spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းရွေးကောက်ပွဲကာလအတွင်း နှစ်ဖက်တပ်ဖွဲ့များ သတင်းဖလှယ်ကြရန် RCSS တိုက်တွန်း

    ရွေးကောက်ပွဲကာလအတွင်း နှစ်ဖက်တပ်ဖွဲ့များ သတင်းဖလှယ်ကြရန် RCSS တိုက်တွန်း

    -

    RCSS/SSA တပ်ဖွဲ့ဝင်များ(internet)
    RCSS/SSA တပ်ဖွဲ့ဝင်များ(internet)
    ချစ်မင်းထွန်း – ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့်ကာလအတွင်း တိုက်ပွဲများ မဖြစ်ပွားစေရေးအတွက် အစိုးရနှင့် RCSS နှစ်ဖက် တပ်ဖွဲ့များကြား အပြန်အလှန် သတင်းဖလှယ်ကြရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) က တိုက်တွန်းပြောကြား လိုက်သည်။

    ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလှ က“ ရွေးကောက်ပွဲ ကာလမှာ တိုက်ပွဲတွေ မဖြစ်တာ အကောင်းဆုံးဘဲ၊ တိုက်ပွဲတွေဖြစ်နေရင် ရွေးကောက်ပွဲ လွတ် လပ်ပြီး တရားမျှမှုလည်း ဖြစ်လာဖို့ အခွင့်အလမ်း နည်းသွားပြီ၊ ဒါကြောင့် နှစ်ဖက် တပ်မတော်တွေအနေနဲ့ ဆင်ဆင် ခြင်ခြင် လှုပ်ရှားကြဖို့လိုတယ်၊ အထူးသဖြင့်တော့ အပြန်အလှန် သတင်းဖလှယ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ တစ်ဖက် တပ်မတော်ရှိတဲ့ နေရာကို မှားပြီး ရောက်လာတာဘဲဖြစ်ဖြစ် တမင်လာတာဘဲဖြစ်ဖြစ် သတင်းဖလှယ်မှုမရှိထားရင် နားလည်မှုလွဲပြီး ပစ်ခတ်ကြတော့မယ်၊ ဒါကြောင့် အဓိက သတင်းဖလှယ်ဖို့အရေးကြီးတယ်”ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီနှင့် ဆက်သွယ်မေးမြန်းချက်တွင် ပြောကြားခဲ့သည်။

    ထို့အပြင် နှစ်ဖက် တပ်ဖွဲ့များသည် မိမိ တပ်စခန်းရှိသည့် နေရာဒေသမှ လွဲ၍ တခြားသူ၏ တပ်စခန်းများ ရှိရာသို့ သွားရောက်ခြင်းမပြုလုပ်ကြရန်နှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကိုလည်း လိုက်နာဆောင်ရွက်ကြရန်
    ဗိုလ်မှူးကြီး စိုင်းလှက တိုက်တွန်းပြောဆို လိုက်သည်။

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ကျောက်နှင့် နမ့်ဆန်မြို့နယ်များတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့် အစိုးရတပ်မတော်တို့ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွား လျှက်ရှိပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) နှင့်လည်း ကွန်ဟိန်းမြို့နယ်များအတွင်း တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။

    အလားတူ ကချင်ပြည်နယ်တွင်လည်း ဆွမ်ပရာဘွမ်ဒေသ နှင့် ပူတာအို ဒေသဘက်များတွင် တိုက်ပွဲများ ဖြစ် ပွားနေခြင်းကြောင့် မဲပေးခွင့်ရှိသူများ စာရင်းကို ကောက်ခံနိုင်ခြင်းမရှိသကဲ့သို့ ရွေးကောက်ပွဲ ကျင်းပရန် မသေချာသည့် မဲဆန္ဒနယ်များလည်း ရှိနေကြောင်း ကချင်ပြည်နယ်ဒီမိုကရေစီပါတီ KSDP ဥက္ကဌ ဒေါက်တာတူးဂျာက ပြောသည်။

    ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီး လက်ရှိအချိန်တွင် နိုင်ငံရေးပါတီအသီးသီးတို့သည် မြန်မာနိုင်ငံတစ်ဝှမ်း မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသည်။

    ထို့အတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရကြား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စေဲ၇း စာချုပ် NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လာမည့်အောက်တိုဘာ ပထမအပတ်ထဲ၌ NCA လက်မှတ်ရေးထိုးကြရန် ပဏာမသဘောတူညီမှုရရှိထားပြီးဟု ဆိုသော်လည်း ရက်အတိအကျသတ်မှတ်နိုင်ခြင်းမရှိသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks