ချစ်မင်းထွန်း – တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC ခေါင်းဆောင်များ နှင့် နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ-ကပ်ပလန် NSCN-K ခေါင်းဆောင်များ စက်တင်ဘာ ၁၆ ရက်နေ့တွင် တွေ့ဆုံကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို ့၊မြန်မာငြိမ်းချမ်းရေးစင်တာ MPC ၌ UPWC ခေါင်း ဆောင်များ နှင့် NSCN-K ခေါင်းဆောင်များ တွေ့ဆုံကာ NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခြင်း ရှိ/မရှိ ကိစ္စရပ်များကို ဆွေးနွေးသွားကြမည်ဖြစ်သည်။
မြန်မာငြိမ်းချမ်းရေးစင်တာMPC)မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက “ဗုဒ္ဓဟူးနေ့မှာ NSCN-K က ခေါင်းဆောင်တွေနဲ့ UPWC ဒုဥက္ကဌ ဦးအောင်မင်းတို့ တွေ့ဖို့ရှိတယ်၊ ပြီးရင် သူတို့ NCA လက်မှတ်ရေးထိုးနိုင်ခြင်း ရှိ/မရှိကို ဆွေးနွေးကြမယ်”ဟု ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)ဒုဥက္ကဌ ဦးအောင်မင်းသည် စက်တင် ဘာ ၁၄ ရက် မနက်ပိုင်းက အင်ယားလိတ်ဟိုတယ်တွင် နိုင်ငံရေးပါတီများ အရပ်ဘက်အဖွဲ့အစည်းများ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များ နှင့်တွေ့ဆုံကာ NCA လက်မှတ်ရေးထိုးပြီးပါက ရက်ပေါင်း ၆၀ အတွင်း လုပ်ဆောင်ရမည့် နိုင်ငံရေးမူဘောင်ရေးဆွဲခြင်းကိစ္စကို ဆွေးနွေးခဲ့သည်။
ယင်းနောက် နေ့လယ် ၂ နာရီမှာတော့ မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)တွင် နိုင်ငံရေးပါတီများ နှင့်တွေ့ ဆုံကာ NCA လက်မှတ်ရေးထိုးပြီး လုပ်ဆောင်ရမည် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့သည်။
နောက်တစ်နေ့ စက်တင်ဘာ ၁၅ ရက်နေ့မှာတော့ နိုင်ငံတကာသံတမန်များ နှင့်တွေ့ဆုံကာ NCA လုပ်ငန်း စဉ်များကို ရှင်းလင်းပြောကြားသွားရန်လည်း စီစဉ်ထားကြောင်းသိရသည်။
“ကျွန်တော် နာဂခေါင်းဆောင်တွေနဲ့တွေ့ဖို့ရှိပါတယ်။သူတို့နဲ့တွေ့ပြီးရင် NCA ကိစ္စကို ဆွေးနွေးမယ် သူတို့ လက်မှတ်ရေးထိုးနိုင်လား မရေးထိုးနိ်ုင်ဘူးလာဆိုတာကိုပေါ့၊ ဒါပေမဲ့ သူတို့ လက်မှတ်ရေးထိုးမယ်လို့ ယုံကြည် ပါတယ်” ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီကပ်ပလန်(NSCN-K)သည် သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး နောက် ၂၀၁၁ ခုနှစ် သြဂုတ် ၁၈ ရက်တွင် တစ်နိုင်ငံလုံးသို့ ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့ရာမှ အစိုးရနှင့်ပြည်နယ် အဆင့် ပမာဏ အပစ်အခတ်ရပ်စဲရေး လက်မှတ်ကို ၂၀၁၂ ခုနှစ်၊ ဧပြီ ၉ ရက်နေ့မှာ လက်မှတ်ရေးထိုးထား သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စေဲ၇းစာချုပ် NCA လက်မှတ်ရေးထိုးရန် လက်ရှိ အစိုးရဖိတ်ခေါ် ထားသည့် လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့တွင် ပါဝင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။