Friday, March 13, 2026
More
    spot_img
    Homeသတင်းဇန်နဝါရီလတွင် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်သွားမည်ဟု UPWC ဒုဥက္ကဌ ဦးအောင်မင်းပြော

    ဇန်နဝါရီလတွင် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်သွားမည်ဟု UPWC ဒုဥက္ကဌ ဦးအောင်မင်းပြော

    -

    ဝန်ကြီးဦးအောင်မင်း ရှင်းလင်းပြောကြားစဉ်(MPC)
    ဝန်ကြီးဦးအောင်မင်း ရှင်းလင်းပြောကြားစဉ်(MPC)
    ချစ်မင်းထွန်း – တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)လက်မှတ်ရေးထိုးပြီးပါက နိုင်ငံရေးမူဘောင်ကို ဒီဇင်ဘာလဆန်းပိုင်းတွင် မဖြစ်မနေ အပြီးရေးဆွဲ၍ ဇန်နဝါရီလ၌ နိုင်ငံရေးဆွေးနွေးပွဲ စတင်ပြုလုပ်သွားမည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC

    ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကပြောသည်။

    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA မူချောအဆင့်အထိအတည်ပြုနိုင်ခဲ့ပြီးဖြစ်သည့်အတွက် NCA လက်မှတ်ရေးထိုးပွဲကို လာမည့်အောက်တိုဘာလတွင် ပြုလုပ်သွားရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ နှင့် အစိုးရတို့ သဘောတူညီမှု ရယူထားပြီးဟု စက်တင်ဘာ ၂၀ ရက်နေ့တွင် အရပ်ဖက်လူမှုအဖွဲ့အစည်း CSO များနှင့် MPC တွင်တွေ့ဆုံစဉ် ဝန်ကြီးဦးအောင်မင်းက ဆိုသည်။

    ဦးအောင်မင်းက “NCA ကို အောက်တိုဘာလ ထဲမှာ လက်မှတ်ထိုးမယ်။ဒီတော့ NCA စာချုပ်မှာ ပါတဲ့ သဘောတူညီချက် တွေကို အကောင်အထည်ဖော်ရတော့မှာဖြစ်တယ်။မလုပ်လို့မရဘူး လုပ်ကိုလုပ်ရမှာဖြစ်တဲ့အတွက် နိုင်ငံရေးမူဘောင်ကို ဒီဇင်ဘာလဆန်းပိုင်းမှာ မဖြစ်မနေ အပြီးရေးဆွဲသွားမယ်။ ပြီးရင် ဇန်နဝါရီလထဲမှာ နိုင်ငံ ရေးဆွေးနွေးပွဲတွေ စတင် ကျင်းပနိုင်အောင် လုပ်သွားမယ်”ဟု ပြောသည်။

    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးပြီးပါက ၂၄ နာရီအတွင်း အောက် ခြေတပ်မှူးများကို အသိပေးအကြောင်းကြားရန်၊ ၅ ရက်အတွင်း အောက်ခြေ တပ်မှူးများကို NCA ပါ သဘောတူညီချက်များကို ရှင်းလင်းပြောကြားရန်၊ ၁၄ ရက်အတွင်း အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအစည်းအဝေး(JICM)ခေါ်ရန်၊ ၃၀ ရက်အတွင်း စစ်ဘက်ဆိုင်ရာနှင့်နိုင်ငံရေးဆိုင်ရာ များ ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးမူဘောင် ရေးဆွဲရန်၊ ရက် ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲများ စတင် ကျင်းပရန် စသည့် အချက်များကို သဘောတူညီထားသည်။

    “အမှန်တော့ နိုင်ငံရေးမူဘောင်ဆိုတာ ရက်ပေါင်း ၆၀ တည်းနဲ့ ဘယ်လိုမှ မပြီးနိုင်ဘူး။အနည်းဆုံး ၄ နဲ့ တစ်နှစ်ကြာအောင် ရေးဆွဲရတယ်။ဒါပေမဲ့ ကျွန်တော်တို့ NCA လက်မှတ်ထိုးပြီးရင်တော့ ဒါကို လုပ်ကို လုပ် ပေးရမှာဖြစ်တဲ့အတွက် လွန်ခဲ့တဲ့ ၁ နှစ်လောက်ကတည်းက ကျွန်တော်တို့ နိုင်ငံရေးမူဘောင်ကို ဆွဲလာခဲ့ တာ အခု အနည်းငယ်ဘဲ ကျန်တော့တယ်။ဒီတော့ ဒီဇင်ဘာလဆန်းပိုင်းမှာ နိုင်ငေံ၇းမူဘောင်ရေးဆွဲပြီးနိ်ုင် မယ်လို့ ယုံကြည်ထားပါတယ်”ဟု မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)မှ တွေ့ဆုံညှိနှိုင်းရေးဌာနမှ ဒါရိုက်တာ ဦးအောင်နိုင်ဦးက ပြောသည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်လက်မှတ်ထိုးပွဲအခမ်းအနားပြင်ဆင်ရေးအကြို ညှိနှိုင်းပွဲကို စက်တင်ဘာ ၂၀ ရက်နေ့တွင် MPC တွင်ကျင်းပရန် အစိုးရဘက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ ကို ဖိတ်ခေါ်ထားရာတွင် ့PNLO, ALP, DKBA, SSPP, KNU, NDAA, KNU/KNLA-PC, ABSDF တို့ ၈ ဖွဲ့သာတက်ရောက်ခဲ့သဖြင့် အောက်တိုဘာလ ၃ ရက်နေ့သို့ ရက်ရွှေ့ဆိုင်းကာ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း MPC မှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks