spot_img
Saturday, January 31, 2026
More
    spot_img
    Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ မေးမြန်း‌ချက်‌MNP ကိုယ်စားလှယ်လောင်း မင်းဇေယျာဦး(ခ)ကျော်ဇေယျာဦး (မော်လမြိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း)

    MNP ကိုယ်စားလှယ်လောင်း မင်းဇေယျာဦး(ခ)ကျော်ဇေယျာဦး (မော်လမြိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း)

    -

    MNP ကိုယ်စားလှယ်လောင်း မင်းဇေယျာဦး
    MNP ကိုယ်စားလှယ်လောင်း မင်းဇေယျာဦး
    ရေးသားသူ- လယီဂွန်း

    မေး။ ။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အဖြစ် ဘာကြောင့် အရွေးချယ်ခံဖို့ ဆုံးဖြတ်ခဲ့တာလဲ။
    ဖြေ။ ။ မွန်လူမျိုးနှင့်မွန်ပြည်နယ်အကျိုးအတွက် We are developed.

    မေး။ ။ အခုလို ကိုယ်စားလှယ်လောင်း တစ်ယောက်အဖြစ် အရွေးချယ်ခံရခြင်းက မွန်လူမျိုးတွေ၊ မွန်ပြည်နယ်သား အတွက် ဘာတွေ အထောက်အကူပြုနိုင်မယ်လို့ ထင်ပါသလဲ။
    အဖြေ။ ။မွန်လူမျိုးအတွက်တန်တူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် မွန်ပြည်နယ်သူနယ်သားတွေအတွက် အတူတကွတိုးတက်ဖို့ we are developed

    မေး။ ။တကယ်လို့ ကိုယ်စားလောင်း တစ်ယောက်အဖြစ် အရွေးချယ်ခံရပြီး ဆိုပါက တကယ်ပဲ မွန်လူမျိုးတွေနဲ့ မွန်ပြည်သားတွေရဲ့ လိုအပ် ချက်တွေကို အကောင်အထည်ဖော်ပေးနိုင်မယ်လို့ ယုံကြည်ပါသလား။
    ဖြေ။ ။ ယုံကြည်ပါတယ်

    မေး။ ။ အခု ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံမယ့် မဲဆန္ဒနယ်မှာ ဘာတွေလိုအပ်နေတယ်လို့ ဆရာ့ အနေနဲ့ မြင်ပါသလဲ။
    ဖြေ။ ။ လူငယ်တွေက ဘွဲ့ရပေမဲ့ လက်တွေ့လုပ်ငန်းခွင်ဝင်တဲ့နေရာမှာ သူတို့တွေ အခက်အခဲ အများကြီးရှိတယ်။ သူတို့ကို လက်တွေ့ လုပ်ငန်းထဲဝင်နိုင်အောင် စီစဉ်ဖို့ စဉ်းစားထားတယ်။ လယ်သမားတွေများတယ်။ သူတို့ ဘဝကို ရိုးရိုးလေးပဲ ဖြတ်သန်းနေတယ်။ နည်းပညာနဲ့ ပတ်သက်လို့စီစဉ်ပေးဖို့ စဉ်စားထားတယ်။

    မေး။ ။ အခုလိုအပ်နေတယ်လို့ ထင်တဲ့ ကိစ္စရပ်တွေကို လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ရပါက ဘယ်ကိစ္စရပ်ကို ပထမဆုံး ဦးစားပေး လုပ်ဆောင်ပေးသွား မယ်ဆိုပြီး စဉ်းစားထားပါသလဲ ခင်ဗျာ။
    ဖြေ။ ။ ကျနော်က အမြဲတမ်းပြည်သူဘက်က ရပ်တည်ပြီး တောင်းဆိုပေးသွားမယ်။ ကျနော် ကိုယ်စားလှယ်လောင်းဖြစ်သွားတာနဲ့ ကျနော့် မဲဆန္ဒနယ်မြေမှာ ရှိတဲ့ဒေသခံရွာတွေကနေ ရွာကို ကိုယ်စားပြုသူ တစ်ရွာကို နှစ်ယောက်စီ သို့မဟုတ် တစ်ယောက်စီနဲ့ အမြဲတမ်းတွေ့ဆုံနိုင်အောင် စီစဉ်သွားမယ်။ လိုအပ်နေတာတွေကို ဒေသခံတွေ ဆုံးဖြတ်ချက်အတိုင်း ဘယ်အဆိုကို ဦးစားပေး လွှတ်တော်ထဲ တင်မယ်။ ဒေသဖွံ့ဖြိုးရေးအတွက် တင်ပေးသွားမယ်။ တိုင်းရင်းသားအခွင့်အရေးနဲ့ ပတ်သက်တာတွေ ဖက်ဒရယ်ကိစ္စတွေ အတွက်လုပ်သွားမယ်။

    မေး။ ။ နောက်တစ်ခုက မွန်လူမျိုးတွေနဲ့ မွန်ပြည်နယ်ရဲ့ လိုအပ်ချက်တွေထဲကနေ ဘယ်အရာတွေကို လုပ်ကိုင် ဆောင်ရွက် ပေးသွားဖို့ရှိပါအလဲ။
    ဖြေ။ ။ မွန်ပြည်နယ်မှာ ထွက်တဲ့ကုန်ကြမ်းတွေကို ကုန်ချောအဖြစ် ထုတ်နိုင်အောင်အဆင့်ဆင် ့လုပ်ဆောင်သွားမယ်။ ဥပမာ ရာဘာကုန်ကြမ်းအတွက် ဆိုင်ကယ်တာယာထုတ်တဲ့ စက်ရုံမျိုးပေါ့။

    မေး။ ။ မွန်လူမျိုးအတွက်ကော ဘာတွေလုပ်ကိုင် ဆောင်ရွက်ပေးသွားဖို့ စဉ်းစားထားပါသလဲ။
    ဖြေ။ ။ မွန်စာပေနဲ့ ယဉ်ကျေးမှုဘက်ပေါင်းစုံကတိုးတက်အောင်ဆောင်ရွက်သွားမယ်။

    မဲဆန္ဒရှင်တွေကိုရော လွတ်လပ်သောမွန်သတင်း အေဂျင်စီကနေ ဘာများမှာကြားလိုပါသလဲ။
    ဖြေ။ ။ မွန်လူမျိုးနင့် မွန်ပြည်နယ်အတွက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို ့အတူတူလက်တွဲ လုပ်ဆောင်ချင်ပါတယ်။ We are developed. ကျွန်တော်က ပြည်သူကိုယ်စား ဆောင်ရွက်ဖို့ ပြည်သူ့ဝန်ထမ်းအဖြစ် ဝင်ရောက်အရွေးခံတာပါ။ အစိုးရဝန်ထမ်းအဖြစ် အရွေးခံတာမဟုတ်ပါဘူး။

    အမတ်လောင်း ကိုယ်ရေးအကျဉ်း-
    အမည်- မင်းဇေယျာဦး(ခ)ကျော်ဇေယျာဦး
    အလုပ်အကိုင်- Managing Director (The Golden Free Co,Ltd)
    ပညာအရည်အချင်း- B.Sc (Botany)
    မွေးသက္ကရာဇ်- ၁.၁၁.၇၆
    မှတ်ပုံတင်အမှတ်- ၁၀/မဒန(နိုင်) ၁၀၅၅၂၈
    လူမျိုး/ဘာသာ- မွန်/ဗုဒ္ဓ
    အဖအမည်- ဦးဘသိန်း
    အမြဲတမ်း နေရပ်လိပ်စာ- အမှတ် ၇၈-ဘီ (၄)လွှာ ရန်ကုန်အင်းစိန်လမ်း၊ (၂)ရပ်ကွက် ကမာရွတ်မြို့နယ်
    ယှဉ်ပြိုင်မည့် လွှတ်တော်- ပြည်သူ့လွှတ်တော်
    ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်- မော်လမြိုင်မဲဆန္ဒနယ်
    ပါတီတာဝန်- MNP ဗဟိုကော်မတီဝင်၊ Result & policy ဌာန ဗဟို မှာအတွင်းရေးမှူး၊ သင်ကြားလေ့ကျင့်ရေးဌာန ဗဟို ရဲ့အဖွဲ့ဝင် အလုပ်သမားရေးရာဌာန (ဗဟို)အဖွဲ့ဝင်

    လူမှုရေး/အမျိုးသားရေးလှုပ်ရှားခဲ့မှုများ(အကျဉ်း)-
    ပါတီအထွေထွေကိစ္စရပ်များအတွက် ရန်ကုန်မြို့တွင် တာဝန်ယူလုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ နိုင်ငံတကာသံရုံးများ၊ အသိပညာရှင်အတတ်ပညာရှင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။မွန်အမျိုးသမီးကို စစ်တပ်မှမတရားကျင့်မှုကို အမှန်တရားဖြစစေရန် ဥက္ကဌကြီးနှင့်အတူ ရန်ကုန်ဘက်ခြမ်းတွင်တာဝန်ယူ အကူအညီပေးခြင်း။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks