spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းNCA လက်မှတ်ရေးထိုးမည့်ရက်သတ်မှတ်နိုင်ရေး အောက်တိုဘာ ၃ ရက်နေ့တွင် တွေ့ဆုံကြမည်

    NCA လက်မှတ်ရေးထိုးမည့်ရက်သတ်မှတ်နိုင်ရေး အောက်တိုဘာ ၃ ရက်နေ့တွင် တွေ့ဆုံကြမည်

    -

    UPWC နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တွေ့ဆုံဆွေးနွေးစဉ်(MPC)
    UPWC နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တွေ့ဆုံဆွေးနွေးစဉ်(MPC)
    အိုက်စိုင်း – တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) အောက်တိုဘာ ပထမအပတ်ထဲတွင် လက်မှတ်ရေးထိုး သွားရန် အစိုးရနှင့်တိုင်းရင်းသား

    လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ ပမာဏ သဘောတူညီမှုရယူထားပြီး ဖြစ်သော်လည်း အတိအကျ ရက်သတ်မှတ်နိုင်ရေးအတွက် အောက်တိုဘာ ၃ ရက်နေ့တွင် နှစ်ဖက်ကိုယ် စားလှယ်များ တွေ့ဆုံ၍ ဆွေးနွေးဆုံးဖြတ်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    စက်တင်ဘာ ၂၀ ရက်က တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့မှ ကိုယ်စားလှယ်များနှင့်အစိုးရဘက်မှ ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်း အပါအဝင် ဦးခင်ဇော်ဦး၊ MPC မှ အလုပ်အဖွဲ့ဝင်များ မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)တွင် NCA လက်မှတ်ရေးထိုးနိုင်ရေး အကြိုတွေ့ဆုံဆွေးနွေးခဲ့ကြစဉ် အထက်ပါတိုင်း သတ်မှတ်နိုင်ခဲ့ခြင်းဖြစ်သည်။

    မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)မှ ဦးညိုအုန်းမြင့်က “ဒီနေ့က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးမယ့် ရက်ကို သတ်မှတ်ရန် တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရကိုယ်စားလှယ်တွေ အကြိုတွေ့ဆုံဆွေးနွေးခဲ့ကြတယ်။ပမာဏ အနေနဲ့ အောက်တိုဘာ ၃ ရက်နေ့မှာ ပြန်တွေ့ဖို့ သတ်မှတ်ခဲ့ကြတယ်။အဲ့ဒီ ရက်မှာတော့ NCA လက်မှတ် ရေးထိုးမယ့် ရက်ကို တရားဝင် သတ်မှတ်သွားကြမယ် အခုကတော့ နောက်ထပ်တွေ့ဆုံမယ့် ရက်ကို သတ် မှတ်ခဲ့ခြင်းဖြစ်ပါတယ်”ဟု ပြောသည်။

    စက်တင်ဘာ ၂၀ ရက်က NCA ရက်သတ်မှတ်နိုင်ရေး အကြိုတွေ့ဆုံ ညိှနှုိင်းအစည်းအဝေးသို့ တက်ရောက် ရန်အတွက် အစိုးရဘက်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ကို ဖိတ်ကြားခဲ့ရာတွင် ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ဒီမိုကရေစီအကျိုးပြုကရင်တပ်မ တော်(DKBA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မိုင်းလားအဖွဲ ့( N DAA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) စသည့် လက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

    ချင်းအမျိုးသားတပ်ဦး (CNF) ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊နာဂအမျိုးသားဆိုရှယ် လစ်ကောင်စီကပ်ပလန်(NSCN-K)၊စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့မှ ဗဟိုကော်မတီ အစည်းအဝေးများ ပြုလုပ်နေခြင်းကြောင့် အကြိုညိှနိှုင်းအစည်းအဝေးသို့ တက်ရောက်နိုင်ခြင်းမရှိသော် လည်း NCA လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း အကြောင်းကြားစာများပေးပို့လာခဲ့သည် ဟု MPC မှ ဦးညိုအုန်းမြင့်က ပြောသည်။

    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)တွင် ပါဝင်လက်မှတ်ရေးထိုးမည့် အကြောင်းအရာ နှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များကလည်း စက်တင်ဘာ ၂၈ ရက်၊မှ ၃၀ ရက်နေ့ အထိ ချင်းမိုင်မြို့တွင် တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။

    အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲ ပြီးပါက အောက်တိုဘာ ၃ ရက်နေ့တွင် မည်သည့် ရက်တွင် NCA ကို လက်မှတ် ရေးထိုးကြမည်ဆိုသည်ကို အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံ ဆုံးဖြတ်ကြမည်ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks