မည်သည့်နိုင်ငံမှမရှိခဲ့ဟု ပဒိုစောကွယ်ထူးဝင်း ပြော

    -

    NCA လက်မှတ်ရေးထိုးပွဲမှတ်တမ်းဓါတ်ပုံ(Internet)
    NCA လက်မှတ်ရေးထိုးပွဲမှတ်တမ်းဓါတ်ပုံ(Internet)
    အိုက်စိုင်း – တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးရာတွင် လက်နက်ကိုင်အဖွဲ့အစည်း အားလုံးပါဝင် ခြင်းမရှိသည့်အတွက် ဝေဖန်မှုများ ရှိနေသည့်အပေါ် လက်တွေ့တွင် မည်သည့် နိုင်ငံမှ တကြိမ်

    တည်းနှင့်အဖွဲ့အားလုံးပါဝင်သည့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပွဲမရှိခဲ့ဘူးဟု ကရင်အမျိုးသားအ စည်း အရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းကပြောသည်။

    ပဒိုစောကွယ်ထူးဝင်းက “အခု သဘောတူညီမှုရခဲ့တဲ့ NCA စာချုပ်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး လက်ခံတဲ့ စာချုပ် ဖြစ်တယ်။ နောက်တစ်ခုက ဘယ်သူမှ လက်မှတ်မထိုးဘူးလို့ မပြောဘူး။ အကြောင်းအမျိုးမျိုးကြောင့် လက်မှတ် မထိုးနိုင်သေးတာဖြစ်သလို လက်မှတ်ရေးထိုးဖို့ အချိန်လိုအပ်နေသေးတာကြောင့်လည်းပါတယ်။ တချို့နိုင်ငံတွေမှာ အဖွဲ့အစည်းနည်းတာရှိသလို များတာလည်းရှိတယ်။ ဒါပေမယ့် လက်တွေ့မှာ ဘယ်နိုင်ငံမှ တကြိမ်တည်းနဲ့အဖွဲ့အားလုံးပါဝင်တဲ့ လက်မှတ်ရေးထိုးပွဲမရှိခဲ့ဖူးပါဘူး၊ ဒါကြောင့် အခု လက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေကလည်း မထိုးသေးတဲ့ အဖွဲ့တွေ ပါဝင်လာအောင်လို့ လက်တွဲခေါ်သွားဖြစ်ပါတယ်၊ မထားခဲ့ပါဘူး” ဟု ပြောသည်။

    မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး KNU၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ KNU/KNLA-PC၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ပအိုဝ်းအ မျုုိးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ချင်းအမျိုးသားတပ်ဦး CNF၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF စသည့် တိုင်းရင်းသား လက်နက် ကိုင် ၈ ဖွဲ့တို့ အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်သည်။

    NCA လက်မှတ််ရေးထိုးပွဲသို့ ပြည်တွင်း အသိသက်သေအဖြစ်ဖိတ်ကြားခံရသူ ညီညွတ်သောတိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့ UNA ခေါင်းဆောင် ဦးအေးသာအောင်က “ကျွန်တော်တို့မှျော်လင့်ထားတာက အားလုံးပါဝင် လက်မှတ််ရေးထိုးရေး၊ ဒါပေမဲ့ အခုက တချို့ တဝက်နဲ့ပဲ လက်မှတ်ထိုးသွားမယ်ဆိုတော့ ဘယ်အချိန်မှ ငြိမ်းချမ်းရေးရမှာလည်း၊ တိုက်ပွဲတွေကလည်း မရပ်တန့် နိုင်သေးဘူး အခုထိ ဒါကြောင့် အားလုံးပါဝင် လက်မှတ်ရေးထိုးစေချင်တယ်” ဟု ပြောသည်။

    NCA မှတ်ရေးထိုရန် အစိုးရဖိတ်ခေါ်ထားသော ၁၅ ဖွဲ့အနက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ ရှမ်းပြည်တိုးတက််ရေးပါတီ SSPP၊ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့NDAA(မိုင်းလား)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ ကပ်ပလန် NSCN-K စသည့် အဖွဲ့များ ပါဝင် လက်မှတ်မရေးထိုးခဲ့ကြပေ။

    UNFC ဒုဥက္ကဌနိုင်ဟံသာက “တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုပြီးတော့ ပြောတယ်၊ လက်တွေ့မှာတော့ တစိတ်တပိုင််းပဲ အပစ်ရပ်စဲနိုင်သေးတယ်၊ တစ်နိုင်ငံလုံးလွှမ်းခြုံတဲ့ အပစ်အခတ်ရပ်စဲရေး မဟုတ်ဘူး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု မရှိနိုင်သေးဘူး။ ဒီလိုမီးပွားတွေက တစ်နိုင်ငံလုံးကို ကူးစက်လောင်းကျွမ်းသွားစေနိုင်တယ်” ဟု ပြောသည်။

    ထို့သို့ အားလုံးပါဝင် လက်မှတ်ရေးထိုးသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးပွဲမဟုတ်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး၊ UNA ခေါင်းဆောင် ဦးအေးသာအောင်၊ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်၊စသည့် ဖိတ်ကြားခံရသော ပုဂ္ဂိုလ် လေးဦးတက်ရောက်ခဲ့ခြင်း မရှိကြောင်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks